၁၉၈၈: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၅၉ -
 
== ဒီဇင်ဘာလ ==
() ရက်။
::*ဦးအောင်ကြီးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကွန်မြူနစ်ဟု စွပ်စွဲခြင်း ခံရသော သူ ၈ ဦးကို ထုတ်ပယ်ရန် ငြင်းဆန် ခဲ့သဖြင့် ထို အဖွဲ့ချုပ်မှ နှုတ်ထွက် လိုက်သည်။
::*
(၁၀) ရက်။
::*အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ဦးတင်ဦးအား ရွေးချယ် တင်မြှောက် လိုက်သည်။
(၁၄) ရက်။
::*ထိုင်းနိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗာလစ် ယောင်ချာယွတ် မြန်မာပြည်သို့ သွားရောက်ပြီး ထိုင်း - မြန်မာ နယ်စပ် များတွင် နေထိုင်လျက် ရှိသည့် အစိုးရ ဆန့်ကျင်ရေး ကျောင်းသား များကို ပြန်လည် ပို့ဆောင် ပေးရန် အတွက် အပြန်အလှန် သဘောဖြင့် ရရှိခဲ့သည့် မြန်မာ အစိုးရ၏ ရက်ရော လှသော သစ်ခုတ်ခွင့်နှင့် ငါးဖမ်းခွင့်များ ပိုက်၍ ထိုင်း နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသည်
(၁၆) ရက်။
::* ဦးအောင်ကြီးက ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ ပါတီကို ထူထောင် လိုက်သည်။
(၁၈) ရက်။
::*ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည် အရှေ့တောင်ပိုင်း ခရီးမှ ရန်ကုန်သို့ ပြန်ရောက် လာသည်။ ထိုဒေသ တွင်လည်း ဒေသခံ ပြည်သူ လူထု အများစု၏ ထောက်ခံ ကြိုဆိုမှု ရလာ ခဲ့သည်။
(၁၉) ရက်။
::*လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ ခေါင်းကြီးပိုင်းတွင် နိုင်ငံရေး ပါတီများ အနေနှင့် လိုက်နာရမည့် စည်းကမ်း၊ တရား ဥပဒေနှင့် အစိုးရ အမိန့် ထုတ်ပြန် ကြေညာချက် များကို လိုက်နာ ကြရန် ဖြစ်ပြီး ပြည်သူ များကို သွေးထိုး လှုံ့ဆော်ရန် အချိန် မဟုတ် တော့ကြောင်း ရေးသား လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က "သန့်ရှင်းပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင် မဖြစ်နိုင် ကျွန်မတို့ မေးကြ ရပါမယ်။ ကျွန်မတို့က ဒါကို ဆန့်ကျင် နေတာ ဖြစ်ပါတယ်" ဟု ပြန်လည် ဖြေကြားသည်။
(၂၁) ရက်။
::*ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်ချုပ်ကြီး ချာဗာလစ် ယောင်ချာယွတ်တို့ ရခဲ့သည့် သဘော တူညီမှု၏ တစိတ် တဒေသ အဖြစ် ထိုင်း နယ်စပ်မှ ကျောင်းသား များအား မြန်မာပြည် ပြန်ပို့ရန် အတွက် ထိုင်းနိုင်ငံ တာ့ခ်လေဆိပ် အနီး၌ ကြိုဆိုရေး စခန်း တခု ဖွင့်လှစ် လိုက်သည်။ အစိုးရ စစ်တပ်မှ မယ်သဝေါ ကရင် သူပုန် စခန်းကို ပြန်လည် သိမ်းပိုက် လိုက်သည်။
(၂၆) ရက်။
::*ပထမ အသုတ် ဖြစ်သော မြန်မာ ကျောင်းသား ၈၀ ကို ထိုင်းနိုင်ငံ တာ့ခ်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ပို့ဆောင် ပေးလိုက်သည်။
 
(၂၇) ရက်။
::*[[ဗိုလ်ချုပ်အောင်ဆန်း]]၏ဇနီး၊ ဒေါ်[[အောင်ဆန်းစုကြည်]]၏ မိခင် ဖြစ်သူ [[ဒေါ်ခင်ကြည်]] (အသက်- ၇၆ နှစ်) ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ထိုင်း အစိုးရက မြန်မာ အစိုးရအား ထိုင်းလေကြောင်း ပိုက်နက် ထဲတွင် လေယာဉ်ပျံဖြင့် နယ်စပ် ဒေသ များကို ကောင်းကင် ဓာတ်ပုံ ရိုက်နိုင်ရန် ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ ခွင့်ပြု လိုက်သည်။
 
==ကိုးကား==
"https://my.wikipedia.org/wiki/၁၉၈၈" မှ ရယူရန်