၁၉၈၈: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၃၂ -
== နိုဝင်ဘာလ ==
(၁) ရက်။
::* နိုင်ငံခြားတွင် အမှုထမ်း နေသူများကို ဖယ်ရှားခြင်းများ စတင်သည်။ နိုင်ငံခြားမှ သံတမန်များ ကိုလည်း ပြန်လည် ခေါ်ယူ လိုက်သည်။
::*
(၂) ရက်။
::* မှတ်ပုံတင် ထားသည့် နိုင်ငံရေး ပါတီပေါင်း ၄၃ ခုက နယ်စပ် ဒေသများမှ ပြန်လည် ရောက်ရှိ လာသော ကျောင်းသား များအား ဖမ်းဆီးခြင်းနှင့် နှောင့်ယှက်ခြင်း များကို ကန့်ကွက် လိုက်သည်။
(၄) ရက်။
::* ဗြိတိန် နိုင်ငံက မြန်မာ နိုင်ငံသို့ ပေးအပ် နေသော အကူအညီ များကို ရပ်စဲ လိုက်သည်။
(၅) ရက်။
::* ထိုင်းနယ်စပ် ဒေသ တဝိုက်ရှိ ကျောင်းသား များက ကရင် သူပုန် စစ်စခန်းတွင် ပြုလုပ် ခဲ့သော အစည်းအဝေး တရပ်၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ခေါ် All Burma Students' Democratic Font (ABSDF) ကို ဖွဲ့စည်း လိုက်သည်။
(၈) ရက်။
::*ကင်ဘရာမြို့ရှိ မြန်မာ သံရုံးမှ သံတမန် ၃ ဦး သြစတြေးလျ နိုင်ငံ၌ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသည်။ အလုပ် ဖြုတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ခေါ်ယူ စစ်ဆေး သုတ်သင်ခြင်းများ ဆက်လက် ပြုလုပ်လျက် ရှိသည်။
(၉) ရက်။
::*ရန်ကုန်မြို့တွင် ရဟန်းရှင်များ ဦးစီး ကျင်းပသည့် ဆန္ဒပြပွဲကို တားဆီးခြင်း ခံရသည်။
(၁၂) ရက်။
::*ထိုင်း အစိုးရက ထိုင်း ကျောင်းသားနှင့် လူ့အခွင့်အရေး အဖွဲ့အစည်း များ၏ ဝေဖန် ပြစ်တင်မှုကြောင့် ထိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ပရာပတ်စ်လင်ပါဖန် မြန်မာ နိုင်ငံသို့ အလည်အပတ် သွားမည့် ခရီးစဉ်ကို ဖျက်လိုက်သည်။
(၁၅) ရက်။
::*အမေရိကန် လွှတ်တော်မှ ဒါနာရိုရာဗက်ချာ (Dana Rohrabacher) ထိုင်း နယ်စပ်ရှိ သေဘောဘိုး စခန်းသို့ သွားပြီး စိတ်ဓာတ် အရ လည်းကောင်း၊ နိုင်ငံရေး အရ လည်းကောင်း ကူညီ အားပေးရန် ကတိ ပေးလိုက်သည်။
(၁၆) ရက်။
::*နယ်စပ်သို့ ထွက်ပြေး သွားသော ကျောင်းသား များကို ပြန်လက်ခံရန် သတ်မှတ်ရက် အချိန် ကာလကို နှစ်ကုန်သည် အထိ တိုးမြှင့် ပေးလိုက်သည်။
(၁၉) ရက်။
::*အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုမှ လူမျိုးစု သူပုန်၁၀ ဖွဲ့၊ မြေအောက် ကျောင်းသား အဖွဲ့ ၁၂ ဖွဲ့နှင့် အတိုက်အခံ ပါတီ အဖွဲ့အစည်း များသည် ထိုင်းနယ်စပ် အနီးရှိ ကလယ်ဒေး စခန်းတွင် တွေ့ဆုံ ဆွေးနွေး ကြပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ (Democratic Alliance of Burma, DAB) ကို ဖွဲ့စည်း လိုက်သည်။ ဥက္ကဋ္ဌ အဖြစ် ကေအန်ယူ ခေါင်းဆောင် ဗိုလ်မြ၊ ဒုဥက္ကဋ္ဌ အဖြစ် ကချင် သူပုန် ခေါင်းဆောင် ဘရမ်ဆိုင်း တို့အား ရွေးချယ် တင်မြှောက် ကြသည်။
(၂၂) ရက်။
::*ထိုင်း အစိုးရက စောမောင် အာဏာ သိမ်းပြီးနောက် ထွက်ပြေး ခဲ့သော ကျောင်းသား များကို ထိုင်းနိုင်ငံ၌ ယာယီ ခိုလှုံခွင့် ပေးလိုက်သည်။
(၂၄) ရက်။
::*မလေးရှား နိုင်ငံ သံအမတ်သည် သူ၏ သံတမန် ခန့်အပ်လွှာကို ဗိုလ်ချုပ် စောမောင် အစိုးရအား ပေးအပ် ခဲ့သဖြင့် စစ်အစိုးရနှင့် ပထမဦးဆုံး ဆက်သွယ်သော နိုင်ငံ ဖြစ်လာသည်။
(၃၀) ရက်။
::*စစ်အစိုးရသည် နိုင်ငံခြားငွေ ရရှိနိုင်ရန် ၎င်း၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ကြေညာ ခဲ့သည်။
 
== ဒီဇင်ဘာလ ==
(၁) ရက်။
"https://my.wikipedia.org/wiki/၁၉၈၈" မှ ရယူရန်