ရုဒေါ့ဖ် ဒီဇယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၁ -
တစ်နှစ်အကြာတွင် ဒီဇယ်သည် ထိုရေခဲစက်၏ [[ဒါရိုက်တာ]]အဖွဲ့၀င်ဖြစ်လာခဲ့သည်။ ၁၈၈၃တွင် [[မာသာဖလက်ရှေး]] (Martha Flasche) နှင့်အကြောင်းပါကာ လက်ဆက်ခဲ့သည်။ ပရော်ဖက်ဆာ လိုင်ဒေးနှင့် ဆက်လက်တွဲဖက်လုပ်ကိုင်ကာ ပြင်သစ်နှင့်ဂျာမနီတွင် [[မူပိုင်ခွင့်]] အတော်များများကို ပိုင်ဆိုင်ခဲ့သည်။
 
၁၈၉၀ နှစ်ဦးပိုင်းကာလတွင် ဒီဇယ်တို့ မိသားစုသည် [[ဘာလင်]]မြို့ သို့ပြောင်းရွှေ့ခဲ့ကြသည်။ ဒီဇယ်သည် ပရော်ဖက်ဆာ လင်ဒေး၏ အမည်ဖြင့် [[မှတ်ပုံတင်]]ထားသော မူပိုင်ခွင်႔များကို သုံးစွဲခွင့် မရှိသည့်အတွက် ရေခဲစက်နှင့်အအေးခန်း လုပ်ငန်းများအပြင် တခြားသောလုပ်ငန်းများသို့လည်း ခြေဆန့်ရန် ကြိုးစားလာခဲ့သည်။ ပထမဦးစွာ ရေနွေးငွေ့၏ သဘောသဘာ၀များနှင့် လောင်စာများ၏ စွမ်းရည်များကို လေ့လာခဲ့သည်။ ထို့နောက်တွင်မူ [[ရေနွေးငွေ့အင်ဂျင်]]ကို [[အမိုနီးယား]] အငွေ့ ဖြင့်စမ်းသပ်မောင်းနှင်ရန် ကြိုးစားခဲ့သည်။ စမ်းသပ်နေစဉ် အတွင်းမှာပင် ထိုအင်ဂျင်မှာ ပေါက်ကွဲ၍ ဒီဇယ်လည်း သေလုမတတ်အနာတရဖြစ်ခဲ့သည်။ လပေါင်းများစွာဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။ ဆေးရုံမှဆင်းလာပြီးနောက် ၁၈၉၃တွင် [[Carnot Cycle]] ကို အခြေခံကာ အင်ဂျင်စက် တမျိုးကို စတင်တီထွင်ခဲ့သည်။ ထို့နောက်ဒီဇယ်သည် Theorie und Konstruktion eines rationellen Wärmemotors zum Ersatz der Dampfmaschine und der heute bekannten Verbrennungsmotoren [Theory and Construction of a Rational Heat-engine to Replace the Steam Engine and Combustion Engines ] ကိုရေးသားထုတ်ဝေခဲ့သည်။ ယင်းသည်ပင် ယနေ့ဒီဇယ်ဆီသုံးအင်ဂျင်များ၏ တီထွင်မှု အစဖြစ်သည်။
 
==နှောင်းပိုင်းဘ၀==
ဒီဇယ်သည် နောက်ပိုင်းတွင် [[သာမိုဒိုင်းနမစ်]] သီဝရီ ကိုသာမက လောင်စာများ၏ လက်တွေ့တွင်တွေ့ရှိရသော အကန့်အသတ်များပါ နာလည်လာခဲ့သည်။ အလွန်ကောင်းပါသည်ဟုဆိုသော ရေနွေးငွေ့အင်ဂျင်များပင်လျှင် [[လောင်စာ]]မှပေးလိုက်သော [[စွမ်းအင်]]၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းသာ ပြန်လည်ရရှိသည်။ ၉၀ရာခိုင်နှုန်းသော လောင်စာတို့၏ စွမ်းအင်မှာ အလေအလွင့် ဖြစ်သွားသည်။ ထိုအင်ဂျင်များထက် စွမ်းအင်ပိုမိုမြင့်မားသော အင်ဂျင်မျိုးကို တီထွင်နိုင်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။ Carnot Cycle ပေါ်တွင်ခြေခံကာ ကြိုးစားဒီဇိုင်းပြုလုက်ခဲ့သော်လည်း၊ နောက်ပိုင်းတွင်မူ သူ၏ကိုယ်ပိုင်နည်းလမ်းများဖြင့်လည်း ကြိုးစားလာခဲ့သည်။ နောက်ဆုံးတွင်သူ၏ ကိုယ်ပိုင်ဒီဇိုင်းနှင့် အင်ဂျင်ကိုတီထွင်နိုင်ခဲ့ပြီး မူပိုင်ခွင့်လည်းရယူ နိုင်ခဲ့ပါသည်။ သူ၏ အင်ဂျင်ဒီဇိုင်းမှာ လောင်စာကို ဖိအားသွင်းမှု၏ နောက်ဆုံးအဆင့်တွင် ပေးသွင်း၍ မီးရှို့ခြင်းကို ဖိအားကြောင့်ထွက်ပေါ်လာသော အပူဖြင့်ပြုလုပ်ပါသည်။ Theory and Construction of a Rational Heat-engine to Replace the Steam Engine and Combustion Engines သီအိုရီပေါ်အခြေပြုကာ အလုပ်လုပ်နိုင်သည့်အင်ဂျင်ဒီဇိုင်းကိုသူတီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ထိုအင်ဂျင်ဒီဇိုင်းများကို [[ဒီဇယ်အင်ဂျင်]]ဟုခေါ်၍၊ ၄င်းအင်ဂျင်တို့အတွက် အသုံးပြုရသော လောင်စာဆီကို ဒီဇယ်ဆီဟုခေါ်သည်။ ရုဒေါ့(ဖ်)သည် ယင်းအင်ဂျင်ဒီဇိုင်းနှင့်ပတ်သက်၍ ဂျာမနီနိုင်ငံ အပါအ၀င် တခြားနိုင်ငံများတွင်လည်း မူပိုင်ခွင်များ ရရှိခဲ့ပါသည်။
 
==ကွယ်လွန်သေဆုံးခြင်း==
၁၉၁၃ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဒီဇယ်သည် ဒီဇယ်လောင်စာဆီထုတ်လုပ်သူ တစ်ဦးနှင့်တွေ့ဆုံရန် [[SS Dresden]] အမည်ရှိ [[သဘောၤ]] နှင့် အင်္ဂလန်နိုင်ငံသို့ထွက်ခွာခဲ့ပါသည်။ ညစာစားပြီးနောက် အနားယူရန် ည၁၀နာရီခန့်တွင် ၄င်း၏အခန်းသို့ပြန်ခဲ့ပါသည်။ နောက်နေ့နံနက် ၆နာရီ ၁၅မီနစ်တွင် သူ့ကိုနှိုးရန်လည်းမှာကြားခဲ့ပါသည်။ နံနက်တွင်သူ့ကိုမတွေ့ရတော့ပါ။ နောက် ၁၀ရက်ကြာသောအခါတွင် [[ဒတ်ချ်]]၊[[သဘောၤသား]]တစ်ယေက်မှ သူ၏အလောင်းကိုတွေ့ရှိခဲပါသည်။ အလောင်းမှာ ပုပ်ပွနေပြီဖြစ်သောကြောင့် ဆယ်ယူခဲ့ခြင်းမပြုခဲ့သော်လည်း၊ အသုံးအဆောင်များကိုမူ အလောင်းပေါ်မှ ပြန်လည်ဆယ်ယူခဲ့ကာ၊ အလောင်းကိုရေတွင်ပြန်မျှောခဲ့ပါသည်။ [[အောက်တိုဘာ]]မှ ၁၃ရက်နေ့တွင် ယင်းအသုံးအဆောင်များသည် ဖခင်ပိုင်အသုံးအဆောင်များဟု [[ယူဂျင်းဒီဇယ်]] (Eugene Diesel) မှထွက်ဆိုကာ လက်ခံရယူခဲ့ပါသည်။ ဒီဇယ်၏ကွယ်လွန်သေဆုံးမှုနှင့်ပတ်သက်၍ တချို့ပညာရှင်များက သတ်သေသည်ဟု၄င်း၊ တချို့ကမူ အသတ်ခံရသည်ဟူ၍၄င်း၊ အမျိုးမျိုးထင်မြင်ချင်ပေးကြသော်လည်း၊ အဖြစ်မှန်ကိုမူ မည်သူမျှ အတိအကျ မပြောနိုင်ပါ။
 
==အကိုးအကား==
1) English Wikipedia မွ Article, Rudolf Diesel ကိုမှီငြမ်းရေးသားပါသည်။
http://en.wikipedia.org/wiki/Rudolf_Diesel