သမုဒ္ဒရာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.6.3) (ရိုဘော့က ပေါင်းထည့်နေသည် - nso:Lewatle
စာကြောင်း ၄ -
== ခြုံငုံသုံးသပ်ချက် ==
 
ပုံမှန်အားဖြင့် ကွဲပြားခြားနားသော သမုဒ္ဒရာများ အနေဖြင့် ခွဲခြားသတ်မှတ်လေ့ရှိသော်လည်း ထိုသမုဒ္ဒရာရေများသည် အားလုံးဆက်စပ်လျှက်ရှိပြီး အားလုံးကိုစုပေါင်း၍ ကမ္ဘာ့သမုဒ္ဒရာ သို့မဟုတ် ကမ္ဘာလုံးနှင့်ဆိုင်သော သမုဒ္ဒရာ အနေနှင့် ရည်ညွှန်းလေ့ရှိကြသည်။ ထိုသို့ ရေထုအားလုံးဆက်စပ်နေပြီး အစိတ်အပိုင်း အသီးသီးတွင် အချင်းချင်းလွတ်လပ်စွာဖလှယ်နေကြခြင်း စသည့် တကမ္ဘာလုံးနှင့်ဆိုင်သော သမုဒ္ဒရာအယူအဆ သည် သမုဒ္ဒရာဗေဒအတွက် အရေးကြီးသော အခြေခံအချက်အလက်တစ်ခုဖြစ်သည်။ အဓိက သမုဒ္ဒရာ အစိတ်အပိုင်းများ ခွဲခြားမှု ကို တိုက်ကြီးများ၊ ကျွန်းစုများ နှင့် အခြားအချက်အလက်များပေါ် မူတည်၍ ခွဲခြားသတ်မှတ်ကြသည်။ ထိုခွဲခြားမှုများကို အရွယ်အစားလိုက် ကြီးစဉ်ငယ်လိုက် ကြည့်မည်ဆိုပါက [[ပစိဖိတ်သမုဒ္ဒရာ]]၊ [[အတ္တလန္တိတ်သမုဒ္ဒရာ]]၊ [[အိန္ဒိယသမုဒ္ဒရာ]]၊ [[တောင်ပိုင်း သမုဒ္ဒရာ]] ( တစ်ခါတစ်ရံတွင် ထိုသမုဒ္ဒရာဒေသကို ပစိဖိတ်၊ အတ္တလန္တိတ် နှင့် အိန္ဒိယသမုဒ္ဒရာ တို့၏ တောင်ပိုင်းအဖြစ် သတ်မှတ်ကြသည်။) နှင့် အာတိတ်သမုဒ္ဒရာ[[အာတိတ် သမုဒ္ဒရာ]] (တစ်ခါတစ်ရံတွင် အတ္တလန္တိတ် သမုဒ္ဒရာ၏ ပင်လယ်အဖြစ် သတ်မှတ်လေ့ရှိကြသည်။) စသည်ဖြင့်ဖြစ်သည်။ ပစိဖိတ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာတို့ကို အီကွေတာပေါ်မူတည်၍ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ထပ်မံခွဲခြား သတ်မှတ်နိုင်သည်။ သမုဒ္ဒရာ၏ အစိတ်အပိုင်း အသေးစားများကို ပင်လယ်များ၊ ပင်လယ်ကွေ့များ၊ ပင်လယ်အော်များနှင့် အခြားအမည်များဖြင့် ခေါ်ဝေါ်ကြသည်။ ထို့ပြင် ကုန်းမြေပေါ်တွင် သမုဒ္ဒရာနှင့် ဆက်စပ်မနေသော အာရယ်ပင်လယ် နှင့် မဟာ ဆားငန်ရေကန်ကြီးစသည့် အခြားသော ဆားငန်ရေထုများလည်း ရှိတတ်သည်။ ထိုအရာများကို ပင်လယ်အဖြစ် ရည်ညွှန်းခေါ်ဆိုကြသော်လည်း တကယ်တမ်းမှာ ဆားငန်ရေကန်များသာ ဖြစ်သည်။
 
သမုဒ္ဒရာများသည် ကမ္ဘာ့မျက်နှာပြင်၏ ၄ပုံ ၃ပုံကို ဖုံးလွှမ်းထားပြီး ဇီဝစက်ဝန်းပေါ်တွင် လွန်စွာမှပင် အကျိုးသက်ရောက်မှု ရှိသည်။ ကျွန်ုပ်တို့ ရရှိနေသော မိုးရွာသွန်းမှုမှာ ထိုသမုဒ္ဒရာများမှ ရေငွေ့ပျံခြင်းမှတဆင့် ဖြစ်ပြီး ၄င်းတို့၏ အပူရှိန်သည် ကျွနု်ပ်တို့၏ ရာသီဥတု နှင့် လေတိုက်ခတ်ပုံကို အဆုံးအဖြတ်ပေးသည်။ သမုဒ္ဒရာ အတွင်းမှ သက်ရှိများသည် ကမ္ဘာပေါ်တွင် သတ္တဝါတို့ စတင်မရွေ့လျားမီနှင့် အပင်တို့ စတင်အသက်မရှိမီ နှစ်ပေါင်း ၃ ဘီလီယံအကျော်မှ စတင်ဖြစ်ထွန်းခဲ့သည်။
 
==အဏ္ဏဝါပြင်ကျယ်==
ကမ္ဘာ့တိုက်ကြီးများကို ပိုင်းခြားထားသောသမုဒ္ဒရာကြီးများ၊