ယူကလစ်တပ်ပင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
No edit summary
စာကြောင်း ၆၇ -
ပြည်ထောင်စု မြန်မာနိုင်ငံ ရှမ်းကုန်းပြင်မြင့်တွင် ယူကလစ်
တပ်ပင် အနည်းအကျဉ်း ပေါက်သည်ကို တွေ့ရသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)</ref>
==Australian Fever Tree ယူကလစ်ပင် (ပြည်လုံးချမ်းသာ)==
 
*Botany Term : Eucalyptus globules Labill
*Species/Family : Myrtaceae
ပုံသဏ္ဌာန် : အပင်
အပင် ကြီးမျိုး ဖြစ်၏။ မျိုးစိတ်ပေါင်း ၆၀၀ ကျော်မျှ ရှိ၏။ အမြင့်ပေ ၁၀၀ ကျော် ခန့် ရှိ၏။ ထိပ်ပိုင်း တွင် ကိုင်းဖြာ၏။ အခက် အလက် အရွက်များ အောက်သို့ တွဲလျား ကျနေ၏။ အခေါက်မှာ ပါး၍ ငွေရောင် ထပြီး ပြောင်ချော၏။ အကိုင်း အခက်များ နုစဉ် နီရောင် သမ်းသည်။
အရွက်
ရွက်လွှဲ ထွက်သည်။ ရှည်မျောမျော လှံစွပ်ပုံ ရှိသည်။ရွက်ထိပ် ချွန်သည်။ရွက်ရင်း အနည်းငယ် သွယ်၏။ အနံ့ မွှေး၏။ ရွက်ပြား အစိမ်းဖျော့ ရောင် ရှိ၍ သားရေကဲ့သို့ ပြောင်ချော ပြီး အနားညီ သည်။ ရွက်လယ်ကြော ထင်ရှား၏။
အပွင့်
ဖြူ၏။ ပွင့်တည်း ပွင့်၏။ ခေါင်းလောင်းပုံ ရှိ၏။ တန်ခူးလ တွင် ပွင့်သည်။
အသီး
အညှာမဲ့၍ အမြှောင်း ၄ မြှောင်း ပါ၏။ အစေ့ အလွန် သေးငယ် ပြီး များပြားစွာ ပါ၀င်၏။ ၀ါဆိုလ တွင် သီးသည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အရွက်၊ အဆီ၊ အမြစ်။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : သမပိုင်း ဒေသတွင် ပေါက်ရောက်သည်။ မြန်မာ နိုင်ငံ အနှံ့ အပြား ၌လည်း စိုက်ပျိုး ဖြစ်ထွန်း နိုင်သည်။
ပေါက်ရောက်ပုံ
စိုက်ပျိုးပင် ဖြစ်သည်။
စိုက်ပျိုးခြင်း-
(က)ပျိုးထောင်ခြင်း
နတ်တော်လ တွင် ပျိုးဘောင်အား အနံ ၄ ပေ၊ အနက် ၁ ပေ၊ အလျား သင့်တော် သလို ထား၍ ပြုပြင် ရမည်။ အလွယ် တကူ ပွင့်နိုင် ပိတ်နိုင် သော တစ်ဖက်ရပ် အမိုးအကာ ပြုလုပ် ထားရှိရန် လိုသည်။ ပျိုးခင်းမြေ အား နွားချေးမှုန့် ၁ ဆ၊ သဲ ၂ ဆနှင့် မြေဆွေး ၄ ဆ ခန့် ရော၍ ချပေး သင့်သည်။ ၁/၂ လက်မ အနက်ရှိ မျဉ်းကြောင်း ငယ်များ ၂ လက်မ ခြားဆွဲ ၍ မျိုးစေ့ ချပြီး ရေကို ညီညာစွာ ခပ်ဖြည်းဖြည်း လောင်းပေး ရမည်။ ရေကို မှန်မှန် လောင်းပေး ခြင်းဖြင့် ၄၁ ရက် အတွင်း ပြည့်စုံစွာ အပင် ပေါက်နိုင် ပေသည်။
(ခ)ပြောင်းရွှေ့စိုက်ပျိုးခြင်း
ပလတ်စတစ် အိတ်များတွင် နွားချေးမှုန့် ၁ ဆ၊ သဲ ၂ ဆ၊ မြေဆွေး ၃ ဆ ရောစပ်ပြီး မျိုးသက် ၂ လ ခန့် ရှိသော ၂ လက်မ မှ ၃ လက်မ အမြင့် ရှိ အပင်ငယ် များကို ရွှေ့ ပြောင်း စိုက်ပျိုး ရသည်။ ပျိုးထောင် စဉ်တွင် ရေအား ခပ်ဖြည်းဖြည်း နှင့် ညီညီ ညာညာ မှန်မှန် လောင်းပေးခြင်း၊ စိုက်ပျိုး ပြီးနောက် လိုအပ်သလို ရေလောင်း ပေးခြင်း များအား အပင် ရှင်သန် စိတ်ချ ရသည့် အထိ လုပ်ဆောင် ပေးရ ပါမည်။
(ဂ)စိုက်ပျိုးခြင်း
နယုန်လ တွင် စတင် စိုက်ပျိုးကြ သည်။ ပျိုးသက် ၅-၆ လ ခန့်ရှိသော အခါ တစ်ပင် နှင့် တစ်ပင် ၅ ပေ အကွာ အတန်းလိုက် ၉ ပေ အကွက် အနက် ၁ ပေ၊ အချင်း ၁ ပေ ကျင်းများ တူး၍ မြေချ စိုက်ပျိုး နိုင်ပါသည်။
(ဃ)ပြုစုဂရုစိုက်ခြင်း
ပေါင်းရှင်းခြင်း၊ အပင်ခြေ အား မြေဆွခြင်း လုပ်ငန်း ကိုလည်း အခါ အားလျော်စွာ ပြုလုပ် ပေးသွား သင့်ပေသည်။
အသုံး၀င်ပုံ : အာနိသင်
မြန်မာ ဆေးကျမ်း များအလို အရ ယူကလစ် သည် အရသာ စပ်ရှားရှား ရှိ၏။ အစေးသည် ပန်းနာ ရင်ကျပ်နာ ကို ပျောက်စေ၏။ ၀မ်းကို သက်စေ၏။ ၀မ်းဖောရောင် ခြင်းနှင့် ၀မ်းကြော တင်းခြင်း တို့ကို နိုင်၏။ ဦးနှောက် ကို ကြည်လင်စေ၏။
၁၀။အသုံးပြုပုံ-
အရွက်
၁။ အရွက်ကို ကြိတ်၍ အနာမီး၊ အနာစက် များကို လိမ်းပေးခြင်း၊ အုံပေးခြင်း ဖြင့် ပျောက်ကင်း၏။
၂။ အရွက်ကို ပြုတ်၍ အခိုး အငွေ့ ရှူရှိုက် သော် ပန်းနာ ကြောင့် ရင်ကျပ်ခြင်း ပျောက်၍ အသက်ရှူ လွယ်လာ၏။ ၃။ ချွဲသလိပ် ရောဂါ၊ အဆိပ် သင့်၍ ဖျားခြင်း၊ ကြက်ညှာ ချောင်းဆိုး ရောဂါနှင့် ခွဲစိတ် ထားသော ဒဏ်ရာ များ၌ လည်း ယူကလစ်ရွက် ကို အသုံးပြု၏။
၄။ ဆူနေသော ရေနွေးတွင် အရွက်ထည့် ပြီး ချွေးအောင်း ပေါင်းခံ ခြင်းဖြင့် နှာစေး ခေါင်းကိုက် ချောင်းဆိုး ပျောက်၏။
အဆီ
၁။ အဆီကို အရေပြား ပေါ်၌ ဖြစ်ပေါ် တတ်သော အနာ ရောဂါများ ပေါ်တွင် လိမ်းပေးရ၏။
၂။ အဆစ် အမျက် ကိုက်ခြင်း နှင့် ရောင်ခြင်း ဖြစ်လျှင် သံလွင်ဆီ နှင့် ဆတူ ရော၍ လိမ်းက ပျောက်၏။
၃။ လိမ်းဆေးဆီ ပြုလုပ်၍ မီးလောင်သော နေရာ၌ လိမ်းပေးရ၏။ ရင်ကျပ်ခြင်း အတွက်လည်း အသုံးပြု နိုင်၏။
အမြစ်
၁။ အမြစ်ကို ၀မ်းနုတ်ဆေး အဖြစ် ဖော်စပ် သုံးသည်။ <ref>http://arogyamonline.com/commodity/materials/?raw=33</ref>
== ကိုးကား ==
<references/>
 
[[Category:အပင်]]
[[Category:ရုက္ခဗေဒ]]
[[Category:ဆေးဖက်ဝင် အပင်များ]]