အသည်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - za:Daep
No edit summary
စာကြောင်း ၂၃ -
 
ဆေးပညာတွင် အသည်းနှင့် ပတ်သက်သည့် အင်္ဂလိပ်ဝေါဟာရများသည် အသည်းဟု အဓိပ္ပာယ်ရှိသည့် ဂရိဘာသာ ''hēpar'' (ήπαρ) မှ ဆင်းသက်လာသည့် ''hepato-'' သို့မဟုတ် ''hepatic-'' နှင့် အစပြုလေ့ရှိသည်။ <ref>The Greek word ''"ήπαρ"'' was derived from ''hēpaomai'' (''[http://old.perseus.tufts.edu/cgi-bin/ptext?doc=Perseus%3Atext%3A1999.04.0057%3Aentry%3D%2347442 ηπάομαι]''): to mend, to repair, hence ''hēpar'' actually means ''"repairable"'', indicating that this organ can regenerate itself spontaneously in the case of lesion.</ref> ဥပမာအားဖြင့် [[အသည်းရောင် ရောဂါ]]ကို Hepatitis ဟုခေါ်သည်။
 
 
==အသည်း==
ကိုယ်ခန္ဓာ၏ အရည်အိတ်ခေါ် ဂလင်းအပေါင်း
တို့တွင် အသည်းသည် အကြီးဆုံးဖြစ်၍ လူ၏ ကိုယ်ခန္ဓာတွင်
အလေးချိန်အားဖြင့် အောင်စငါးဆယ်၊ သို့မဟုတ် ရှစ်ဆဲ့ကိုး
ကျပ်သား ကျော်ကျော်ခန့်မျှ ရှိသည်။ ရင်နှင့် ဝမ်းကိုခြားသော
ဒိုင်ယာဖရမ် (အမြေ|း)အောက်တွင် ကပ်လျက် ဝမ်းခေါင်း၏
လက်ယာ ဘက်၌ တည်ရှိလေသည်။
အသည်းသည် အပ်ထိပ်ခန့်မျှရှိသော အမြေ|းအိမ်ကလေး
များနှင့် ထိုအမြေ|းအိမ်တို့အကြားတွင်ရှိသော ဆံချည်မျှင်
သွေးကြောငယ်တို့ဖြင့် ပြွမ်းလျက် တည်ရှိ၏။ အသည်းတွင်
သွားလာလျက်နေသော အကြောကြီး သုံးကြောရှိလေသည်။
ထိုအကြောတို့မှာ (၁) အသည်းတွင်ရှိသော ဆဲများ ထောက်ပံ့
ရန် နှလုံးမှ သွေးသန့်ကို ယူဆောင်လာသော သွေးလွှတ်ကြော၊
(၂) အစာအိမ်၊ အူသိမ်၊ သရက်ရွက်နှင့် ပန်ကရိတို့မှလာသော
သွေးပြန်ကြောမ (ပေါ်တယ်သွေးပြန်ကြော)၊ (၃) အသည်းမှ
အစာချေရာ၌ အထောက်အပံ့ဖြစ်စေရန် ထုတ်ပေးသည့် အရည်
ကို ဆောင်ယူသွားသော အကြောတို့ ဖြစ်၏။ ထိုအကြောကြီး
သုံးခုတို့သည် အသည်းသို့ ရောက်သောအခါ အကြောငယ်
ပေါင်း မြောက်မြားစွာအဖြစ်သို့ အစိတ်စိတ် အမြွှာမြွှာ ကွဲသွား
ျ၍ အသည်း၏အစိတ်အပိုူင်း အရပ်ရပ်တွင် ပျံ့နှံ့လျက် တည်ရှိ
ကြ၏။
အသည်းသည် ဂလင်းတို့တွင် အကြီးဆုံးဖြစ်ရခြင်းမှာအ
ကြောင်းမဲ့မဟုတ်ချေ။ အသည်း၌ အလွန်အရေးကြီးသော
လုပ်ငန်းလေးရပ် ရှိ၏။
ထိုလုပ်ငန်းတို့မှာ -
(၁) အစာချေရာ၌ အသုံးဝင်သော သည်းခြေရည်
(ဗိုင်းအရည်)ကို ထုတ်ပေးရခြင်း၊
(၂) အစာအိမ်၊ အူသိမ်၊ အူမကြီးတို့မှ စုတ်ယူလာသော
သကြားကို ဂလိုင်ကိုဂျင် (တိရစ္ဆာန်ကစီ)အဖြစ်ဖြင့် ဆဲများတွင်
သိမ်းဆည်းထား၍ ကြွက်သားမှလိုသောအခါ ထုတ်ပေးရခြင်း၊
(၃) အစာကြောင်းနှင့် အသည်းဆက်နေသည့် သွေးပြန်
ကြောမဖြင့် ရောက်ရှိလာသော အာဟာရဓာတ်များကို အညစ်
အကြေးတစ်ခြား အာဟာရဖြစ်စေသော ဓာတ်တစ်ခြား ခွဲခြား
ချက်လုပ်ပြီးနောက် အညစ်အကြေးရည်ကို ဆီးအဖြစ်ဖြင့်
စွန့်ထုတ်ပေးရခြင်း၊
(၄) အဆီကို အောက်ဆီဒေးရှင်းခေါ် အောက်ဆီဂျင်နှင့်
ပေါင်းစပ်နိုင်အောင် ပြုပြင်ပေးရခြင်းဟူသောလုပ်ငန်းများ
ဖြစ်သည်။
အသည်းကို ကြောရိုးရှိသတ္တဝါမှန်သမျှနှင့် ကြောရိုးမဲ့
သတ္တဝါအချို့တွင် တွေ့ရသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
 
== သန္ဓေသားဘဝမှ ဖွံဖြိုးလာပုံ ==