ဟိမဝန္တာ တောင်တန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၈ -
{{cite web|url=http://dictionary.reference.com/browse/himalaya|title=Definition| publisher=dictionary.com| accessdate=2009-04-17}}</ref> ဟိမဝန္တာ တောင်တန်းသည် ကမ္ဘာမြေကြီးပေါ်တွင် အမြင့်မားဆုံး တောင်တန်းဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံး [[ဧဝရတ်တောင်]] ကဲ့သို့သော မီတာ ၈၀၀၀ အထက် တောင်ထိပ်များ တည်ရှိရာ အရပ်လည်းဖြစ်သည်။
 
[[အိန္ဒိယနိုင်ငံ]]၏ မြောက်ဘက်တွင် မြင့်မားစွာတည်ရှိသော ဟိမဝန္တာတောင်တန်းကြီးသည် ကမ္ဘာပေါ်တွင်အလွန်ထင်ရှားလေသည်။ ထိုတောင်တန်းကြီးမှာ အရှေ့မှအနောက်သို့မိုင်ပေါင်း ၁၅ဝဝ ရှည်သဖြင့် မြောက်အမေရိကတိုက်ရှိ အပါလေချန်တောင်တန်း လောက်သာလျှင်ရှိသည်။ တောင်တန်းအကျယ်မှာမိုင် ၁၅ဝမှ ၂ဝဝခန့်ရှိသဖြင့် တောင်အမေရိကတိုက်ရှိ အင်ဒီးတောင်လောက်ပင် မကျယ်ချေ။ သို့ရာတွင်အမြင့်၌ကား ကမ္ဘာပေါ်ရှိမည်သည့်တောင်မျှ ဟိမဝန္တာတောင်ကိုမမီချေ။ ဤသို့တုဖက်ကင်းအောင်မြင့်သောအချက်ကြောင့် ထင်ရှားကျော်ကြားခြင်း ဖြစ်ပေသည်။
= ကိုးကား =
 
ဟိမဝန္တာတောင်၌ တောင်ထိပ်တောင်ထွတ်ပေါင်း ၄ဝ ကျော် ၅ဝ ရှိ၍ အနိမ့်ဆုံးတောင်ထိပ်သည်ပင်လျှင် အမြင့်ပေပေါင်း ၂၃ဝဝဝ ရှိသည်။ အမြင့်ပေပေါင်း ၂၉ဝဝဝ ပေ၊ သို့မဟုတ် ၅၁/၂ မိုင် ကျော်ရှိသော [[ဧဝရတ်တောင်]]ထိပ်မှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးတောင် ထွတ်ဖြစ်လေသည်။ ဒုတိယအမြင့်ဆုံးကား ဧဝရက်တောင်ထိပ်၏အရှေ့ဘက် မိုင် ၁ဝဝခန့်အကွာတွင် ရှိသည့် ၂၈၁၄၆ ပေမြင့်သော [[ကန်ချင်ဂျန်းဂါးတောင်]]ထိပ်ဖြစ်သည်။
 
ဟိမဝန္တာတောင်တန်းသည် အိန္ဒုမြစ်အကွေ့ကြီး၏ အနောက်ဘက်ရှိ ပမီးယားကုန်းပြင်မြင့်မှ အရှေ့ဘက် ဗြဟ္မပုတ္တရမြစ် အကွေ့ကြီးအထိတန်းကာ လောက်လေးကိုင်း သဖွယ် တည်ရှိပြီးလျှင်အိန္ဒိယ မြောက်ပိုင်းရှိအမြင့်ပေ ၁ဝဝဝ ခန့်ရှိသော လွင်ပြင်ဒေသနှင့် တိဗက်ကုန်းပြင်မြင့်တို့ကို ခြားထားလေသည်။ ဟိမဝန္တာတောင်တန်းကြီးကို ဖြတ်သန်းတည်ရှိကြသော တောင်ကြားလမ်းများမှာ ကမ္ဘာပေါ် တွင်အမြင့်ဆုံးတောင်ကြားလမ်းများ ဖြစ်ကြလျှက် အမြင့်ပေပေါင်း ၁၅ဝဝဝ၊ သို့မဟုတ် ၁၆ဝဝဝ ကျော်ရှိကြ၏။ နိုဝင်ဘာလနှင့် မေလအကြားတွင် ထိုတောင်ကြားလမ်းများကို ဆီးနှင်းများဖုံးလွှမ်းနေသဖြင့် ဖြတ်ကျော်သွားလာရန် မဖြစ်နိုင်ပေ။ ထိုမြင့်လှသောတောင်ကြားတို့တွင် ရေခဲမြစ်များဖြစ်ပေါ်ကြလျက် တောင်ခြေများဆီသို့ တဖြည်းဖြည်းသက်လျောသွားကြလေသည်။ ထိုရေခဲမြစ်များမှ အိန္ဒိယနိုင်ငံရှိ [[ဂင်္ဂါမြစ်|ဂင်္ဂါ]]၊ [[ယမုံနာမြစ်]]၊ [[ဗြဟ္မပုတ္တရမြစ်]]နှင့်[[အိန္ဒုမြစ်]]များသည် မြစ်ဖျားခံ ကြလေသည်။
 
 
ဟိမဝန္တာတောင်တန်းကြီးသည် လူများကိုသာ အသွားအလာခက်ခဲစေသည်မဟုတ်။ တောင်ဘက်မှတိုက်ခတ် လာသော ရေခိုးရေငွေ့များ ပါသည့်လေကိုလည်း တားဆီးထား သဖြင့် တောင်ဘက်တောင်စောင်းတွင် နှစ်စဉ်မိုးရေချိန်လက်မ ၉ဝဝ ကျော်အထိ ရွာသွန်းသော်လည်း မြောက်ဘက် လေကွယ်ရာ တိဗက်ကုန်းပြင်မြင့်တွင်မူ မိုးခေါင်နေလေသည်။တောင်တန်းတို့၏အမြင့်မှာ အစားစားကွဲပြားနေကြ
သည့်အလျောက် ဟိမဝန္တာတစ်ခွင်တွင်ရာ သီဥတုအမျိုးမျိုးနှင့် အပင်အမျိုးမျိုးတို့ကို တွေ့ရှိနိုင်လေသည်။ မြေပြင်နှင့် ဆက်စပ်ရာ တောင်ခြေဒေသမှ ပေ ၅ဝဝဝ အထိမြင့်သော ဒေသများတွင် မိုးအခါစိမ်းလမ်းလျက် နွေအခါအရွက်ကြွေသော သစ်တောဝါးတောကြီးများ ထူထပ်စွာပေါက်ရောက်နေသဖြင့် နေပြောက်ပင်မထိုးနိုင်ချေ။ တောင် ဘက်စောင်းတို့တွင် တောများကိုရှင်း၍ ပေ ၅ဝဝဝ အထိ မြင့်သောဒေသများ၌ လက်ဖက်ပင်များကို အကြီးအကျယ်စိုက်ပျိုးကြ၏။
 
ဒါဂျီလင်မြို့နှင့်အနီးအနားတစ်ဝိုက်တွင် အကောင်းဆုံးသော လက်ဖက်ခြောက်ထွက်ရာဒေသများဖြစ်ကြသည်။ ပေ၆ဝဝဝ အထိ မြင့်သော ဒေသများတွင် ဆန်စပါးနှင့် ပြောင်းများကို စိုက်ပျိုး၍ ထိုထက်မြင့်သောဒေသများတွင် ဂျုံနှင့်ဘာလီ များကိုစိုက်ပျိုးကြလေသည်။ ပေ ၉ဝဝဝ ကျော်မြင့်သော ဒေသများတွင် ရွက်ချွန်ထင်းရှူးတောကြီးများ ပေါက်ရောက်ကြ ၏။ ပေပေါင်း ၁၂ဝဝဝ ကျော်သောအခါ အေးမြလှသဖြင့်
ထင်းရှူးတောများပင် မပေါက်ရောက်နိုင်တော့ဘဲ မြက်များနှင့် ချုံတောများကိုသာတွေ့ရလေသည်။
 
ဟိမဝန္တာတောင်တန်းတွင် အပူပိုင်း၊ သမပိုင်းနှင့် အအေးပိုင်းဒေသများတွင်နေထိုင်ကြသော တိရစ္ဆာန် အမြောက်အမြားကိုတွေ့နိုင်လေသည်။ မြင့်သောဒေသများတွင် ကျား၊ ကျားသစ်၊ ကြံ့၊ ဆင် မျောက်နှင့် အောင်းများနေထိုင်ကြ သည်။ ပေ ၁၆ဝဝဝ အထက်၌ ကား ဆီးနှင်းများ အမြဲဖုံးလွှမ်းလျှက် ရေခဲတောင်ရေခဲမြစ်များသာ ဖြစ်နေတော့သည်။ ဤသို့တစ်နှစ်ပတ်လုံး ရေခဲလျက် ဆီးနှင်း များဖုံးလွှမ်း နေသောကြောင့်ပင် ဤတောင်တန်းကြီးကို ဟိမဝန္တာတောင်ဟု ခေါ်တွင်လေသည်။ ဟိမဝန္တာဟူသောအမည်မှာ သက္ကတဘာသာ မှလာ၍ ဆီးနှင်းများ အမြဲဖုံးလွှမ်းရာဒေသဟု အဓိပ္ပါယ် ရသည်။ ဆီးနှင်းများဖုံးလွှမ်းလျက် အေးမြသောလေထုကြောင့် တိမ်တောင်တိမ်လိပ်တို့သည် ပေ ၂ဝဝဝ လောက်အမြင့်တွင် တလိပ်လိပ်တက်နေသည်ကိုမြင်ရသည်မှာ ဟိမဝန္တာတောင်ကြီး ပင် မိုးကို ဖောက်၍တည်နေသလောဟု ထင်မှတ်ရလေတော့၏။ ဤမျှအံ့မခန်းမြင့်မားစွာ တည်ရှိနေသောဟိမဝန္တာ တောင်ကြီးကို ဟိန္ဒူလူမျိုးတို့သည် နတ်တို့စံရာ တောင်တန်းကြီးဟုပင် ယူဆ၍အထူးရိုသေလေး စားကြလျှက် တစ်နှစ်တစ်ကြိမ် တက်ရောက် ပူဇော်လေ့ ရှိကြလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
== ကိုးကား ==
{{reflist}}
 
[[Category:အိန္ဒိယနိုင်ငံ]]
[[Category:တောင်များ]]