ကံ့ကော်ပင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ကံ့ကော်ပန်း မှ​ ကံ့ကော်ပင် သို့​
No edit summary
စာကြောင်း ၄ -
ကံ့ကော်(Gangaw) ၏ [[ရုက္ခဗေဒ]] အမည်မှာ [[Mesua Ferrea]] ဖြစ်သည်။
 
 
==Cobras Saffron (ကံ့ကော်)==
*Botany Term : Mesua ferrea Linn
*Species/Family : Guttiferae
ပုံသဏ္ဌာန် : အပင် အမြဲစိမ်းပင်ကြီးမျိုး ဖြစ်သည်။ ပင်စည်ဖြောင့်မတ်၍ အခေါက် ကြမ်းသည်။ အကိုင်းအခက်များစွာ ဖြာသည်။
အရွက် ရွက်လွှဲထွက်သည်။ ရှည်မျောမျောပုံ ဖြစ်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်း၀ိုင်း သို့မဟုတ် ချွန်သည်။ နုသောအခါ နီ၍ ရင့်သောအခါ စိမ်းလျက် ကျောဘက်၌ အဖြူရောင်အမှုန်ကလေးများ ရှိ၏။ အပေါ်မျက်နှာပြင် ပြောင်လက်၍ ချောမွတ်၏ ။ ရွက်ကြောများနီးကပ်၍ ထင်ရှားသည်။ ရွက်နားညီသည်။ ရွက်ညှာတို၍ ရွက်ပြားမာကြွပ်သည်။
အပွင့် တစ်ပွင့်တည်း သို့မဟုတ် စုပွင့် ၏။ အချင်း ၁ လက်မမှ ၃ လက်မအထိရှိပြီး ပွင့်ဖတ်အဖြူရောင်ရှိသည်။ အလယ်တွင်၀ါ၍ မွှေးသော၀တ်ဆံတို့သည် တစ်စုတစေ်၀းတည်း လုံးထွေးနေ၏ ။ တပို့တွဲမှ တန်ခူးလအတွင်း ပွင့်သည်။
အသီး အနည်းငယ် ထိပ်ချွန်၍ လုံး၀ိုင်းသည်။ အရွယ်အစား အမျိုးမျိုးရှိသည်။ အခြေကို တည်မြဲနေသော ပွင့်ဖတ်ဖြင့် ၀န်းရံထားသည်။ ကဆုန်နှင့် နယုန်လတွင် သီးသည်။
အစေ့ ၁ မှ ၄ စေ့ထိ ပါရှိသည် ။ အညိုရောင်ရှိ၍ ချောမွတ်သည်။ အစေ့ခွံ မာကျောသည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အပွင့် ၊ ၀တ်ဆံ ၊ အစေ့ ၊ အမြစ် ၊ အခေါက် နှင့်် အဆီ။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြား တွင်တွေ့ရသည်။ အထူးသဖြင့် တနင်္သာရီတိုင်းတွင် တွေ့နိုင်သည်။
ပေါက်ရောက်ပုံ။ ။ သဘာ၀အလျောက် ပေါက်ရောက်သည်။ အမြဲစိမ်းလန်းသော သစ်တောများတွင် အမြင့်ပေ ၃၅၀၀ အထိ ပေါက်ရောက်၏ ။ ဥယျာဉ်ခြံများတွင်လည်း အလှအပ စိုက်ပျိုးကြသည်။
အသုံး၀င်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်း များအလိုအရ အစာကို ကြေစေသည်။ အရောင်အဆင်း ကို ဖြစ်စေသည်။ သွေး ဖောက်ပြန်ခြင်း ၊ နှလုံးနာကျင်ခြင်း ၊ အဆိပ်သင့်ခြင်း ၊ ဆီးအိမ်နာကျင်ကိုက်ခဲခြင်း ၊ ရောင်ရမ်းခြင်းတို့ကို ပျောက်စေ၍ အားကြွစေသည်။
အသုံးပြုပုံ-
အပွင့်
၁ ။ အပွင့်များကို ထောပတ် ၊ သကြား ရောစပ်၍ ကြိတ်ပြီး စားပါက ပူလောင်ခြင်း နှင့်ဒူလာသွေးကျရောဂါ ပျောက်ကင်း၏။
၂ ။ အဆိပ်ကို ပြယ်စေသဖြင့် အဆိပ်သင့်သော ရောဂါကုဆေးများ၌ ထည့်သွင်းသုံး၏ ။
၃ ။ အပွင့်ခြောက်များကို အစာအိမ်မကောင်းခြင်း ၊ ချွေးထွက်လွန်ခြင်း ၊ ချောင်းဆိုး ၊သလိပ်များ ခြင်း စသော ရောဂါများအတွက် အသုံးပြုသည်။
၀တ်ဆံ
၁ ။ ကံ့ကော်၀တ်ဆံကို အလွန်ပြင်းသော အဖျား ၊ဦးခေါင်း သို့ သွေး၀င်သောအနာ ၊ မီးယပ်သွေးလျှံသောအနာ၊ ထိတ်လန့်ရူးသွပ်သော အနာတို့ကို ကုသသော ဆေးဖော်စပ်ရာ၌ သုံးသည်။
၂ ။ သကြားခဲနှင့် ကံ့ကော်၀တ်ဆံ ရောကြိတ်၍ ဆီဦးနှင့် တေပြီးသုံးဆောင်ပါက ခြေပူခြေကွဲ ၊ ဒူလာသွေးကျရောဂါ ပျောက်၏။
၃ ။ မီးယပ်သွေးဆေးဖော်စပ်ရာတွင်လည်း ထည့်သွင်း အသုံးပြု၏ ။
၄ ။ အရေပြားပေါ်တွင်ပေါက်သော အပူဖုများ၊ ယားနာများကို သနပ်ခါးနှင့် ကြိတ်၍ သွေးလိမ်းပါက အနာများကို ပျောက်၏ ။
အမြစ်နှင့် အခေါက်
၁ ။အမြစ်နှင့် အခေါက်ကို အားဆေးအဖြစ် အသုံးပြု၏။
အစေ့ဆီ
၁ ။ အစေ့မှရသော အဆီကို အဆစ်အမျက်ရောင် ရောဂါ၊ ဝဲ ၊ ယားနာ စသောရောဂါများ ပျောက်ကင်း စေရန် လိမ်းဆေးအဖြစ် အသုံးပြု၏ ။
၂ ။ အနာများ ပုပ်ညှီက ၎င်းအဆီကို လိမ်းပေးရ၏ ။ <ref>http://arogyamonline.com/commodity/materials/?raw=60</ref>
 
== ကိုးကား ==
<references/>
[[Category:အပင်]]
[[Category:ရုက္ခဗေဒ]]
[[Category:ဆေးဖက်ဝင် အပင်များ]]
[[Category:သစ်]]
[[Category:မြန်မာ့သစ်]]
[[Category:သစ်တောရေးရာ ဝန်ကြီးဌာန]]
[[Category:ပန်း]]
 
[[Category:အပင်]]
 
[[en:Mesua ferrea]]