ဘဟန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၄ -
* The University English Myanmar Dictionary ကျမ်းပြုသူ
* [[ဒေါက်တာဘမော်]]နှင့် ညီအစ်ကို
မြန်မာ စာပေ လောကတွင် ယနေ့တိုင် အပြည့်စုံဆုံး၊ အခိုင်မာဆုံး၊ အကောင်းဆုံးဟု သတ်မှတ်နိုင်၍ ပညာရှင် သုတေသီများ ကိုယ်တိုင် အားကို အားထား အသုံးပြု နေရသည့် အင်္ဂလိပ် - မြန်မာ အဘိဓာန်မှာ ဒေါက်တာ ဘဟန် ပြုစုသော တက္ကသိုလ် အင်္ဂလိပ် - မြန်မာ အဘိဓာန် (The University English - Burmese Dictionary) ဖြစ်သည်။ ဤ အဘိဓာန်ကြီးတွင်[[အဘိဓာန်]]ကြီးတွင် ဝေါဟာရပေါင်း ငါးသောင်းခွဲကျော် ပါဝင်၍ စာမျက်နှာပေါင်း ၂၂၉၂ ရှိသည်။ စာအုပ် အရွယ် ၁၀.၅'' ၉" ရှိ၍ အပိုင်း ၁ဝ ပိုင်းခွဲကာ ဟံသာဝတီ ပုံနှိပ်တိုက်မှ ၁၉၅၁ - ၁၉၆၆ တွင် ပထမ အကြိမ် ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် အပိုင်း ၁ဝ ပိုင်းကို စုစည်း၍ သုံးတွဲ အဖြစ် ဒုတိယ အကြိမ် ပုံနှိပ် ထုတ်ဝေ ပါသည်။
 
ထူးခြားသည်မှာ ဤမှျ ပြည့်စုံ ခိုင်မာ လှသော အင်္ဂလိပ် - မြန်မာ အဘိဓာန် ကျမ်းကြီးကို ဒေါက်တာ ဘဟန်သည် အသက် ၆ဝ ကျော်လွန်မှ တဦးတည်း ပြုစု နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ဒေါက်တာ ဘဟန်သည် အဘိဓာန် လုပ်ငန်းကို ၁၉၅၁ ခုနှစ်တွင် စတင်၍ ၁၉၆၆ ခုနှစ် ကျမှသာ လုပ်ငန်း လက်စ သတ်နိုင် ခဲ့သည်။
ဒေါက်တာ ဘဟန်၏ အဘိဓာန် မထွက်ပေါ်မီ မြန်မာ စာပေ လောကတွင် အသုံးပြု နေသည့် ဆရာ ယုဒသန် (Dr. Judson) ၏ အင်္ဂလိပ် - မြန်မာ အဘိဓာန်နှင့် ဦးထွန်းငြိမ်း၏ ကျောင်းသားသုံး အင်္ဂလိပ် - မြန်မာ အဘိဓာန် ကျမ်းများမှာ အလွန် ချီးမွမ်းဖွယ် ကောင်းသော်လည်း ခေတ်နောက်ကျ နေပြီဟု ဆိုနိုင်ပါသည်။ ယုဒသန်၏ အဘိဓာန်မှာ ပထမ အကြိမ် အဖြစ် ၁၈၄၉ ခုနှစ်က ထုတ်ဝေခဲ့၍ နှစ်ပေါင်း တရာ ကျော်ခဲ့ပြီ ဖြစ်သည်။ ဦးထွန်းငြိမ်း၏ အဘိဓာန် သည်လည်း ပထမ အကြိမ် အဖြစ် ၁၉၀၆ ခုနှစ်က ထုတ်ဝေခဲ့ရာ နှစ်ပေါင်း ငါးဆယ် ကျော်ပြီ ဖြစ်သည်။
 
တက္ကသိုလ် အင်္ဂလိပ် - မြန်မာ အဘိဓာန်ကြီး ပြုစုချိန်တွင် ဒေါက်တာ ဟန်သည် ရန်ကုန် တက္ကသိုလ် ဥပဒေ မဟာ ဌာနမှူးနှင့် ဂုဏ်ထူးဆောင် ဥပဒေ ပါမောက္ခ ရာထူးမှ အငြိမ်းစား ယူပြီးစ ဖြစ်သည်။ လူ့သက်တမ်းဖြင့် တွက်လှျင်တွက်လျှင် ဘဝ တသက်တာ ပညာဆည်းပူး လေ့လာမှု ပြီးစီး၍ ပညာရည် အပြည်ဝဆုံးချိန်ဟု ဆိုနိုင်ပါသည်။ ဒေါက်တာ ဘဟန်သည် အသက် ၂၅ နှစ် အရွယ်ကပင် အိနိ္ဒယပြည် ကာလကတ္တား တက္ကသိုလ်မှ (M.A.) မဟာ ဝိဇာဘွဲ့ကို အင်္ဂလိပ် စာပေဖြင့် ရရှိခဲ့သည်။ အသက် ၃၅ နှစ် အရွယ်တွင် အင်္ဂလန်ပြည် ကိန်းဘရစ် တက္ကသိုလ်၌ ပညာ သင်ကြားခွင့် ရခဲ့သည်။ ထို့နောက် လင်ကွန်းအင်း ဥပဒေ ကျောင်းမှ ဘားအက်လေးဘွဲ့၊ ဂျာမနီနိုင်ငံ ဖရိုင်းဘတ် တက္ကသိုလ်မှ ဒေါက်တာဘွဲ့၊ ပြင်သစ်နိုင်ငံ ဘောဒိုး တက္ကသိုလ်မှ စာပေ ပါရဂူဘွဲ့များ ရရှိခဲ့သည်။ အသက် ၅၇ နှစ် အရွယ်တွင် ရန်ကုန် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဥပဒေ ပါရဂူဘွဲ့ ထပ်မံ ချီးမြှင့်ခြင်း ခံရသည်။
 
ဤ ပညာရေး ပါရဂူဘွဲ့ ဒီဂရီများသည် ဒေါက်တာ ဘဟန်၏ ပညာရည် အဆင့်အတန်းကို ဖော်ပြ နေပါသည်။ ထို့ထက် အရေး ပါသည်မှာ အသက် ၁၉ နှစ် အရွယ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင်ပြီးနောက် ဦးထွန်းငြိမ်း၏ လက်အောက်တွင် အစိုးရ လက်ထောက် စာတော်ပြန် လုပ်ကို်င်ခွင့် ရခဲ့ခြင်းနှင့် ဦးထွန်းငြိမ်း၏ အင်္ဂလိပ် - မြန်မာ အဘိဓာန်ကျမ်းကြီး ဒုတိယ အကြိမ် ပုံနှိပ် ထုတ်ဝေနိုင်ရေး အတွက် ပြင်ဆင် တည်းဖြတ်ခွင့် ရခဲ့ခြင်းပင် ဖြစ်သည်။ ထိုအချိန်က ဒေါက်တာဘဟန်မှာ အသက် ၂၅ နှစ် အရွယ်မှျသာ ရှိသေးသည်။ ဤသို့ အဘိဓာန်ကျမ်းပြု ဦးထွန်းငြိမ်း၏ လက်အောက်တွင် ဘာသာပြန် အတွေ့အကြုံနှင့် အဘိဓာန် လုပ်ငန်း အတွေ့အကြုံများ လက်တွေ့ ဆည်းပူး ခဲ့ရခြင်းသည် ဒေါက်တာ ဘဟန် အတွက် တက္ကသိုလ် အင်္ဂလိပ် - မြန်မာ အဘိဓာန်ကြီး ပြုစုရေးတွင် များစွာ အထောက်အပံ့ ဖြစ်လာပါသည်။
"https://my.wikipedia.org/wiki/ဘဟန်" မှ ရယူရန်