တရုတ်စာသား: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂ -
တရုတ်စာသည် အရုပ်စာရေးသားနည်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့်အသံတစ်သံလျှင် အက္ခရာတစ်လုံးစီဖြင့် အက္ခရာအလွန်များပြားသည်။ တရုတ်အက္ခရာပေါင်း ၆၀၀၀၀၀ခန့် ရှိမည်ဟုခန့်မှန်းကြသည်။ နေစဉ်သုံးအက္ခရာများမှာ အလုံးရေ ၆၀၀၀ ခန့်ရှိသည် ။ အက္ခရာများပြားလှသည့်အတွက် အသံထွက်မသိက အဘိဓာန်တွင် ရှာဖွေနိုင်ရန် စာလုံးဆွဲငင်ပုံနှင့် ဆွဲငင်သည့် အဆင့်အရေအတွက်အလိုက် ရှာဖွေသည့်စနစ်ကို တီထွင်ထားရသည်။
 
တရုတ်အက္ခရာပေါ်ထွန်းလာသည်မှာ အလွန်ရှေးကျသည်။ ကျောက်ခေတ်တရုတ်ကြေးခေတ် အရုပ်ပုံသင်္ကေတများမှဘီစီ တိုက်ရိုက်ဆင်းသက်သည်ဖြစ်ရာ၁၄ ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။မှ ၁၁ ရာစုနှစ်ကြား ရေးထွင်းခဲ့သည့် လိပ်ခွံနှင့် တိရစ္ဆာန်အရိုးပေါ်မှ အရုပ်ပုံသင်္ကေတများမှာ ရှေးအကျဆုံး တရုတ်စာများဟု ယူဆကြသည်။ မူလစာလုံးများသည် ရေးနည်းအဆင့် များပြားခြင်းကြောင့် မှတ်သားရခက်ခဲခြင်း၊ ရေးသားရန် အချိန်ကြာခြင်းတို့ကြောင့် ခေတ်အဆက်ဆက် ပြင်ဆင်ဆန်းသစ်ခဲ့ကြသည်။ [[ရှီဟွမ်တီ]]ဘုရင်လက်ထက်တွင် တစ်ကြိမ်ပြင်ဆင်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီအာဏာရလာပြီးနောက်တွင်လည်း ပြင်ဆင်ခဲ့သည်။ ရေးနည်းအဆင့်များလျှော့ချခဲ့သည်။ သို့ရာတွင်[[တရုတ်သမ္မတနိုင်ငံ|ထိုင်ဝမ်]]နိုင်ငံတွင် လက်ရေးရှည်ဟုခေါ်သော ရှေးဟောင်းရေးသည်နည်းစနစ်ကိုအသုံးပြုပြီး တရုတ်ပြည်မကြီးတွင် လက်ရေးတိုဟုခေါ်သော ဆန်းသစ်ထားသည့်စာရေးနည်းစနစ်ကိုအသုံးပြုသည်။
 
ကိုးရီးယား၊ ဂျပန်စသည့်လူမျိုးများသည် တရုတ်စာပေါ်မူတည်၍ မိမိတို့စာပေအရေးအသာကို တီထွင်ခဲ့ကြသည်။ ကိုရီးယားတွင် ‘ဟန်ဂျ’ ဟု အသံထွက်ကာ ဂျပန်တွင် ‘ခန်းဂျိ’ ဟု အသံထွက်သည်။ ဂျပန်နိုင်ငံတွင် ခန်းဂျိကို ဆက်လက်အသုံးပြုနေသော်လည်း ကိုးရီးယားတွင်မူ ဂျပန်ကိုလိုနီ အုပ်ချုပ်ရေး လက်အောက်မှ လွတ်မြောက်လာပြီးနောက် လူမျိုးရေး စိတ်ဓာတ်ကြောင့် တရုတ်စာ ‘ဟန်ဂျ’ကို ဖီဆန်လာကြသည်။ လက်ရှိတွင် လူ၊ ကုမ္ပဏီတို့၏ အမည်နာမ၊ ယဉ်ကျေးမှု ပွဲလမ်းသဘင်များမှလွဲ၍ မတွေ့ရသလောက် ဖြစ်သည်။ တောင်ကိုးရီးယားမြို့တော် ဆိုးလ်၏ တရုတ်စာလုံးကိုလည်း ၂၀၀၅ ခုနှစ်တွင် ‘ဟန့်ချန်’ (漢城) မှ ကိုးရီးယား အသံထွက်ဖြစ်သည့် ‘ဆိုအော်’ (首爾) ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ ဟန့်ချန်ဆိုသည့် တရုတ်စာလုံးအနက် ‘ဟန့်’ သည် တရုတ်၊ ‘ချန်’ သည် မြို့၊ တရုတ်မြို့ဟု အဓိပ္ပာယ်ရသည်။ ဗီယက်နမ်နိုင်ငံတွင် ပြင်သစ်ကိုလိုနီခေတ် မတိုင်မှီခေတ်တွင်လည်း တရုတ်စာကို တရားဝင် စာပေများ ရေးသားရာတွင် အသုံးပြုခဲ့ဖူးပြီး ဟန်တွီဟု ခေါ်သည်။ ဗီယက်နမ် လွတ်လပ်ရေးရပြီးနောက်တွင်မူ တရုတ်စာ သုံးစွဲမှု တိမ်ကောပပျောက် သွားသည်။ ပညာရှင်အနည်းငယ်သာ ဆက်လက်လေ့လာ သင်ယူလျက်ရှိပြီး နှစ်သစ်ကူးကဲ့သို့သော ထူးခြားသည့်အခမ်းအနားများ၊ နေ့ထူးနေ့မြတ်များတွင်သာ ရေးသားတော့သည်။