ရှင်အရဟံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၁ -
[[File:shin arahan.jpg|thumb| ပုဂံအာနန္ဒဘုရား အတွင်းရှိ ရှင်အရဟံ၏ပုံ ဆင်းတု]]
ရှင်အရဟံ ဟုဆိုလျှင် [[မြန်မာနိုင်ငံ]] သာသနာရေးတွင် အရေးပါသည့် ပုဂ္ဂိုလ် အဖြစ်သိကြပေမည်။ [[ပုဂံ]]တွင်အရည်းကြီးတို့ကြီးစိုးနေသည့်အတွက် အတုအယောင် ဘာသာရေးကို စစ်မှန်သည့် [[ထေရဝါဒ ဗုဒ္ဓသာသနာ]] ဖြင့်ပုဂံပြည်သူတို့ကို လမ်းမှန်ရောက်စေခဲ့သူလည်းဖြစ်သည်။ အရည်းကြီးတို့၏ မှားယွင်းယုတ်ညံ့သည့် လုပ်နည်းကိုင်နည်းများကို အဆုံးသတ်စေလိုသော [[အနော်ရထာ]]နှင့် အောက်မြန်မာနိုင်ငံ မွန်ဒေသတွင် ကာလကြာရှည်ကတည်းက ပွင့်လင်းနေခဲ့ ဗုဒ္ဓဘာသာကို အထက် ပုဂံသို့ ပြန့်ပွားစေရန် သာသနာပြုလာသည့် ရှင်အရဟံ တို့ဆုံစည်းပြီးနောက် မြန်မာ့ ကိုးကွယ်ယုံကြည်မှု သမိုင်းတွင် ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကိုဖြစ်စေခဲ့သည်။မည်သည့် ကာလနေ့ရက်က မွေးဖွားခဲ့သည်ဟုမသိရသော် လည်း မွန်လူမျိုး ရှင်အရဟံသည် သာသနာပြုရန် ရည်မှန်းချက်ဖြင့် မိမိမွေးရပ်ဒေသမှ ဝေးကွာလှသည့် ပုဂံသို့ကြွရောက်လာပြီးနောက်ဆုံး ပုဂံပြည်၌ပင်နေထိုင် ပျံလွန်တော်မူသွားခဲ့သည်။
 
==အရဟံ၊ ရှင်==
အရိမဒ္ဒန ပုဂံပြည်ကြီး၌ သာသနာတော် နေဝန်းကို စတင်
ထွန်းလင်း တောက်ပစေတော်မူခဲ့သော ဓမ္မဒဿီဘွဲ့ခံ
ရှင်အရဟံမထေရ်မြတ်၏ ရာဇဝင်လာအကြောင်းကား
ဤသို့တည်း။
 
သုနာပရန္ထတိုင်း၊ တမ္ပဒီပတိုင်းတို့တွင် သာသနာတော်
မထွန်းလင်းသေးချေ။ ဘုရားဗျာဒိတ်ထားတော်မူခဲ့သည့်အတိုင်း
ထွန်းလင်းစေအံ့ဟု ရဟန္တာအရှင်မြတ်တို့ ကြံကြပြီးလျှင်
[[သိကြားမင်း]]ထံသွား၍ သာသနာပြုနိုင် မည့်သူကို ညီညာ
တောင်းပန်ပါ ဆိုကုန်၏။ သိကြားမင်းလည်း တာဝတိံသာ၌
ရှိနေသော နတ်သားတစ်ယောက်ကို တောင်းပန်၍ ပုဏ္ဏေးမ
ဝမ်း၌ သန္ဓေနေလာစေ၏။ နေ့လစေ့၍ ဖွားသည်ရှိသော်
သီလဗုဒ္ဓိ အမည်ရှိသော ရဟန္တာမြတ်သည် စောင့်ကြပ်မစ၍
အရွယ်ရောက်လျှင် ရဟန်းပြု၏။ ပိဋကတ်ကျမ်းဂန် တတ်
မြောက်၍ ရဟန္တအဖြစ်သို့ရောက်လျှင် အရဟံဟူသော အမည်
ဖြင့် ဇမ္ဗူဒိပ်မြေပြင်အလုံး ကျော်စော ထင်ရှားလေ၏။
ထိုရဟန်းသည် သုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း၌သာ
သာသနာတော် မတည်ချေသေးဟူ၍ [[အနိရုဒ္ဓ‎|အနော်ရထာ မင်းစော]]
လက်ထက် သထုံပြည်မှ ပုဂါရာမသို့ ကြွတော်မူလာ၍ ပြည်နှင့်
မနီးမဝေးသော တောအုပ်တစ်ခု၌ နေတော်မူ၏။ သိကြားမင်း
သည် မုဆိုးတစ်ယောက်ကို လှည့်ပတ်၍ ရှင်အရဟံကို မြင်စေ
သော် နှစ်သက်ကြည်ညိုဖွယ်သော ဣန္ဒြေရှိသည်ဖြစ်၍ ဤလူ
ကား လူထူးလူမြတ် ဖြစ်ရာသည်။ ပြည်သို့ဆောင်၍ မင်းအား
ဆက်မည်ဟု ဆောင်လေ၏။ ရှင်အရဟံလည်း [[ပရိက္ခရာရှစ်ပါး]]
ကို ယူလျက် လိုက်တော်မူ၏။ မုဆိုးလည်း တော်အုပ်တစ်ခု၌
ဤသူကိုတွေ့၍ ဆောင်ခဲ့သည်ဟု လျှောက်လျှင် မြတ်သော
ဣန္ဒြေနှင့် ပြည်စုံသောအဖြစ်ကို အနော်ရထာမင်းစောမြင်၍
ဤသူကား သူယုတ်မဟုတ်၊ မြတ်သောသူတည်း။ ဤသူ
ကိုယ်တွင်း၌ မြတ်သော တရားရှိသည်ဖြစ်ရာဟူ၍ ကြံစည်
ဆင်ခြင်တော်မူ၏။ သဘောကို စုံစမ်းလိုသဖြင့် လျောက်ပတ်
သောနေရာ၌ နေတော်မူဟုဆိုသော် အရှင်အရဟံသည် ရာဇ
ပလ္လင်သို့တက်၍ နေတော်မူ၏။ မင်းကြီးလည်း ဤသူကား
နေရာကြီးကျယ်သည်၊ မြတ်သောမူမှန်ပြီဟု ဆင်ခြင်
စဉ်းစားပြီးလျှင် ဤသို့ မေးတော်မူ၏။
 
''ငါ့ရှင်ကား အဘယ်သူ၏ အမျိုးအနွယ် ဖြစ်တော်မူ
သနည်း၊ အဘယ်အရပ်မှ ကြွလာတော်မူသနည်း၊ အဘယ်သူ
၏ အဆုံးအမကို ခံတော်မူသနည်း''ဟု မေးတော်မူသော်
အရှင်အရဟံလည်း ''ငါ၏ အမျိုးအနွယ်သည်ကား ဂုဏ်
တော်ကိုးပါး၊ ဘုန်းတော်ခြောက်ပါး၊ အစိန္တေယျလေးပါးနှင့်
ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားအမျိုးအနွယ်တည်း။
သမ္မာသမ္ဗုဒ္ဓ အမည်တော်ရှိသော ဘုရားသခင်သည် ဟောကြား
တော်မူအပ်သော နူးညံ့သိမ်မွေ့ ခက်ခဲနက်နဲလှသော အာဏာ
ဒေသနာတော်မှလာသော အဆုံးအမကို ခံသည်။ ငါ၏ ဆရာ
ဥပဇ္ဈာယ် အပေါင်းအဖော် သံဃာရှိရာ နေရာအရပ်မှ လာခဲ့
သည်''ဟူ၍ မိန့်တော်မူ၏။
 
မင်းကြီးလည်း အားရနှစ်သက် ဝမ်းမြောက်ဝမ်းသာရှိ၍
ငါ့ရှင်ဆရာ ဘုရားသခင် ဟောကြားတော်မူအပ်သော တရား
တော်ကို တစ်စိတ်တစ်ဒေသမျှ ငါ့အား ဟောကြေားတော်မူပါဟု
တောင်းပန်လေလျှင် သီရိဓမ္မသောက မင်းကြီးအား နိဂြောဓ
သာမဏေ ဟောတော်မူအပ်သော ''အပ္ပမာဒ''အစရှိသော
တရားတို့ကို ဟောတော်မူသည်။ တရားဟောတော်မူသောအဆုံး
၌ မင်းကြီးသည် ဤသို့ လျှောက်ပြန်၏။ ငါ့ရှင် သမ္မာသမ္ဗုဒ္ဓ
ဘုရားကား ယခု အတီအရပ်မှာ ရှိတော်မူသနည်း။ ဘုရားသခင်
ဟောတော်မူအပ်သော တရားတော်ကား အတီမျှ အရေအတွက်
ရှိပါသနည်း။ ဘုရားသခင် တပည့်သားတော်ကား ငါ့ရှင်မှ
တစ်ပါး အခြားရှိသေးသလော၊ မရှိလောဟုလျှောက်သော် သမ္မာ
သမ္ဗုဒ္ဓဘုရား နိဗ္ဗာန်လားတော်မူကြောင်းကိုလည်းကောင်း၊
ဓာတ်တော် မွေတော်သာ ယခုရှိကြောင်းကိုလည်းကောင်း၊
တရားတော်သည် ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် အရေ
အတွက်ရှိကြောင်းကိုလည်းကောင်း သထုံပြည်ဝယ် ပိဋကတ်
သုံးပုံ အစုံသုံးဆယ်ရှိကြောင်းကို လည်းကောင်း၊ မိမိမှတစ်ပါး
ပရမတ္ထသံဃာ၊ သမုတိသံဃာ များစွာရှိကိုလည်းကောင်း မိန့်
တော်မူ၏။
 
ထိုစကားကို အနော်ရထာမင်းစော ကြားတော်မူသော်
အတိုင်းအထက်အလွန် သဒ္ဓါခြင်း ပြင်းစွာဖြစ်၍ ဤသို့
လျှောက်ပြန်၏။ ကျွန်ုပ်အား ယခုမျက်မှောက်၌ အရှင်မှတစ်ပါး
အခြားကိုးကွယ်ရာမရှိ။ ယနေ့မှစ၍ ကျွန်ုပ်၏အသက်ကို အရှင်
အား ဆောက်နှင်းတော့သည်။ အရှင်အဆုံးအမကိုလည်း
အကျွန်ုပ် ခံတော့သည် ဟူ၍ လျှောက်ပြီးလျှင် အရညကင်
ရသော အရပ်၌ သာယာလှစွာသော ကျောင်းဆောက်လုပ်
လှူဒါန်း၏။ [[အရည်းကြီး|အရည်း]]တို့ အယူကိုလည်း ပယ်တော်မူ၏။
အရည်းတို့သည် လာဘ်သပ်ပကာမှ လျော့ကုန်သည်ဖြစ်၍
ရှင်အရဟံကို ရန်ငြိုးကြီးစွာ ထားကြကုန်၏။ မင်းကြီးလည်း
ထိုအကြောင်းကို ဆင်ခြင်မိ၍ စိုးရိမ်တော်မူသဖြင့် အရည်းကြီး
တို့ကို နိုင်လောက်အောင် အစောင့်အနေ ခန့်ထားစောင့်စေရ၏။
အရည်ကြီးသုံးကျိပ်နှင့်တကွ တပည့်လက်သား ခြောက်သောင်း
တို့ကိုလည်း လူဝတ်လဲစေ၍ အဲးမောင်းကိုင်၊ လှံကိုင်၊ ဆင်ချေး
ကျုံး၊ မြင်းချေးကျုံး ထည့်တော်မူလေ၏။
 
 
 
ရှင်အရဟံလည်း သာသနာတော်၌ ကြည်ညိုကုန်သော
သူတို့ကို ရဟန်းပဉ္စင်းပြုတော်မူ၍ သာသနာတော်မြတ် သန့်ရှင်း
ထွန်းလင်းစေ၏။ ရှင်အရဟံ၏ မိန့်တော်မူချက်အတိုင်း
အနော်ရထာမင်းစောသည် သထုံမှ ပိဋကတ်တော်များကို ယူ
ဆောင်ပြီးလျှင် သာသနာပြုတော်မူသည်။ ထိုအချိန်မှစ၍ ပုဂံ
ပြည်၏ ဗုဒ္ဓသာသနာတော်သည် အလွန် ထွန်းလင်း တောက်ပ
လာလေသည်။
 
ရှင်အရဟံသည် သက်တော် ၈၁ နှစ်အထိ အနော်ရထာမင်း၊
[[ကျန်စစ်သား|ကျန်စစ်သားမင်း]]၊ [[အလောင်းစည်သူ|အလောင်းစည်သူမင်း ]]နန်းစံ နှစ်နှစ်တိုင်
အောင် ထင်ရှားသော မင်းသုံးဆက်တို့ လက်ထက်ဝယ်
သာသနာပြုစု ပျိုးထောင်ခဲ့လေသည်။
 
 
 
{{ပုဂံခေတ်}}