ဘုရားပင့်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
No edit summary
စာကြောင်း ၁ -
{{ဗုဒ္ဓဘာသာ}}
==ဘုရားပင့်==
၁။ နက္ခတ္တေဟိ ပရိဝါရော ၊ သိနေရုဂိရိမုတ္တမော ။
Line ၄၅ ⟶ ၄၆:
 
သိရိန္ဓရဿ-နေလရွှေမြ ဂဟေသ၍ ဝေကြွမက်မပြေ လက်လက်ပြောင်ပြောင် ကျက်သရေကိုလည်း ဆောင်တော်မူပေထသော။ သရီရတော-ဝင်းဝါရွှေတောင် နေရောင်ဟပ်သလို မြတ်ရွှေကိုယ်၏။ ဥဏ္ဏာယ-သုံးရက်လသဖွယ် ခုန်းမျက်စ နှစ်သွယ်၏အလယ်၌ တင့်တယ်ရောင်ဖြာ နှစ်တောင့်ထွာပမာဏ ကြီးစရောင်စုံ ဥဏ္ဏလုံခေါ် မွေးတော်ရှင်ဓာတ် လွန်ထူးမြတ်သော အရပ်မှ၄င်း။ ပဘဿရာ-ပြိုးပြိုးပြောင်ပြောင် တိမ်တောင်တွေဟပ် လျှပ်လျှပ်ရောင်စုံ အံ့ချီး၍မကုန်အောင် အစုံစုံပေါ်ထွက်လျက်ရှိသော။ မဏိကာဝ-အစိမ်းရောင်က တဖြာ, အဝါရောင်က တလှည့်, ရတနာရွှေတောင်ကို နေအရောင် ဟပ်သကဲ့သို့ ပြောင်တဲ့ခြည်, ဝင်းတဲ့ခြည်, သင်းတဲ့ခြည်, လင်းတဲ့ခြည်ထိန်ဝဲ စိန်စားပွဲပေါ်မှ ဘော်သာခွါ ငွေကလပ်နှင့် ရွှေတရပ်မွေ့ရာဝယ် ကျောက်ရတနာ မြတင်ကာပြလို့ အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ်ရောင်တော်ရှင်တို့သည်။ ဝိရောစေန္တိ-ဖူးမြင်ရသူ ကြည်ဖြူမြတ်လေး ဘဝင်အေးအောင် တင့်တယ်ထွန်းပတော်မူပါကုန်၏။ သော ဗုဒ္ဓေါ-အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ် ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ မေ-ငါးပါးခန္ဓာ ရွံစရာကို လွန်စွာထင်လွဲ မြင်စွဲသွေချော် တပည့်တော်၏။ သီသကေ-ကိုယ်ဒြပ်တွင် အမြတ်တင်သည့် ဦးပြင်ထိပ်ထက်၌။ ဌာတု-မဏ္ဍိုင်မေရု အခြေစုသဖြင့် အသရေယခု ကြွတဲ့အောင် မားမားကြီး ရပ်တန့်တည်နေတော်မူလှည့်ပါ အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ် အရှင်သူမြတ်ဘုရား။
 
{{ဗုဒ္ဓဘာသာ}}
 
[[Category:ဘုရားရှိခိုး]]
[[Category:ဗုဒ္ဓဘာသာ]]
[[Category:ဘာသာရေး]]
[[Category:မြန်မာ့ ဓလေ့ထုံးစံ]]