၁၉၈၈: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၉ -
 
== ဇွန်လ ==
() ရက်။
::* ဦးအောင်ကြီးက ဦးနေဝင်း ထံသို့အိပ်ဖွင့် ပေးစာ နောက်ထပ် တစောင် ရေးသား ပြန်သည်။ ဤ တကြိမ်တွင် စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာရပ် များကို မီးမောင်း ထိုးပြပြီး မတ်လတွင် ဖြစ်ပွား ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စများကို ဖော်ပြ ထားသည်။
::*
(၁၃) ရက်။
::* မတ်လတွင် အသတ် ခံရသူများ အတွက် အောင်းမေ့ဖွယ် အခမ်းအနား ကျင်းပရန် စီစဉ် ကြသည်။ သို့သော် အကောင်အထည် မပေါ်ခဲ့။ အချို့ ကျောင်းသားများက မတ်လ အတွင်း ဖြစ်ရပ်များကို ဇွန်လ ၁၇ ရက်နေ့ နောက်ဆုံး ထားပြီး တိကျ မှန်ကန်စွာ မထုတ်ပြန် ပေးပါက ပြဿနာများ ပိုမို ကြီးထွား လာလိမ့်မည်ဟု ရာဇသံ ပေးခဲ့သည်။
(၁၅) ရက်။
::* ဆန္ဒပြပွဲများနှင့် စည်းဝေးပွဲများ အဓိက အားဖြင့် ရန်ကုန် တက္ကသိုလ် (ပင်မ) ၌ စတင်၍ ပေါ်လာ ပြန်သည်။
(၁၆) ရက်။
::* ရန်ကုန်ရှိ တက္ကသိုလ် ကျောင်းဝင်း များတွင် ဆန္ဒပြမှုများ ထပ်မံ ဖြစ်ပွားသည်။ မောင်မောင်ကျော်၊ မိုးသီးဇွန်တို့ ဟောပြော ကြသည်။
(၁၇) ရက်။
::* တက္ကသိုလ် ကျောင်းဝင်း များတွင် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) မှ သင်တန်း ရပ်စဲ လိုက်သည်။ ဆန္ဒပြပွဲ များနှင့် ဆွေးနွေးပွဲများ ပြည်လမ်း ဆေးတက္ကသိုလ် (၁) သို့ ရွေ့ပြောင်း သွားသည်။
(၂၀) ရက်။
::* ရန်ကုန်မြို့တွင် ကျောင်းသား ၅၀၀၀ မှ ၆၀၀၀ အထိနှင့် အခြား ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒ ပြကြသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) တွင် ပြုလုပ်သော လူထု အစည်းအဝေးပွဲ များသို့ သံဃာတော်များ တက်ရောက် သည်ကို တွေ့ရ၏။ တောင်းဆိုချက် များမှာ ကျောင်းထုတ် ခံရသော ကျောင်းသား များကို ကျောင်းပြန် တက်ခွင့် ပေးရန်နှင့် မတ်လ အတွင်း သတ်ဖြတ်မှု များကို ကျူးလွန် ခဲ့သူတို့အား အပြစ် ပေးရန်တို့ ဖြစ်သည်။ ဦးနေဝင်းကို ထိုးနှက် တိုက်ခိုက်သော ပိုစတာများ ထွက်ပေါ် လာသည်။ ဦးနေဝင်း၏ ဆွစ်ဇာလန် ဘဏ်တွင် ထားရှိသော ငွေစာရင်းများ အကြောင်း ကိုလည်း ဖော်ပြ ကြသည်။ ကျောင်းသား များကို စာနာ၍ ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ) အနီးရှိ အထည်အလိပ် စက်ရုံ အလုပ်သမားများ ဆန္ဒ ပြကြသည်။ တက္ကသိုလ် နယ်မြေကို ရဲနှင့် စစ်တပ်က ညနေ ၆ နာရီတွင် ဝိုင်းရံ ပိတ်ဆို့ လိုက်၏။
(၂၁) ရက်။
::* ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁) မှ ထောင်ပေါင်း များစွာသော ကျောင်းသား များသည် ရန်ကုန် မြို့လယ်သို့ ေ့ကးကြော်သံ များဖြင့် ချီတက် ဆန္ဒ ပြကြသည်။ ဟံသာဝတီ လမ်းဆုံတွင် ကျောင်းသား များကို လုံထိမ်း များက တားဆီးကာ မျက်ရည်ယို ဗုံးများ၊ ရိုင်ဖယ် သေနတ် များဖြင့် ပစ်ခတ် ကြသည်။ ကျောင်းသား အုပ်စုက ဂျင်ဂလိ များဖြင့် ပြန်လည် ပစ်ခတ် ကြ၍ လုံထိန်းများ ထွက်ပြေး သွားကြ၏။ ရဲနှင့် ပြည်သူများ အဓိကရုဏ်း တနေ့လုံး ဆက်ဖြစ် ပွားသည်။ ပြည်သူ ၈၀ နှင့် လုံထိန်း ၂၀ ခန့် သေဆုံး သွားသည်။ အာဏာပိုင် များက လူစု ဝေးခြင်းကို ရက်ပေါင်း ၆၀ မျှ မပြု လုပ်ရန် ကြေညာ ခဲ့သည်။ ရန်ကုန်မြို့၌ ဂျွန်လ ၂၁ ရက်မှ သြဂုတ်လ ၁၉ ရက်နေ့ အထိ ညနေ ၆ နာရီမှ နံနက် ၆ နာရီ အတွင်း အပြင် မထွက်ရ အမိန့်ကို အာဏာပိုင် များက ထုတ်ပြန်သည်။ ဆေးတက္ကသိုလ် (၁) နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် များမှ သင်တန်း အားလုံး ရပ်စဲ လိုက်သည်။
(၂၂) ရက်။
::* ဆေးတက္ကသိုလ် (၂) မှ သင်တန်း အားလုံး ရပ်စဲ လိုက်သည်။ ကျောင်းသား များစွာ တို့သည် သမိုင်းဝင် ရွှေတိဂုံ ဘုရားသို့ နေရာ ရွှေ့ပြောင်း လိုက်ကြသည်။
(၂၃) ရက်။
::* ကျောင်းသား များသည် လူစုဝေးခြင်း မပြုရ ဟူသော ပိတ်ပင် တားမြစ်မှုကို ဆန့်ကျင်၍ ရွှေတိဂုံ စေတီတော်၌ သပိတ် စခန်း ဖွင့်လိုက်သည်။ လူထု မငြိမ်သက်မှုသည် ရန်ကုန်နှင့် ကီလိုမီတာ ၅၀ ကွာဝေးသော ပဲခူး အထိ ပြန့်နှံ့ သွားသည်။ ပဲခူး၌ အနည်းဆုံး လူ ၇၀ ပစ်သတ် ခံရသည်။ မော်လမြိုင်နှင့် ပြည်မြို့ တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားသည်။ မန္တလေး ဆေးတက္ကသိုလ် သင်တန်း အားလုံး ရပ်ပစ် လိုက်သည်။
 
== ဇူလိုင်လ ==
(၁) ရက်။
"https://my.wikipedia.org/wiki/၁၉၈၈" မှ ရယူရန်