စဝ်စံထွန်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး adding pic |
No edit summary |
||
စာကြောင်း ၁ -
{| border="0" cellpadding="2" style="margin:7px;width: 24em; font-size: 90%; text-align: left; float:right; border:1px solid #5BBFF4; background-color:#D8F3FE;"
|-
Line ၄၀ ⟶ ၃၉:
မိုင်းပွန်စော်ဘွား စဝ်စံထွန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော [[ဗိုလ်ချုပ်အောင်ဆန်း]]နှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း
== ပညာရေး ==
၅-နှစ်သားအရွယ်တွင် တရားမစာရေးကြီး ဦးစံဖေထံ မြန်မာ၊ အင်္ဂလိပ်စာပေ အခြေခံကို ၂-
ထို့နောက် မိတ္ထီလာမြို့ စက်ရှင်တရားသူကြီး ဦးကျောက်တိုင်ရုံး၌ ၆ လ အလုပ်သင် လုပ်ခဲ့ပြီး မန္တလေးမြို့ ရဲအုပ်သင်တန်းကျောင်းတွင် ၆-
==မိသားစု နှင့် ကိုယ်ရေးကိုယ်တာ==
၁၉၂၈ခုနှစ် ဇွန်လ ၂၀ ရက် (ဝါဆိုလဆန်း ၁၁-ရက်)နေ့တွင် အခမ်းအနားဖြင့်စော်ဘွား ရာထူးဆက်ခံရသည်မှ မိုင်းပွန်စော်ဘွားဟု အမည်တွင် လေတော့သည်။ ၁၉၃၂၊ နိုဝင်ဘာလ ၁၁ ရက် ( မြန်မာသက္ကရာဇ် ၁၂၉၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄-ရက်) နေ့တွင်
မိုးမိတ်စော်ဘွားကြီး စဝ်ခင်မောင် မဟာဒေဝီ စောနန်းအိမ်တို့၏ သမီး စဝ်ခင်သောင်းနှင့် လက်ထပ် ထိမ်းမြားခဲ့သည်။ ယောက်ဖတော် စဝ်ခွန်ချိုမှာ လွတ်လပ်ရေး ရပြီး ရှမ်းပြည်နယ် ဥက္ကဋ္ဌ၊ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာခဲ့သည်။ မိုင်းပွန်စော်ဘွားသည် အခြားစော်ဘွားများကဲ့သို့ ဇနီးအများအပြား မထားရှိဘဲ ဇနီးတစ်ဦးသာ ရှိခဲ့သည်။ စဝ်ဆေဟုန်နှင့် စဝ်ကိုင်ဖဟူသော သား ၂ဦးနှင့် စဝ်သုနန္ဒာနှင့် စဝ်မြင့်ကြည် ဟူသော သမီးနှစ်ဦးထွန်းကားခဲ့သည်။ မဟာဒေဝီမှာ ၁၉၄၅ တွင် ကွယ်လွန်ခဲ့သည်။
မိုင်းပွန်စော်ဘွားသည် ကျန်းမာရေးကိုအထူးလိုက်စားပြီး တင်းနစ်၊ ခရစ်ကက်၊ ဟော်ကီနှင့် ဘောလုံးကစားခဲ့သည်။ ဘောလုံးကစားရာတွင် ဂိုးစောင့်နှင့်လက်ဝဲဝင်းအဖြစ်နာမည်ကြီးခဲ့ လေသည်၊ အယူဝါဒရေးရာတွင်လည်း အလွန်ကိုင်းရှိုင်းပြီး အရက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစားတတ်။ ပေါင်းသင်းဆက်ဆံရေးတွင်လည်း အလွန်ပြေပြစ်သူဖြစ်သည်။ ဂီတကို ချစ်မြတ်နိုး၍ လေ့လာလိုက်စားပြီး ပတ္တလား၊ လက်ဆွဲဘာဂျာ၊ ဘင်ဂျို၊ မယ်ဒလင် စသည်တို့ကို ကျွမ်းကျင်စွာ တီးခတ်နိုင်သည်။
ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။
[[File:Sao_San_Tun_Family_FB_AryuDega.jpg|200px|thumb|left|စဝ်စံထွန်း + စဝ်သီရိစန္ဒရာ၊ တူတော် စဝ်ဆေဟုမ် </br> စဝ်သုနန္ဒါ၊ စဝ်သုဆီလီ၊ စဝ်ကိုင်ဖ၊ စဝ်ယိင်းစဟွမ်]]
== တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ==
နယ်ချဲ့တို့သည် တောင်တန်းနှင့်မြန်မာ မပူးပေါင်းမိရန်အစွမ်းကုန် ကြိုးစားသော်လည်း ခေါင်းဆောင်ကြီးများ ကြိုးပမ်းမှုကြောင့် ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ ၁၂-ရက်နေ့တွင် တောင်တန်း-မြန်မာ ပူးပေါင်းသည့် [[ပင်လုံစာချုပ်]]ကို အောင်မြင်စွာ ချုပ်ဆို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ၁၉၄၇-ခုနှစ် မတ်လ၂၆-ရက်နေ့မှစ၍ အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။
== ဘဝနိဂုံး ==
မိုင်းပွန်စော်ဘွားသည် တိုင်ပြည်အတွက်ကြိုးပမ်းနေစဉ် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉-
သူ့အလောင်းကို ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့သို့ ယူဆောင်သွားပြီးနောက် ၁၃၁၀-ပြည့်နှစ် ကဆုန်လဆန်း ၁-ရက်နေ့တွင် ရိုးရာအစဉ်အလာအခမ်းအနားဖြင့် ဖုတ်ကျဉ်းသဂြိုလ်ပြီး အရိုးပြာတစ်ဝက်ကို ရန်ကုန်မြို့ အာဇာနည်းကုန်းသို့ပို့၍ တစ်ဝက်ကိုကား မိုင်းပွန်မြို့ တောင်ဘက်ကုန်းတွင် အာဇာနည်ဗိမာန်ပြသာဒ် တည်ဆောက်ထားရှိလေသည်။
|