၁၉၈၈: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၀၆ -
== ဩဂုတ်လ ==
(၁) ရက်။
::* မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်က သြဂုတ်လ ၈ ရက်နေ့တွင် တပြည်လုံး အနှံ့ အထွေထွေ သပိတ်ကြီး ဆင်နွှဲရန် ဆော်သြသည့် စာရွက် စာတမ်းများ ဖြန့်ဝေ ကြသည်။
::*
(၂) ရက်။
::*ဦးစိန်လွင်နှင့် တခြား ပါတီ ခေါင်းဆောင်များက ပျက်သုန်း သွားသည့် စီးပွားရေး ပြန်လည် ရှင်သန်ရန် အစီအစဉ် များကို ဆွေးနွေး ကြသည်။ ရွှေတိဂုံ ဘုရား အပြင် ဘက်၌ ကျောင်းသားများ အစည်းအဝေး ကျင်းပကာ ဟောပြော ကြသည်။
(၃) ရက်။
::* ညနေ ၆ နာရီတွင် ရန်ကုန်မြို့၌ စစ်ဥပဒေ အမိန့် ထုတ်ပြန်သည်။ ဆန္ဒပြသူ တသောင်းက အမိန့်ကို ဖီဆန်၍ မြို့တွင်းသို့ လှည့်လည် ဆန္ဒ ပြကြသည်။
(၅) ရက်။
::*စစ်ဥပဒေကို ဖီဆန်မှုဖြင့် ရာပေါင်း များစွာသော ပြည်သူ တို့ကို ဖမ်းဆီး လိုက်သည်။ သို့သော် ဆန္ဒ ပြပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။
(၆) ရက်။
::*တရားဝင် နယ်စပ် ကုန်သွယ်ရေး ဖွင့်လှစ်ရန် သဘော တူညီမှုကို တရုတ်ပြည် ယူနန်နယ်ရှိ ထုတ်ကုန် သွင်းကုန် ကော်ပိုရေးရှင်းနှင့် မြန်မာ့ ကုန်သွယ်ရေး ဝန်ကြီး ဌာန တို့က လက်မှတ် ရေးထိုး ကြသည်။ အထက် မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားကာ ရေနံချောင်း၊ သနပ္ပင်နှင့် ပဲခူးမြို့ တို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်သည်။
(၈) ရက်။
::*ရန်ကုန်မြို့ လမ်းပေါ်တွင် ဆန္ဒပြပွဲများ အများအပြား ပြုလုပ်ခြင်းဖြင့် အထွေထွေ သပိတ်ကြီးကို စတင် ကြသည်။ ထောင်ပေါင်း များစွာသော ဆန္ဒပြ လူထုက ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရန်၊ မဆလ ပါတီ နှုတ်ထွက် ပေးရန်နှင့် ဆိုရှယ်လစ် စီးပွားရေး စနစ် အဆုံး သတ်ရန် တောင်းဆို ကြသည်။ တနိုင်ငံလုံးရှိ အဓိက မြို့များနှင့် အခြား မြို့ရွာ များတွင် အလားတူ ဆန္ဒပြပွဲများ တပြိုင်နက် ကျင်းပ ပြုလုပ် ကြသည်။ အစတွင် စစ်တပ်က နောက်ကွယ်၌ နေပြီး ည ၁၁ နာရီ ၄၅ မိနစ်တွင် တပ်သားများက မြို့တော်ခန်းမ အပြင်ဘက်ရှိ ဆန္ဒပြ နေကြသူ လူအုပ် ထဲသို့ မောင်းပြန် သေနတ်များဖြင့် ပစ်ခတ် ကြသည်။
 
== စက်တင်ဘာလ ==
(၁) ရက်။
"https://my.wikipedia.org/wiki/၁၉၈၈" မှ ရယူရန်