၁၉၈၈: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၁၁ -
== အောက်တိုဘာလ ==
(၁) ရက်။
::*ယူနီဆက် (UNICEF) နှင့် နိုင်ငံ တကာ ကြက်ခြေနီ အဖွဲ့ကြီးက မြန်မာပြည်သို့ လေကြောင်းဖြင့် ဆေးဝါးများ တင်ပို့ ပေးသည်။ ကျောင်းသား တသောင်း ခန့်နှင့် အခြား ဒီမိုကရေစီ လိုလားသော ဆန္ဒ ပြသူများသည် ထိုင်း၊ တရုတ်၊ အန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသ များသို့ ထွက်ပြေး လာကြသည်။
::*
(၃) ရက်။
::* အထွေထွေ သပိတ် ပြိုကွဲ သွားသည်။ အစိုးရက ဝန်ထမ်းများ အလုပ်ခွင်သို့ ဝင်ရောက်ရန်နှင့် မလိုက်နာ ပါက အလုပ်မှ ထုတ်ပယ်မည် (သို့မဟုတ်) အခြား အပြစ် ပေးမည်ဟု ခြိမ်းခြောက်၍ အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက် စေသည်။
(၆) ရက်။
::*စစ်တပ် အတွက် လက်နက် ခဲယမ်းများ သင်္ဘောဖြင့် စင်္ကာပူမှ ရောက်လာသည်။ စစ်တပ်က ရန်ကုန်မြို့မှ ပြည်သူ များအား လူမျိုးစု သူပုန်များကို တိုက်ခိုက်ရာတွင် ပေါ်တာ အဖြစ် အတင်းအကြပ် စေခိုင်းမှု စတင် ပြုလုပ်သည်။ အာဏာသိမ်း အပြီး၌ နယ်စပ်သို့ ထွက်ပြေး သွားခဲ့သူများ အညံ့ခံ၍ ပြန်လည် ဝင်ရောက် လာနိုင်ရန် နယ်စပ် ဒေသ များတွင် ကြိုဆိုရေး စခန်း ၂၇ ခုကို ဖွင့်လှစ် လိုက်သည်။ စစ်တပ်က ကျောင်းသားများ နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံး ထား၍ ကြိုဆိုရေး စခန်း များသို့ ရောက်မလာ ကြလျှင် ၎င်းတို့အား သူပုန် အဖြစ် သတ်မှတ် မည်ဟု ပြောကြား လိုက်သည်။
(၇) ရက်။
::*ဂျပန်က ယူနီဆက်မှ တဆင့် မြန်မာပြည်သို့ အရေးပေါ် ကူညီ ထောက်ပံ့မှုကို ပေးအပ် သွားမည်ဟု ကြေညာသည်။ မြန်မာနိုင်ငံ ကုလ သမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် မောင်မောင်ကြီးက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ပြုလုပ် ပေးမည်ဟု ကတိ ပြုခဲ့သည်။ ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူ များကို ဖမ်းဆီးခြင်းနှင့် တိတ်တဆိတ် ညှဉ်းပမ်း သတ်ဖြတ်မှုများ ဆက်လက် ဖြစ်ပွား နေသည်။ စစ်တပ်က သြဂုတ်လနှင့် စက်တင်ဘာလ အတွင်းက ဖြစ်ပွား ခဲ့သော ဆန္ဒပြပွဲ များတွင် ပါဝင် ခဲ့သည့် ရာပေါင်း များစွာသော ဝန်ထမ်း များကို အလုပ်မှ ဖြုတ်ပစ် လိုက်သည်။
(၁၂) ရက်။
::*ကေအန်ယူ သူပုန်များက ၁၉၈၄ ခုနှစ် ဇန်နဝါရီလတွင် စစ်တပ်က သိမ်းပိုက် ခဲ့သော ထိုင်းနယ်စပ် အနီးရှိ သူတို့၏ စခန်းဟောင်း မယ်သဝေါကို ပြန်လည် သိမ်းပိုက် လိုက်သည်။
(၁၇) ရက်။
::* သြဂုတ်လ ကတည်းက ပိတ်ခဲ့သော ရန်ကုန်မြို့မှ ဘဏ်တိုက် များကို ပြန်လည် ဖွင့်လှစ် လိုက်သည်။
(၂၆) ရက်။
::*ရွှေတိဂုံ ဘုရား အပြင် ဘက်တွင် ကျောင်းသားများ စုရုံး ကြပြီး အစိုးရ ဆန့်ကျင်သည့် ကြွေးကြော်သံ များကို အော်ဟစ် ကြသည်။ စစ်တပ် ရောက်လာသည့် အခါ ကျောင်းသား များက လူစု ခွဲလိုက် ကြသည်။
(၃၀) ရက်။
::*လုံခြုံရေး တပ်သား များက သူတို့ ပျောက်သွားသည့် သေနတ် များကို သရက်တော ကျောင်းတိုက် အတွင်းမှ ပြန်လည် တွေ့ရှိပြီ ဖြစ်ကြောင်း မြန်မာ့ အသံမှ ကြေညာသည်။
::*ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ်၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း တို့ရှိ မြို့/ရွာ ၅၀ ကျော် တို့ကို လှည့်လည်၍ စည်းရုံးရေး ဆင်းရာ ထောင်ပေါင်း များစွာသော လူထု ပရိသတ် များက သောင်းသောင်းဖျဖျ ကြိုဆို ကြသည်။
(၃၁) ရက်။
::* စစ်အစိုးရ အဖွဲ့မှ ဗိုလ်မှူးကြီး အေဘယ်လ်က မြန်မာပြည် အနေနှင့် ၂၆ နှစ် တာမျှ ကုန်သွယ်ရေး ချုပ်ကိုင်မှုကို အဆုံး သတ်လိုက်ကြောင်း ကြေညာသည်။ ဗိုလ်မှူးကြီး အေဘယ်လ်က နိုင်ငံခြားမှ ရင်းနှီး မြှုပ်နှံမှု ကိုလည်း ကြိုဆိုကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။
 
== နိုဝင်ဘာလ ==
(၁) ရက်။
"https://my.wikipedia.org/wiki/၁၉၈၈" မှ ရယူရန်