ဆိပ်ဖလူး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[File:Flower & flower buds I IMG 2257.jpg|thumb|400px|right|ဆိပ်ဖလူးပန်း]]
 
ဆိပ်ဖလူးပန်းသည် ညအခါတွင် အလွန်မွှေးပျံ့သောကြောင့် Night-flowering Jasmine ဟု အမည်ခေါ်တွင်သည်။
Nyctanthes မျိုးစိတ်ဖြစ်ပြီး အာရှတိုက်တောင်ပိုင်း၊ ပါကစ္စတန်၊နီပေါ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ ဇာတိဖြစ်သည်။
Line ၈ ⟶ ၇:
အပွင့်များသည် ၂ ပွင့်မှ ၇ ပွင့်ထိ အဆုပ်လိုက် ပွင့်သည်။ ညနေစောင်းမှ စတင်ကာနံနက်အရုဏ်တက်ချိန်ထိ တစ်ပွင့်ချင်း အပွင့်များပွင့်သည်။ အသီးသည် ၂စင်တီမီတာရှိသော အသည်းပုံသဏ္ဌာန်ရှိပြီး ပြားချပ်သည့်သဏ္ဌာန်ရှိသလို လုံးဝန်းသည့်သဏ္ဌာန်လည်းရှိသည်။အသီးသည် ၂ ခုတွဲဖြစ်ပြီး တစ်ခုစီတွင် အစေ့တစ်စေ့စီပါရှိသည်။
 
==Coral Jasmine (ဆိပ်ဖလူး)==
* Botany Term : Nyctanthes arbor-tristis Linn
* Species/Family : Oleaceae
ပုံသဏ္ဌာန် : အပင် ပင်ငယ်မျိုးဖြစ်၍ ၁၀-၂၀ ပေထိမြင့်၏ ။ ပင်စည်ခေါင်းပွဖြစ်သည်။ အနံ့မွှေး၏ ။ အခေါက်ကြမ်း၍ အညိုနုရောင်ရှိသည်။ ကိုင်းဖြာသည်။ အကိုင်းရိုးနုစဉ်လေးထောင့် ပုံဖြစ်၍ ရင့်လျှင် လုံး၀ိုင်းသွားသည်။ ရိုးတံနှင့် အရွက်ပေါ်တွင် အမွှေးကြမ်းများ ရှိ၏ ။
အရွက် ရွက်ဆိုင်ထွက်သည်။ ရွက်ရင်းပိုင်းကျယ်၍ ၀ိုင်းပြီး ရွက်ထိပ်သို့ ချွန်သွယ်သွားသည်။ ရွက်နားခွေးသွားစိပ်ကျဲကျဲရှိ၏ ။ ရွက်ကြောထင်ရှား၍ ရွက်ပြားကြမ်းသည်။
အပွင့် အဖြူရောင်ရှိသည်။ ပွင့်ချပ်အနားပတ်လည်နှင့် ပွင့်ချပ် ပြွန် လိမ္မော်ရောင်ရှိသည်။ အနံ့ အလွန်မွှေးကြိုင်သည်။ ပြာသိုလတွင် ပွင့်သည်။ အပွင့်သည် အပင်တွင် တစ်ညသာပွင့်ပြီး ကြွေကျသွားသည်။
အသီး သီးတောင့် ဖြစ်သည်။ ၃/၄ လက်မရှည်သည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အရွက် ၊ အပွင့် ၊ အခေါက်၊ ပဉ္စငါးပါး။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ။ ။ ပန်းမန်အဖြစ် အလှစိုက်ပျိုးကြသည်။
အသုံး၀င်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်းများအလိုအရ အပင် ပဉ္စငါးပါးသည် အေးသောသတ္တိရှိ၏ ။ ၀ဖြိုးစေ၏။ ကိုယ်၀န်ကို ကြီးထွားစေ၏ ။ အပူ ၊ မြင်းသရိုက် ၊ မီးယပ်နာ ၊ ဆံပင်ကျွတ်ရောဂါတို့ကို နိုင်၏။ အရွက်သည် ခါးစပ်၏ ။ သလိပ်ကို ကြေစေ၏ ။ အဖျားကို ပျောက်ကင်းစေနိုင်သည်။ အခေါက်သည် ခါး၏ ။ ချဉ်၏ ။မျက်စိရောဂါ ၊ အဆုတ်ပြွန်ရောင်ခြင်းနှင့် အရေပြားရောဂါတို့ကို ပျောက်ကင်းစေသည်။
အသုံးပြုပုံ-
အရွက်
၁ ။ အရွက်ကို ကြိတ်၍ ရသော အရည်ကို ပျားရည် သို့မဟုတ် သကြားနှင့် ရောစပ်သောက်ပါက သည်းခြေရောဂါ ၊ နာတာရှည်ရောဂါ အဖျား ရောဂါများ ပျောက်ကင်း၏။
၂ ။ ယင်းအရွက်ကြိတ်ရည်တွင် ဆားအနည်းငယ်ခတ်၍ သောက်က သန်များကို ကျစေသည်။
၃ ။ အရွက်ကို ရေနွေးဖြောသောက်ပါက သူငယ်နာအဖျားနှင့် သူငယ်နာရောဂါများ ပျောက်ကင်းစေ၏ ။
၄ ။ အရွက်ကို ကြိတ်၍ လိမ်းသော် ပွေးနာပျောက်၏ ။
၅ ။ အရွက်ကို လတ်ဆတ်သော ချင်းအနည်းငယ်နှင့် ရောစပ်သောက်ပါက ငှက်ဖျားရောဂါ ပျောက်ကင်း၏ ။
၆ ။ ကလေးငယ်များ ၀မ်းသက် ၊ ၀မ်းသွားပါက ၎င်းအရွက်ကို ညှစ်၍ တိုက်ပါက ပျောက်ကင်း၏ ။
၇ ။ အရွက်ကို မီးအနည်းငယ်ဖြင့်ပြုတ်သောက်ပါက တင်ကြောနာသောရောဂါ ပျောက်ကင်း၏ ။ ငရုတ်ကောင်းနှင့် ရော၍ ကြိတ်စားလျှင် မီးယပ်သွေးလွန်ရောဂါပျောက်၏ ။
၈ ။ အရွက်ကို ညှစ်၍ သောက်ပါက မြွေဆိပ်ပြယ်စေသည်။
၉ ။ အရွက်ကို ရေနှင့် ထက်၀က်ခန်းကျို၍ သောက်ပါက ဆီးလွန်ရောဂါ ပျောက်၏ ။
၁၀ ။ အရွက်ကို နွားနို့နှင့်ကြိတ်၍ လိမ်းသော် ယားနာ ပျောက်ကင်း၏ ။
အပွင့်
၁ ။ အပွင့်ကို ပြုတ်၍သောက်ပါက အဆစ်အမျက်ရောင်ရောဂါ ပျောက်ကင်း၏။
အခေါက်
၁ ။ အခေါက်ကို မျက်စိနာရောဂါအတွက် သုံး၏ ။
၂ ။ အခေါက်ကို ကွမ်းယာ၌ ထည့်စားသော် ချောင်းဆိုးပျောက်၏ ။
ပဉ္စငါးပါး
၁ ။ ပဉ္စငါးပါးကို ပြုတ်သောက်လျှင် အဖျဉ်းကြီးလရောဂါပျောက်၏။ <ref>http://arogyamonline.com/commodity/materials/?raw=69</ref>
== ကိုးကား ==
<references/>
[[Category:အပင်]]
[[Category:ရုက္ခဗေဒ]]
[[Category:ဆေးဖက်ဝင် အပင်များ]]
 
 
 
[[bn:শিউলি ফুল]]