"အရက်" ၏ တည်းဖြတ်မှု မူကွဲများ

၃၆၈၇ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၈ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (r2.6.5) (ရိုဘော့က ပေါင်းထည့်နေသည် - lt:Spiritas)
 
ထို့ကြောင့် လူတစ်ဦး အရက်ပြတ်ရန် ပြည်သူလူထုအနေဖြင့် အရက်အန္တရာယ်ဆိုးကျိုးတွေ ခံစားမှုလျော့နည်းဖို့ရန် ဘက်ပေါင်းစုံမှပါဝင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။ တနည်းအားဖြင့် အရက်သောက်သုံးမှု ထိန်းချုက်ရေးဆိုင်ရာ စည်းကမ်းများ၊ စနစ်တကျ ဆောင်ရွက်ခြင်းများ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ပြည့်စုံခြင်းများ၊ ကျန်းမာမှုနှင့် လျော်ညီသော နေထိုင်စားသောက်မှု သဏ္ဌာန်များကို နားလည်ကျင့်သုံးကြလျှင် အရက်ကြောင့် ဖြစ်သည့် ဆိုးကျိုးဘေးအန္တရာယ် နည်းပါးကင်းဝေးပြီး အသက်ရှည်အနာမဲကြောင်းဆိုသည့် ကျွန်ုပ်တို့၏ ရည်မှန်းချက်တွေ ပြီးပြည်စုံပေလိမ့်မည်။ <ref>http://www.myanmar.com/newspaper/kyaymon/Jun27.pdf(Page-6)</ref>
 
==အရက်==
အရက်ချက်လုပ်ကြရာ၌ ပစ္စည်း အမျိုးမျိုးကို အသုံးပြုကြသော်လည်း
များသောအားဖြင့် ချက်လုပ်နည်းမှာ အတူတူပင် ဖြစ်သည်။ အရက်ဟု
ဆိုရာ၌ ပေါင်းခံသော နည်းဖြင့်ချက်ယူရရှိ၍ သတ်မှတ်ထားသော
ပမာဏာထက် အယ်လကိုဟော ပိုမိုပါရှိသော မူးယစ်ဆေးတတ်သည့်
အရည်အားလုံးကို ဆိုလိုပေသည်။ ထို ကြောင့် ဗရန်ဒီ၊ ရမ်၊ ဝီစကီ
နှင့် စက်မှုလက်မှုသုံး အယ်လကိုဟောအားလုံးသည် အရက်
များပင် ဖြစ်ကြသည်။
 
ဝီစကီကို ချက်လုပ်ကြရာတွင် မုယောစပါးကိုဖြစ်စေ၊ ရိုင်း
စပါးကိုဖြစ်စေ၊ အုတ်ခေါ် မြင်းစားဂျုံကိုဖြစ်စေ၊ သို့မဟုတ် ထို
ဂျုံသုံးမျိုးစလုံးကို ရောစပ်၍ဖြစ်စေ အသုံးပြုလေ့ရှိကြသည်။
ထိုဂျုံတစ်မျိုးမျိုးကို အညေ|ာက် ပေါက်လာစေရန် ရေတွင် စိမ်
ပြီးနောက် ရက်သတ္တသုံးပတ်မျှ ကြာသည့်တိုင်အောင် ကြမ်း
ပေါ်တွင် ဖြန့်ထားရ လေသည်။ ထိုနောက် စည်ကြီးတစ်ခု
ထဲသို့ ထည့်ပြီးလျှင် ရေပူပူဖြင့် ချေပေးရ၏။ ချေပြီးသောအခါ
အအေးခံ၍ တဆေးနှင့် ကဇော်ဖောက်ရသည်။ ထိုအခါ အယ်
လကိုဟောအရက်ကို ရရှိ၍ ထိုအယ်လကိုဟောကို ပေါင်းခံနည်း
ဖြင့် ခွဲထုတ်လိုက်သောအခါတွင် ဝီစကီကို ရလေသည်။
ရမ်ချက်ရာတွင် ကြံရည်ကို ကဇော်ဖောက်၍ ချက်ယူရ
သည်။ ဗရန်ဒီချက်ရာတွင် ကဇော်ဖောက်ရန်အတွက် စပျစ်
ရည်ကို အသုံးပြုကြသညင်။ ရောင်းတမ်း အရက်များကို ချက်
လုပ်ရာ၌ကား မုန်လာဥနီ၊ သို့မဟုတ် အားလူး၊ သို့မဟုတ်
သစ်သားများကို အသုံးပြုကြသည်။ အထက်ဖော်ပြပါ အရက်
များကို ချက်ကြရာတွင် ဆိုင်ရာ အစိုးရပိုင်းရှိ ယစ်မျိုးဌာန
များမှ အထူးကြပ်မ အရေးယူကာ စစ်ဆေးပြီးလျှင် အကောက်
အခွန်များကို ကောက်ယူလေ့ ရှိကြလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
== ကိုးကား ==
<references/>
၂၅၈၂၅

တည်းဖြတ်မှုများ