၁၉၄၆: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
{{လများ(၁၉၄၆)}}
{{လတိုင်း၏အရေးပါသောဖြစ်ရပ်များ(၁၉၄၆)}}
{{၂၀ရာစု}}
==၁၉၄၆ ခုနှစ် မှတ်တမ်း==
=== ဇန်နဝါရီလ ===
(၁) ရက်။
::* အရှေ့အာရှတောင်ပိုင်း စစ်သေနာပတိချုပ်မောင်ဘက်တန်က ကြေညာချက်အမှတ် ၁ ကို ထုတ်ပြန်ပြီး ဗြိတိသျှစစ်အုပ်ချုပ်ရေးရုပ်သိမ်းကြောင်း ကြေညာ။
စာကြောင်း ၁၄ -
(၃၀) ရက်။
::* မြန်မာနိုင်ငံအတွက် ဗြိတိသှျစစ်အုပ်ချုပ်ရေး ရပ်စဲ။
=== ဖေဖေါ်ဝါရီလ ===
(၁) ရက်။
::* မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေးရုပ်သိမ်း။
စာကြောင်း ၂၀ -
(၂) ရက်။
::* အောင်ဆန်း-အက်တလီစာချုပ်မူကြမ်းကို ဖဆပလအလုပ်အမှုဆောင်အဖွဲ့က လက်ခံခဲ့။
=== မတ်လ ===
(၁) ရက်။
::* မြန်မာနိုင်ငံဘုရင်ခံဆာဒေါ်မန်စမစ်က ဖဆပလကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်နိုင်ငံသွားရေးနှင့်စပ်လျဉ်း၍ လေယာဉ်ပျံဖြင့်မဟုတ်ဘဲ သင်္ဘောဖြင့် စီစဉ်ပေးမည်ဟု အကြောင်းပြန်။
စာကြောင်း ၂၇ -
(၂၀) ရက်။
::* ပထမအကြိမ်ပင်လုံညီလာခံသို့ ဦးနု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ ဖဆပလကိုယ်စားလှယ်အဖြစ် တက်ရောက်။
=== ဧပြီလ ===
(၄) ရက်။
::* စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်း [[ကံချွန်၊ (ကာတွန်း)|ကံချွန်]] မွေးဖွား။
 
=== မေလ ===
(၁၈) ရက်။
::* အင်းစိန်ခရိုင် ထန်းတပင်မြို့နယ်တွင် ဗြိတိသျအစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်သောဆန္ဒပြမှုဖြစ်ပေါ်၊ ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်ခတ်သောကြောင့် တောင်သူလယ်သမားတစ်ဦး သေဆုံး။ သေဆုံးသူများ၏ ဈာပနအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်၍ ချုပ်ချယ်မှုဥပဒေများကို ကန့်ကွက်။
စာကြောင်း ၄၃ -
(၂၈) ရက်။
::* စာရေးဆရာ [[ဝင်းငြိမ်း]] မွေးဖွား။
=== ဇွန်လ ===
(၇) ရက်
::* ကန်တော်မင်ပန်းခြံ၌ ပြည်သူ့လွတ်လပ်ခွင့်များ ချုပ်ချယ်မှုများကို ရှုတ်ချသော လူထုဆန္ဒပြပွဲတစ်ခု ဖြစ်ပေါ်။
စာကြောင်း ၅၂ -
(၂၆) ရက်
::* ဗြိတိသျှတို့၏ စက္ကူဖြူအုပ်ချုပ်ရေးကို တိုင်းရင်းသားပေါင်းစုံ တစ်သိန်းကျော်တက်ရောက်သော လူထု အစည်းအဝေးပွဲကြီးမှ ကန့်ကွက်ဆန္ဒပြခဲ့။
=== ဇူလိုင်လ ===
(၁) ရက်။
::*
=== ဩဂုတ်လ ===
(၄) ရက်။
::* ဘုရင်ခံဆာဒေါ်မန်စမစ်နေရာတွင် မေဂျာဂျင်နရယ်ဆာဟူးဘတ်ရန့်စ် ခန့်ထား။ မြန်မာနိုင်ငံ၏အခြေအနေကို ပေါ်လစီသစ်ဘုရင်ခံသစ်ဖြင့် ရုပ်လုံးဖော်ရန်အတွက် နန်းရင်းဝန်အက်တလီက လုပ်ဆောင်ခဲ့ခြင်းဖြစ်။
=== စက်တင်ဘာလ ===
(၅) ရက်။
::* ဦးအေး၊ ဦးစိုးရှိန်၊ ဦးဝမ်းမောင်တို့ ခေါင်းဆောင်သည့် ပုလိပ်သပိတ်ကြီးပေါ်ပေါက်ခဲ့ပြီးနောက် သမဂ္ဂပေါင်းစုံ သပိတ်များဖြင့် သပိတ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံး ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့။ ထိုသပိတ်များသည် မြန်မာနိုင်ငံသို့ ဆာဟူးဘတ်ရန့်စ် ရောက်ရှိပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်။
စာကြောင်း ၈၂ -
(၂၉) ရက်။
::* ဖဆပလအဖွဲ့ချုပ်မှ ဦးဆောင်ခဲ့သည့် ပြည်လုံးကွျတ်စက္ကူဖြူစီမံကိန်း ကန့်ကွက်ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ပြုလုပ်ခဲ့။ ဘုရင်ခံအမှုဆောင်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သော ဖဆပလ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့။
=== အောက်တိုဘာလ ===
(၃) ရက်။
::* ဘုရင်ခံအမှုဆောင်ကောင်စီအဖွဲ့၏ အာဏာကိုသုံးစွဲပြီး ဗိုလ်ချုပ်အောင်ဆန်းက အမှုထမ်းပေါင်းစုံသပိတ်ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့။
=== နိုဝင်ဘာလ ===
(၈) ရက်။
::* ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အမှုဆောင်ကောင်စီလူကြီးအဖွဲ့ မြန်မာနိုင်ငံအားအချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် ထူထောင်မည့် အခြေခံဥပဒေရေးဆွဲရန် အစီအစဉ်များကို ပြုလုပ်နေပြီဖြစ်ကြောင်း ကြေငြာ။
စာကြောင်း ၉၈ -
::* [[ဗဟိန်း၊ ကို|သခင်ဗဟိန်း]]သည် [[ငှက်ဖျားရောဂါ]]နှင့် [[မန္တလေးမြို့]] ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်။
 
=== ဒီဇင်ဘာလ ===
(၂၀) ရက်။
::* အောက်လွှတ်တော်၌ မြန်မာပြည်ကိုယ်စားလှယ်အမှုဆောင်များနှင့် ဆွေးနွေးရန် အဆိုတင်သွင်းအတည်ပြုခဲ့ပြီး၊ အင်္ဂလန်သို့ ကိုယ်စားလှယ်စေလွှတ်ရန် ဘုရင်ခံအမှုဆောင်အဖွဲ့ကို ဖိတ်ကြား။ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးမည်ဟု ကြေညာ။ ဒုတိယအကြိမ် ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးကျင်းပ။
"https://my.wikipedia.org/wiki/၁၉၄၆" မှ ရယူရန်