ရုဒေါ့ဖ် ဒီဇယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၈ -
ဒီဇယ်၏ ငယ်စဉ်တောင်ကျေးကလေးဘ၀သည် ပါရီမြို့တော်တွင်ကုန်လွန်ခဲ့သော်လည်း ၁၈၇၀တွင်ဖြစ်ပေါ်ခဲ့သော ပြင်သစ်နှင့်ဂျာမနီစစ်ပွဲကြောင့် သူနှင့်သူ၏မိသားစုသည် [[ပြင်သစ်]] နိုင်ငံမှ ထွက်ခွာခဲ့ရပါသည်။ ထို့နောက်တွင်မူ [[အင်္ဂလန်]]နိုင်ငံရှိ၊ [[လန်ဒန်]] မြို့တော် တွင်သွားရောက်အခြေချနေထိုင်ခဲ့ကြပါသည်။ ၁၈၇၁တွင်စစ်ကြီးပြီးဆုံးခဲ့ပါသည်။ အသက် ၁၂နှစ်အရွယ်ရှိသော ရုဒေါ့(ဖ်) သည် သူ၏ မိခင်၏တိုက်တွန်းချက်အရ ဂျမနီနိုင်ငံ အော့(ဂ်)စဘတ်မြို့သို့ ဦးလေး၊ဒေါ်လေးတို့နှင့်နေထိုင်ရန် ပြန်လာခဲ့ပါသည်။အဲလိစ်၏ အဓိကရည်ရွယ်ချက်မှာ ရုဒေါ့(ဖ်) ကို ဂျာမန်ဘာသာ ပိုမိုတိုးတက်စေရန်ဖြစ်သည်။ [[အင်ဂျင်နီယာ]] တစ်ဦးဖြစ်လိုကြောင်းကို ရုဒေါ့(ဖ်) ၁၄နှစ်သား အရွယ်တွင် ၄င်း၏ မိဘကိုရေးသားခဲ့သောစာတွင်တွေ့ရှိရပါသည်။ အခြေခံပညာကို ၁၈၇၃ခုနှစ်ထိ သင်ယူခဲ့ပြီးနောက်၊ အောက်(ဂ်)စဘတ်စက်မှုသိပ္ပံတွင် အင်ဂျင်နီယာပညာရပ်များကို စတင်လေ့လာဆည်းပူးခဲ့သည်။
 
နှစ်နှစ်ကြာသောအခါ၊ [[Royal Bavarian Polytechnic of Munich]] မှ [[စကောလားရှစ်]] ပညာသင်စုရရှိခဲ့သည်။ အလုပ်လုပ်ကိုင်စေရန်ဆန္ဒ ပြင်းပြနေသော မိဘတို့၏ အလိုကိုဆန့်ကျင်ကာ ယင်း စကောလားရှစ်ကို လက်ခံခဲ့ပါသည်။ [[တိုက်ဖွိုက်ရောဂါ]]ကို ခံစားခဲ့ရသော ဒီဇယ်သည် ၁၈၇၉တွင် ကျောင်မပြီးပါ။ ဒီဇယ်သည် နောက်နှစ်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ယင်း လုပ်ငန်းအတွေ့အကြုံရရှိရန်အလို့ငှာ Gebrüder Sulzer Maschinenfabrik (Sulzer Brothers Machine Works) [ဆူဇာနှင့်ညီအကိုများစက်မှုလက်မှု] တွင်၀င်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ဇန်နဝါရီ ၁၈၈၀တွင်ကျင်းပသောစာမေးပွဲတွင် ထိပ်တန်းအမှတ်များနှင့်အောင်မြင်ကာ ကျောင်းပြီးခဲ့ပါသည်။ ထို႕နောက် ပြင်သစ်နိုင်ငံသို့ပြန်လာကာ [[မြူးနစ်]][[ပိုလီတက်ကနစ်]]မှ [[ပရော်ဖက်ဆာ]] ဖြစ်သူ [[ကား(လ်)ဗွန်လင်ဒေး]]၏ လက်ထောက်အဖြစ် တွဲဖက်ကာ ရေခဲစက်[[ဒီဇိုင်း]]နှင့် [[ဆောက်လုပ်ရေးလုပ်ငန်း]]များကို လုပ်ကိုင်ခဲ့သည်။
တစ်နှစ်အကြာတွင် ဒီဇယ်သည် ထိုရေခဲစက်၏ [[ဒါရိုက်တာ]]အဖွဲ့၀င်ဖြစ်လာခဲ့သည်။ ၁၈၈၃တွင် [[မာသာဖလက်ရှေး]] (Martha Flasche) နှင့်အကြောင်းပါကာ လက်ဆက်ခဲ့သည်။ ပရော်ဖက်ဆာ လိုင်ဒေးနှင့် ဆက်လက်တွဲဖက်လုပ်ကိုင်ကာ ပြင်သစ်နှင့်ဂျာမနီတွင် [[မူပိုင်ခွင့်]] အတော်များများကို ပိုင်ဆိုင်ခဲ့သည်။