စန္ဒရား: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃ -
ယခု​ခေတ် ကမ္ဘာ့​နိုင်ငံ​အသီး​သီး​ရှိ ဂီ​တ တူရိယာ​များ​တွင် စန္ဒ​ရား​သည် လူ​ကြိုက်​အများ​ဆုံး​နှင့် အရေး​အပါ​ဆုံး​သော ကြိုးတပ်​တူရိယာ​တစ်​ခု​ဖြစ်​ပေ​သည်။ ကြိုး​တပ်​တူရိယာ​ဟု​ပင် ဆို
သော်​လည်း၊ စန္ဒ​ရား​မှာ အခြား​သော​ကြိုး​တပ်​တူရိယာ​များ​ကဲ့သို့ မဟုတ်​ဘဲ၊ ခလုတ်​နှိပ်​ယန္တရား​တပ်​ဆင်​၍ တီး​ရ​သော​ကြောင့် လက်ချောင်း တစ်​ချောင်း​လျှင် အသံ​တစ်​သံ နှိပ်​လေ​ရာ၊ လက်
ဆယ်​ချောင်း​ဖြင့် ဆယ်​သံပြိုင်​အထိ တစ်​ကြိမ်​တည်း တီး​နိုင် သော တူရိယာ​ဖြစ်​သည်။ [[ပတ္တ​လား]]၊ [[စောင်းကောက်|စောင်း]]၊ [[ဒုံမင်း]] စ​သည့် အသံ​စဉ် တူရိယာ​များ​မှာ စန္ဒ​ရား အသံ​စဉ်​နှင့်​တူ​ကြသော်​လည်း၊ လက်​တစ်ဖက်​မှ တစ်​ကြိမ်​လျှင် တစ်​သံ​သာ တီး​ခတ်​နိုင်​သော ကြောင့် စန္ဒ​ရား​ကဲ့သို့ သံပြိုင်​တွဲ​များပြား​ကျယ်ဝန်း​စွာ မ​ရ​ချေ။
[[File:Broadwood grand square action.svg|thumb|150px|ဘော့​ဝု လေးထောင့် စန္ဒ​ရား​၏ လှုပ်ရှား​မှု​သဏ္ဍာန်]]