ဆူဟာတို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: yo:Suharto
စာကြောင်း ၁၁၅ -
၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အသက် ၈၆ နှစ်ရှိပြီဖြစ်သော ဆူဟာတိုကို ဂျာကာတာရှိ ပါတာမီနာဆေးရုံသို့ အရေးပေါ် တင်လိုက်ရသည်။ နှလုံးအားနည်းပြီး ခြေလက်နှင့်ဝမ်းဗိုက်များဖောယောင်လာသည်။ ကျောက်ကပ်ကလည်း ကောင်းကောင်းအလုပ် မလုပ် တော့ပေ။ ၂၀၀၈ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရောဂါအခြေအနေပိုဆိုးလာခဲ့သည်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ် တွင် ကွယ်လွန်သွားခဲ့သည်။
 
သူ့အလောင်းကို လေယာဉ်ဖြင့် ၂၈ ရက်နေ့တွင်သယ်ဆောင်သွားပြီး ဂီရီဘန်ဂန်သချိင်္ုင်းရှိဂီရီဘန်ဂန်သင်္ချိုင်းရှိ အသက် ၄၉ နှစ် အရွယ်တွင် ကွယ်လွန်သွားသော ဇနီးဖြစ်သူ၏ဂူဘေးတွင် ပြင်ဆင်ထားခဲ့သည်။ သူ့ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် သတ်မှတ်ပေးပြီး စစ်ဘက်၊ အရပ်ဘက်မှပုဂ္ဂိုလ်များ လာရောက်ဂါရဝပြုကြသည်။ လက်ရှိသမ္မတ ယူဒိုယိုနိုကိုယ်တိုင် ကြီးမှူးကျင်းပပေးသည့် ဈာပနပွဲလည်းဖြစ်သည်။
[[Category:အင်ဒိုနီးရှား]]
 
[[ar:سوهارتو]]
[[az:Məhəmməd Suxarto]]