ဗန်းစကား: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary |
||
စာကြောင်း ၆ -
ဗန်းစကားကို ပစ်ထားလို့လည်းမဖြစ်၊ အလွန်အကျွံသုံးလို့လည်းမဖြစ်သည့်သဘော။
ဗန်းစကားသည် များသောအားဖြင့် သဘင်သည်တို့ပြောဆိုသုံးစွဲသော စကားတစ်မျိုးဖြစ်သည်။ သဘင်သည်တို့သာ ပြောဆိုသုံးစွဲသောကြောင့်လည်း ဗန်းစကားဟု တွင်နေဟန်တူသည်။ ယခုအခါတွင် သဘင်သည်လောကနှင့် ကားသမားလောကတွင် များအားဖြင့် အသုံးပြုပြောဆိုလျက်ရှိသည်။ စာပေသုံးမဟုတ်သော အရပ်စကားကို လူအများနားလည်နိုင်မည် ဖြစ်သော်လည်း
ဗန်းစကားကိုမူကား လူတိုင်းနားလည်နိုင်ရန် ခဲယဉ်သည်။ သို့တစေ ဗန်းစကားသည် ရပ်စကားမှ ပေါက်ဖွားကြီးထွားလာရသည်ဟု ဆိုရမည်ဖြစ်သည်။ အကယ်၍ ဗန်းစကားတစ်လုံးသည် အသုံးတွင်ကျယ်လာကာ စာပေသုံး ဝေါဟာရ ဖြစ်သွားလျှင်မူကား ဗန်းစကားဟု မခေါ်နိုင်တော့ချေ။ ဗန်းစကားသည် မည်သည့်ဘာသာ စကားရပ်၌မဆို ရှိကြစမြဲဖြစ်သည်။
ယခုခေတ်လူများပြောဆိုနေကြသည့် အသုံးမကျ အရာမဝင်သူ ဟု အဓိပ္ပာယ်ရသော ဖွဲ ကိုလည်းကောင်း၊ လွန်ချောသည် ဟု အဓိပ္ပာယ်ရသော ရက်စက်သည် ကိုလည်းကောင်း၊ ကားသမား လော ကတွင် ပြောဆိုနေကြသည့် ပိုက်ဆံမရသည့်သူ၊ တန်ဖိုးမရှိသည့်သူ ဟု အဓိပ္ပာယ်ရသော ခဲပဲစေ့ ကို လည်းကောင်း လူတိုင်းနားလည်ကြမည် မဟုတ်ချေ။ ထိုနည်းတူစွာ မန္တလေးဘက်တွင် ပြောဆိုနေသော ကာတစ် ( မိန်းမတင်ပါးဆုံ )နှင့် ဝါဟစ် ( မိန်းမရင်သား ) စသည်တို့ကို အောက်ပြည်အောက်ရွာတွင် နေထိုင်ကြ သူများ နားလည်သူနည်းသည်။
လက်ဖက်ရည်ဆိုင်တွင် နောင်ဂျိန် ဟု ပြောလျှင် ရေနွေးကြမ်း၊ လက်ဖက် ရည်ကြမ်း ဟု နားလည်သည်။ ဘောလုံးပွဲတွင် ပင်မှည့် ဟုပြောလျှင် သူနပြုသမားဟု နားလည်သည်။ ယင်းသို့အားဖြင့် ဗန်းစကားကို သူ့အသိုက်ဝန်းနှင့် သူသာ နားလည်သည်။ အသိုက်အဝန်း ပြင်ပမှ ပုဂ္ဂိုလ်များ မသိစေလိုသော စကားလုံးများကို ဗန်းစကားဖြင့် ပြောလေ့ရှိသည်။ ထိုအခါ ဗန်းစကားသည် လျှို့ဝှက် စကားသဘောသို့သက်ရောက်သွားသည်။
ဗန်းစကားကို များသောအားဖြင့် စာသင်ကျောင်းများ၊ ရုံးများ စသည်တို့က စတင်ထွင်တတ်ကြောင်း သိရသည်။ တောင်ပန်နီ ( ဓားပြဂိုဏ်းကြီး )၊ မြွေပွေး ( သတ္တိရှိသောဓားပြ )၊ ဇိတ် ( သွေးကြောင်သူ )၊ အာကာ (အောက်စောင့်)၊ ဗျောက်၊ အတို ( ခြောက်လုံးပူးသေနတ် )၊ နာနတ်သီး ( လက်ပစ်ဗုံး ) စသည်တို့သည် ရဲအဖွဲ့ကြီးက ထွင်သော ဗန်းစကားအချို့ဖြစ်သည်။ ထိုနည်းတူစွာ ပြည်တွင်းရေကြောင်းသယ်ယူ ပို့ဆောင်ရေးဌာန၊ မီးရထားဌာန စသောလုပ်ငန်းဌာနကြီးများကလည်း ဗဘန်းစကားများကို ထွင်ကြမည်သာ ဖြစ်၏။ ယင်းကဲ့သို့ထွင်ကြရာ၌ အကြောင်းယုတ္တိတန်သည် မတန်သည်၊ ဆီလျော်သည် မဆီလျော်သည်မှာ ပဓာနမဟုတ်။ သက်ဆိုင်ရာ အသိုက်အဝန်းတွင်းရှိ လူအများက နားလည် လက်ခံသုံးစွဲခြင်းသည်သာလျှင် ပဓာနဖြစ်သည်။
ဗန်းစကားတွင် ပြောင်လှောင် သရော်လိုဟန်
ပုံစံများမှာ ရှူးတေ့-ဆီးသွားသည်။ ဟားငနဲ-လူပြက်။ ဆိတ်လစိ-ဖြောင့်ချက်ပေးသူ ဟူသော စကားမျိုးများ ဖြစ်သည်။ စိတ်ဆိုး စိတ်ကောက်သည် ကိုပင် အဘိဓမ္မာဆံဆံ
စေတသိက်ယိုင်သည် ဟု သုံးစွဲနေကြသည်။ ဆော့သည် ကို ဈာန်ပျံသည် ဟု မအပ်မရာ ချဲ့ကားထားသည်ကို တွေ့ရသည်။▼
▲စေတသိက်ယိုင်သည် ဟု သုံးစွဲနေကြသည်။ ဆော့သည်
ဗန်းစကားတွင် ပါဝင်သော စကားလုံးတို့သည် နာမ်သာများ၍ ကြိယာ အလွန်နည်းသည်။ ထိုပြင် ဗန်းစကားဖြင့် ဝါကျ တစ်ပုဒ်ဖြစ်အောင် မဖွဲ့နိုင်။ သာမန်မစကားတွင် ည|ပ်၍ ပြောမှ ဝါကျတစ်ပုဒ်ဖြစ်သည်။ ဗန်းစကားတွင် မွန်စကားလုံး နည်းငယ် တွေ့ရသည်။ ( မွန်၊ က-ငါး။ မွန်၊ ဇဗလု-ကွမ်းသီး။ ပုင်- ထမင်း။ ) သို့သော် ဗန်းစကား အားလုံးသည် မွန်ဘာသာ စကားမှ
ဆင်းသက်လာသည်ဟု မဆိုနိုင်ပေ။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)</ref>
|