"အာနန္ဒာဘုရား" ၏ တည်းဖြတ်မှု မူကွဲများ

၄၆၃၀၁ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၈ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (Robot: Cosmetic changes)
 
ပုဂံတွင်ရှိသော စေတီပုထိုးများထဲတွင် အာနန္ဒာစေတီသည် လက်ရာအမြောက်ဆုံး၊ အနုအစိတ်ဆုံး၊ ဘုရားအဖြစ် ကျော်ကြားသည်။ အာနန္ဒာစေတီ၏ အနုလက်ရာများကို လေ့လာခြင်းဖြင့် ရှေးမြန်မာတို့၏ ဗိသုကာပညာကို သိရှိနိုင်ပါသည်။ <ref>(အလင်းစေတမန်မှ ကူးယူဖော်ပြသည်)</ref>
==အာနန္ဒာဘုရား==
 
ပုဂံပြည့်ရှင် ကျန်စစ်သားမင်း၏ ကောင်းမှု
တော်ဖြစ်သော အာနန္ဒာဘုရားသည် ပုဂံဘုရား များအနက်
အလွန်တရာ အချိုးအစားကျန လှပတင့်တယ်၍ ချီးကြူးဖွယ်
အကောင်းဆုံးသော ဘုရားတစ်ဆူ ဖြစ်သည်။ ရှေးမြန်မာ့
ဗိသုကာပညာ၏ အပြောင်မြောက်ဆုံးသော လက်ရာကို
အာနန္ဒာဘုရား၌ တွေ့ရ သည်။ ထိုဘုရားသည် စေတီဘုရား
မဟုတ် ဂူဘုရားဖြစ်သည်။ ပုဂံမြို့ သရဘာတံခါး၏ အရှေ့
ဘက်အနီး၌ တည်ရှိလေသည်။
ကျန်စစ်သားမင်းတရားသည် ခမည်းတော် အနော်ရထာ၏
ကုသိုလ်တော်ဖြစ်သော ရွှေစည်းခုံစေတီတော်ကို ထပ်မံမွမ်းမံ၍
အပြီးသတ် တည်ဆောက်ပြီးလေသော် အကြံတစ်ခု ဖြစ်ပေါ်
သည်။ ထိုအကြံကား ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော
ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမဘုရားရှင်တို့အား
ရည်စူး၍ ဂေါတမ ဘုရားရှင်၏ အရပ်တော် ၁၈ တောင်
ပမာဏဖြင့် ရပ်တော်မူဟန် လေးဆူသောရုပ်ပွားတော်များကို
ထုလုပ် ပူဇော်လိုသော အကြံဖြစ်ပေသည်။ ထိုလေးဆူသော
ရုပ်ပွားတော်များကို ကိုးကွယ်ပူဇော်ထားရန် အဘယ် သို့သော
ပုံသဏ္ဌာန်ရှိသည့် အဆောက်အအုံဖြင့် ကြည်ညိုဖွယ်ဖြစ်အောင်
တည်ဆောက်ကိုးကွယ်ရအံ့နည်းဟု ကြံစည်တွေးတောနေ
တော်မူခဲ့လေသည်။
ထိုအတွင်း၌ပင် ရဟန္တာရှစ်ပါးတို့သည် မင်းကြီးနန်းတော်၌
ဆွမ်းရပ်လာကြသည်။ မင်းကြီးလည်း ကြည်ညိုစွာဖြင့် ဆွမ်လုပ်
ကျွေးပြီးလျှင် မည်သည့်အရပ်က ကြွလာကြောင်း မေးမြန်း
လျှောက်ထားသော် (ဟိမဝန္တာ အရပ်) ဂန္ဓာမာဒနတောင်မှ ကြွ
လာကြောင်း မိန့်ကြားကြသည်။ ထိုအခါ မင်းတရားကြီးသည်
အရှင်မြတ် တို့အား အလွန်သဒ္ဓါကြည်ညိုလှသဖြင့် ဝါဆို
ကျောင်းဆောက်၍ လှူပြီးလျှင် ဝါတွင်းသုံးလပတ်လုံး နန်း
တော်သို့ ပင့်၍ ဆွမ်းလုပ်ကျွေးတော်မူသည်။ တစ်ရံခါသော်
ကျန်စစ်သားမင်းတရားက အရှင်မြတ်တို့အား အရှင်မြတ်တို့
သီတင်းသုံးခဲ့ရာ ဂန္ဓမာဒနတောင်ရှိ နန္ဒမူလ လိုဏ်ဂူကို
တန်ခိုးတော်ဖြင့် သဏ္ဌာန်တူစွာပြု၍ ပြတော်မူရန် လျှောက်
တောင်းပန်သည်။ အရှင်မြတ်တို့ကလည်း တန်ခိုးဖြင့် ပြတော်မူ
သော် နန္ဒမူလလိုဏ်ဂူ၏ တင့်တယ်သော အသရေကို မင်း
တရားကြီး အလွန်တရာ နှစ်သက်ကြည်ညိုခြင်း ဖြစ်သည်။
ထိုကြောင့် မူလ ရည်ရွယ်ရင်းရှိခဲ့သော ဘုရားရှင်လေးဆူတို့
စံပယ်ရန် နန္ဒမူလလိုဏ်ဂူသဏ္ဌာန် ကောင်းမှုတော် တစ်ဆူကို
တည်ဆောက်၍ ပူဇော်ကိုးကွယ်ရန် အကြံတော် ဖြစ်သည်။
ရဟန္တာအရှင်မြတ်တို့အားလည်း ကူညီစောင်မရန် လျှောက်ထား
တောင်းပန်သည်။ မထေရ်မြတ်တို့ကလည်း သဘောတူညီကြ
သဖြင့် သက္ကရာဇ် ၄၅၂ ခုနှစ်(ခရစ် ၁ဝ၉၁ ခုနှစ်)အတွင်း၌ပင်
အာနန္ဒဘုရားကို စတင် တည်ဆောက်ရန် စီမံလေသည်။
ကျန်စစ်သားမင်းသည် မိမိ၏ကောင်းမှုတော်ကို သာသနာ
အနှစ် ၅ဝဝဝ တည်စေရန် ရည်ရွယ်သဖြင့် မည်သည့်အရပ်၌
တည်ဆောက်ရအံ့နည်းဟု ဆင်ခြင်သည်။ ထိုအခါ သိကြားမင်း
ကြွလာလတ်၍ ဘုရား တည်ဆောက်ရမည့်အရပ်ကို ညွှန်ပြသည်
ဟုဆိုသည်။ မင်းတရားကြီးလည်း ထိုအရပ်၌ ဧရာဝတီမြစ်ရေ
တိုးစေကာမူ မိမိ၏ကောင်းမှုတော် မပါနိုင် မပြိုနိုင်စေရန်၊
မြေကို အစောက် သံတောင် ၆ဝ ရေတွက်အောင် တူးစေပြီး
သော် ရေမှ သံတောင် ၃ဝ နဂါးရစ်ကျောက်တို့ကို တည်ခင်း
စေ၏။ ထိုကျောက်တို့၏ အထက်၌ကား ဌာပနာအံ့သောငှာ
သံတောင် ၃ဝ ရှိ ဥမင်တိုက်ကို ဆောက်စေသည်။
မင်းတရားကြီး၏ ကောင်းမှုတော်အတွက် ဆောင်ရွက်ရသော
ပန်းရံတို့ကား ဗိသုကာလေးရာ၊ ကံကျွေး လေးသောင်းဖြစ်၍
လက်ခမှာ ရွှေစင်လေးသိန်းပေးရသည်။ ရဟန္တာအရှင်မြတ်
တို့လည်း ဌာပနာတိုက် ဆောက်လုပ်ရာ၌ ကူညီကြသည်။
ထိုအရှင်မြတ်တို့အပြင် သီတင်းသုံးဖော် အခြားသောရဟန္တာ
အရှင်မြတ် တို့ကလည်း ဝိုင်းဝန်းကြသဖြင့် ထိုကောင်းမှုတော်
တည်ဆောက်ရာ၌ ကူညီဝိုင်းဝန်းကြသော ရဟန္တာလေးကျိပ်
လေးပါးရှိသည်။ ကောင်းမှုတော်၏ တစ်မျက်နှာလျှင် ရဟန္တာ
တစ်ကျိပ်စီ စောင့်ရှောက်ကြသည်။ အခြား ရဟန္တာ လေးပါးတို့
ကမူ နန္ဒမူလလိုဏ်ဂူသို့ ကြွရောက်၍ လိုဏ်ဂူ၏ပုံပန်းအနေ
အထား အသေးစိတ်တို့ကို မျက်နှာ တစ်ခုစီ၌ လိုဏ်ဂူ၏ပုံပန်း
အနေအထား အသေးစိတ်တို့ကို မျက်နှာတစ်ခုစီ၌ ကြီးကြပ်နေ
တော်မူသော ရဟန္တာ တို့ကိုလည်းကောင်း၊ ဗိသုကာလေးရာ
တို့တွင် အကြီးဖြစ်သော ဗိသုကာလေးယောက်တို့ကို
လည်းကောင်း ညွှန်ကြားပြသပေးကြသည်။ ဝိသကြုံနတ်သား
ကမူ လေးမျက်နှာလုံးကို လှည့်လည်ကြည့်ရှု စီရင်သည်ဟု
ဆိုသည်။ ထိုပြင် ဗိသုကာအကြီး လေးယောက်တို့၏ နှလုံးတွင်
သူရဿတီ နတ်သမီး ဝင်ရောက်နေသည်ဟုလည်း ဆိုကြသည်။
ဌာပနာတော်တိုက်အတွင်း၌ သွင်းထားပူဇော်အပ်သော
ဓာတ်တော်များကား ဂေါတမဘုရားရှင်၏ လက်သန်းဓာတ်တော်
တစ်ဆူ၊ သွားတော်ဓာတ်တော်တစ်ဆူ၊ ပုဆစ်ခုန်ညင်းဓာတ်တော်
တစ်ဆူ၊ လည်ရိုးတော် တစ်ဆူ၊ ဦးခေါင်းဓာတ်တော်တစ်ဆူ၊
ပါးစောင်ဓာတ်တော်တစ်ဆူ၊ ဆံတော်ဓာတ်တော်တစ်ဆူတို့အပြင်
သရီရဓာတ်တော် အစစ်ချည်း ၃ဝဝ ကျော်တို့နှင့် သင်းပိုင်တော်
တို့လည်း ပါဝင်သည်။ ယင်းဓာတ်တော် မွေတော်တို့ကို
ပဲနောက် အဆင်းရှိသော ကျောက်ခွက်ဖြင့် အပြည့်ထည့် ပြီး
သော်၊ ရွှေစင် သုံးသိန်းဖြင့် သွန်းအပ်သော ဓာတ်တော်ကြုပ်၌
တစ်ဖန်ထည့်၍ ရတနာပန်းတောင်းထက်၌ ထားသည်။
ဌာပနာတိုက်အတွင်း၌ ကြေးဘုရား ဆင်းတုတော်ရှိရာ၊
ထိုရုပ်ပွားတော်၏ အထက်အောက်၌ ရွှေစင်ဖြင့် သွန်းအပ်သော
အရုပ်များရှိသည်။ ထိုရွှေစင်ရုပ်များကား ငရမာန်ကာန်းကို
မုဆိုး လေးနှင့်ပစ်ဟန်၊ ငရမာန် ကာန်း သေဟန်၊ ကျန်စစ်မင်း
ကြီး ဘုရားတည်မည့်အရပ်ရွေးဟန်၊သိကြားမင်းက ညွှန်ပြဟန်၊
ထိုနောက် ဂေါတမဘုရားအလောင်းတော် တောထွက်တော်မူ
သည်မှ ပရိနိဗ္ဗာန် ပြုတော်မူသည်အထိ ဗုဒ္ဓဝင်ခန်းများလည်း
ပါဝင်သည်။ ထိုရုပ်လုံးများ သွန်းလုပ်ရာ လူတို့အား နရတောင်
မှ နတ်တို့က ကူညီသည်ဟု ဆိုသည်။ ဂေါတမမြတ်စွာဘုရား
ပရိနိဗ္ဗာန်ပြုဟန် ပြုလုပ်ထားသော ရုပ်တုတော်သည် အနောက်
ဘက်သို့ မျက်နှာ မူလျက် ကြေးဘုရားအောက်၌ တည်ရှိသည်။
နေရဗာန်ဘုရား၏ ခေါင်းရင်းဝယ် ရွှေစင်ငါးသောင်းအကုန်ခံ၍
ပြုလုပ်ထားသော ဆင်းတုတော်ကား မလ္လာယုကျွန်းမှ
သာရစန္ဒရ သရက္ခာန်သား အနှစ်ဖြင့် ထုလုပ်ထား သည်။
ဌာပနာတိုက်အတွင်း အနောက်မျက်နှာ၌ကား နေရဗာန်ဘုရား၊
အရှေ့၊ တောင်၊ မြောက် သုံးမျက်နှာ တို့၌ကား ထက်ဝယ်ဖွဲ့ခွေ
ဆင်းတုတော်တစ်ဆူကျစီ ရှိသည်။ ရွှေစင်ဖြင့် သွန်းအပ်သော
ရဟန္တာရုပ်ပွား၊ ကျန်စစ်သားမင်းကြီး၏ ရုပ်တုများလည်း
လက်ဝဲ၊ လက်ယာ လေးမျက်နှာလုံး၌ ထားပေးသည်။ ထို့ပြင်
ဘုရားသခင် စကြ‡ကြွတော်မူခန်း၊ သာသနာတည်သမျှ အရိယာ
ရဟန်းတို့ စည်းဝေးဟန်၊ ရှင်အရဟံနှင့် အာနန္ဒာဘုရား
တည်ဆောက်ရာ၌ ကြပ်မတ်ပေးကြသော ရဟန္တာတို့၏
စည်းဝေးဟန်တို့ကိုလည်း ရွှေစင်ဖြင့် သွန်းထားသည်။ ရနိုင်
သမျှသော ပိဋကတ်၊ ဓမ္မသတ်၊ မန္တာန် စသည်တို့ကိုလည်း
ဌာပနာတိုက်အတွင်း၌ ထည့်သည်။ ဘုရားရှင်အား ရည်မှန်း၍
လှူဒါန်းထားသော ရွှေတုံး၊ ငွေတုံးတို့ကား ရှစ်ဆဲ့ရှစ်တုံးရှိရာ
တစ်တုံးလျှင် အချိန်သုံးသောင်း သုံးရာ သုံးဆဲ့ သုံးကျပ်
သုံးမတ်သားစီရှိသည်။ မိကျောင်းရုပ်ကို နဖားထွင်း ပြီးလျှင်
ရွှေတုံးကို ငွေကြိုး၊ ငွေတုံးကို ရွှေကြိုးဖြင့် သီထားသည်ဟု
ဆိုလေသည်။
ဌာပနတိုက်၏ မုခ်လေးမျက်နှာ၌ ဆီမီးလေးတိုင် ပတ္တမြား
လေးလုံးတို့ တည်ရှိရာ၊ ယင်းပတ္တမြား တို့၏ အရောင်သည်
နေရောင်၊ လရောင်၊ ဆီမီးရောင် ကဲ့သို့ ဌာပနာတိုက်အတွင်း
ထွန်းလင်းလျက်ရှိသည်။ မြတ်စွာဘုရား၏ ဓမ္မစကြာတရား
ဟောသံကို ယန္တရားဆင်၍ ဖန်တီးစီရင်ထားရာ၊ ကရဝိတ်ငှက်
၏ ကြွေး ကြော်သံကဲ့သို့ အလွန်တရာ သာယာလှသည်။
ထိုအသံကို နတ်ဗြဟ္မတို့က ကောင်းခြီးပေး၍ ခရုသင်း မှုတ်သံ၊
စည်၊စောင်းငြင်းတီးမှုတ်ဟန်တို့ကိုလည်း စီရင်ထားရာ၊ ဌာပနာ
တိုက်အတွင်း အသံသဲသဲ မြည်နေ သည်။ နတ်တို့ လက်ပန်း
ပေါက်ခတ်ဟန်၊ ပန်းပေါက်ပေါက်ကြဲဟန်တို့ကိုလည်းကောင်း၊
ဂန္ဓမာဒနတောင်၊ နန္ဒ မူလလိုဏ်ဂူဝ၌ မဉ္ဇူသက သစ်ပင်
အောက်ရှိ ဂန္ဓကုဋီတိုက်၌ ဘုရား ပစ္စေကဗုဒ္ဓ သာဝကတို့အား
နတ်တို့က ဒန်ပူကပ်ဟန်၊ ဇေတဝန်ကျောင်းတော်၌ ရှင်အာနန္ဒာ
က ဘုရားရှင် ပရိနိဗ္ဗာန် ပြုတော်မူသည့်အခါ သာဓုကီဠန
သတ္တာဟ၊ စိတကသတ္တာဟ၊ ဓာတုပူဇာ သတ္တာဟတို့နှင့်
ဓာတ်တော်ဝေခန်းတို့ကိုလည်းကောင်း ရွှေစင်ရုပ်များ သွန်းလုပ်
ထားသည်။ သင်္ဂါယနာသုံးတန် တင်ဟန်၊ ပြူစောထီးမင်း
သည် ဝက်ကြီးစသော ရန်သူများကို အောင်နိုင်ဟန် အရုပ်များ
ကိုလည်း ရွှေစင်ဖြင့် သွန်းလုပ်ထားသည်။ ထိုပြင် ရွှေဆင်းတု
ချည်းတစ်ထပ်၊ ငွေဆင်းတုချည်းတစ်ထပ်၊ လက်ဝဲ လက်ယာရံ
တို့နှင့်တကွ သွန်းလုပ်ထားသေးသည်။
အဖိုး အတိုင်းမသိသော ဌာပနာ ရတနာများကို ကာကွယ်
သောအားဖြင့် ခြင်္သေ့စက်၊ ကျားရဲစက်၊ နဂါး စက်၊ ဂဠုန်စက်၊
ခွေးရဲစက်၊ ဆိတ်ရဲစက်၊ နွားရဲစက်၊ ကျွဲရဲစက်၊ စိုင်ရဲစက်တို့ကို
လည်း ဌာပနာတိုက်၏ တံခါးအထက်၌ တန်အောင်ထားသည်။
တံခါးရွက်ကား အဖိုးအတိုင်း မသိထိုက်သည်။ တံခါးတွင်
ရွှေဘုရား၊ ငွေဘုရား၊ ပဉ္စလောဟာဘုရားများ ထားသည်။
ထိုများစွာသော ဘုရားတို့ကို ချီနိုင်မှသာလျှင် တံခါးကို ဖွင့်နိုင်
မည်။ တံခါးတစ်ခုပွင့်လျှင် တံခါးအကုန် ပွင့်နိုင်အောင် စီရင်
ထားလေသည်။
ဌာပနာတိုက်အတွင်းရှိ ကောင်းမူတော်အစုစုကို ရွှေကွန်ရက်၊
ငွေကွန်ရက်၊ ပုလဲကွန်ရက်၊ ကြေးကွန်ရက်၊ စန္ဒကူးသရက္ခာန်
ကွန်ရက်ဖြင့် ရံထားသည်။ ဌာပတိုက်၌ သွင်းအပ်သော ရုပ်လုံး
ရုပ်ပွားများကို ရွှေစင် သုံးကုဋေခြောက်သန်း အကုန်ခံ၍
သွန်းလုပ်ထားလေသည်။ ပြည့်ရှင်မင်းကြီးက မရေမတွကည်
နို်င်သော ရွှေငွေ ရတနာတို့ကို အကုန်ခံ၍ ကုသိုလ်ပြုသည်ကို
မြင်တွေ့ရသော ပြည်သူလူထုကလည်း ကြည်ညိုသဒ္ဓါတရား
ဖြစ်လာကြပြီးလျှင် များစွာသော ပစ္စည်းဥစ္စာတို့ကို ထည့်ဝင်
လှူဒါနးကြသည်။ မင်းကြီးသည် ဌာပနာတိုက် အတွင်း
လှူဒါန်းပူဇော်ထားသော ကောင်းမှုအစုံစုံကို ရှုမြင်တော်မူရလျှင်
သဒ္ဓါစိတ်လွန်ကဲကာ ပီတိသော မနဿစိတ် အလွန်ဖြစ်ပွားပြီး
လျှင် ဌာပနာတိုက်ကို မပိတ်မိဘဲ ရှိနေသဖြင့် ရဟန္တာ
အရှင်မြတ်များက တရားဟောကြားကာ ဌာပနာတိုက်ကို
ပိတ်စေရသည်။ ဖော်ပြခဲ့သောမြေအောက်ဌာပနာအပြင်
အထက်ဌာပနာတိုက် ၌လည်း မြတ်စွာဘုရား၏
ရုပ်ပွားတော် များကို ရွှေစင်
သုံးကုဋေခြောက်သန်း အကုန်ခံ၍ သွန်းလုပ်လှူဒါန်းသည်။
ရွှေလှေနှင့်မင်းများအရုပ်ကိုလည်း ရွှေစင်ဖြင့် သွန်း၍ ဌာပနာ
သည်။ မင်းများ အသုံးအဆောင်ဖြစ်သော စောင်းငြင်းတူရိယာ
တို့ကိုလည်း တီးသူ လူရုပ်နှင့်တကွလည်းကောင်း၊ နတ်သားရုပ်
တို့ကိုလည်းကောင်း ဌာပနာလေသည်။ ကျန်စစ်မင်းကြီးသည်
ပြူစောထီး စသော ရှေးဘေးလောင်းတော် ဘိုးလောင်းတော်
မင်းအဆက်ဆက်တို့ထံမှ ဆက်ခံရရှိသော ဓာတ်တော်၊ မွေတော်
၊ ကျောက်သံပတ္တမြား၊ ရွှေငွေဥစ္စာမှန်သမျှနှင့် မိမိ၏ဘုန်းကံ
ကြောင့် နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ လက်ဆောင် ပဏ္ဏာဆပ်
သလာသမျှတို့ကို စွန့်တော်မူမည်ဟု မိန့်ကြားပြီးလျှင် အတုမရှိ
သော ကောင်းမှုတော်ကို စီရင်စေလေသည်။
မင်းတရားကြီး၏ ကောင်းမှုတော်သည် ဘုရားရှင်၏ အနန္တ
ပညာကို ရည်မှတ်ပူဇော်ခြင်း ဖြစ်သဖြင့် အနန္ဒာဘုရားဟု
ဘွဲ့မည်တပ်ခဲ့သော်လည်း ကာလကြာမြင့်သော် အာနန္ဒာဘုရားဟု
ခေါ်တွင်ခဲ့လေသည်။ ထိုကူဘုရားသည် ပုဂံခေတ် ကူဘုရားများ
အနက် ဥာဏ်တော် မမြင့်မားလှသော်လည်း ထုထည်မသေးပဲ
အချိုးအစား ပြေပြစ်လှပသော ဘုရားတစ်ဆူ ဖြစ်သည်။
အောက်ခြေ ဖိနပ်တော်မှ ထီးတော်အထိ ဥာဏ်တော် ၁၆၈ ပေ
အမြင့်ရှိသည်။ အောက်ခြေတွင် လေးထောင့် ကုလားကျောင်း
ခံထားသည်။ ကုလားကျောင်း၏ အလယ်၌ အုတ်ဖြစ်ပြီးသော
ကန့်ကူဆံတုံးခေါ် မဏ္ဍိုင်ကြီးရှိရာ ဗဟို၌ ထုကြီး ထည်ကြီး
ဖြင့် တည်ဆောက် သော အိန္ဒိယ ကူဘုရားများနှင့်
ရှေးအီဂျစ်တို့၏ ပိရမစ်ကြီးများ တည်ဆောက်ပုံသဘောမျိုး
ဖြစ်သည်။
ကုလားကျောင်းမှ လေးဘက်မျက်နှာသို့ အာရုံခံမုခ်တစ်ခု
အသီးသီးထုတ်ထားပြီးလျှင် အလယ်မဏ္ဍိုင် ကြီး၏ ပတ်လည်၌
အတွင်းထပ်အပြင်ထပ် စင်္ကြံနှစ်ထပ် ရှိသည်။ အာနန္ဒာဘုရား၏
ပန္နက်ချပုံသည် ရှေးခေတ် ဂရိလူမျိုးတို့၏ သောတ္တိက၊
သို့မဟုတ် ကြက်ခြေခတ် ပန္နက်ပုံကဲ့သို့ ရှိသည်။ ထိုပြင်
ခရစ်ခုနစ်ရာစုနှစ်၊ သို့မဟုတ် ရှစ်ရာစုနှစ်က ယခု ဗင်္ဂလား
ပြည်နယ်၊ ပဟာပူရ၌ရှိခဲ့သော ဘုရား တန်ဆောင်းတစ်ခု၏
ပန္နက်ပုံနှင့် အာနန္ဒာ၏ ပန္နက်ပုံသည် ဆင်ဆင်တူကြောင်း
တွေ့ရလေသည်။ ကုလားကျောင်း၏ အလယ်ကို ဖြတ်သွားသော
ကြက်ခြေခတ်မျဉ်းတန်းနှစ်ခုသည် ပေ ၂ဝဝ စီ ရှည်လျား
သည်။ ယင်းမျဉ်းတန်းနှစ်ခုနှင့်ပြိုင်လျက် အတွင်းထပ်
အပြင်ထပ် စင်္ကြံနှစ်ခုမှ လိုဏ်ကြီးလိုဏ်ငယ်တို့ တန်းလျက်ရှိ
ကြသည်။ ကုလားကျောင်း၌လည်းကောင်း၊ အာရုဏ်ခံမုခ်များ၌
လည်းကောင်း၊ ရိုးရိုးလေသာ ပြတင်းများကို မသုံးဘဲ
ပဲပေါင်းချွန်း တန်းမုခ်ဝနှင့် မုဒ်ပြတင်းများကို အသုံးထားသည်။
ကုလားကျောင်း၏ နံရံသည် ၃၅ ပေ အမြင့်ရှိပြီးလျှင်
မုခ်ပြတင်း နှစ်ဆင့်ဖြင့် ဆင်ယင်ထားသည်။ ထိုပြတင်းများမှင်း
အတွင်း အပြင်စင်္ကြံများ၏ လိုဏ်ကြီးလိုဏ်ငယ်များမှ
လည်းကောင်း အလင်းဝင်ရောက်နိုင်သဖြင့် လိုဏ်ဂူကဲ့သို့သော
ကုလားကျောင်းစေတီ၏ အတွင်းပိုင်း၌ မှောင်ခြင်းမရှိချေ။
ပြတင်းနှင့် လိုဏ်ကြီးလိုဏ်ငယ် ၁၄ဝ ကျော်တို့မှ ည|င်းည|င်း
သာသာ တိုက်ခတ်သော လေအေးလေသန့်တို့ အဝင်အထွက်
ရှိနိုင်သဖြင့် ကူဘုရားအတွင်း ကောင်းမြတ်မျှတသော
ဥတုသပ္ပါယကို ဖြစ်စေပေသည်။
ကုလားကျောင်းမှ အထက်တွင် ရေဆင်း၊ သို့မဟုတ်
မိုးလျှော၊ ထိုအထက် ပထမ ပစ္စယာ၊ ထိုနောက်ဒုတိယ
ရေဆင်းနှင့် ဒုတိယပစ္စယာတို့ကို အဆင့်ဆင့်ပြုလုပ်ထားသည်။
ပစ္စယာ အဆင့်များတွင် ထောင့်စေတီ များစိုက်ထားသည်။
ဒုတိယပစ္စယာအထက်မှ ပစ္စယာသုံးဆင့်နှင့် ကွမ်းတောင်တက်
ပြီးလျှင် စေတီငယ် နှင့်ထီးကို စိုက်ထူထားလေသည်။
ကန့်ကူဆံတုံး၊ သို့မဟုတ် အလယ်မဏ္ဍိုင်ကြီး၏ ပတ်လည်
လေးဘက် လေးမျက်နှာ၌ မတ်ရပ်ဆင်တုတော်ကြီး တစ်ဆူစီ
အသီးသီးကိန်းဝပ်ရာ ဂန္ဓကုဋိတိုက်များရှိသည်။ ထိုမတ်ရပ်တော်
တို့ကား ဤကမ္ဘာ၌ ပွင့်တော်မူပြီးကုန်သော ဘုရားရှင်လေးဆူ
တို့ကို ရည်မှန်း၍ ပူဇော်ထားသော ၁၈ တောင်အရပ်တော်ရှိ
သည့် ရုပ်တုတော်များ ဖြစ်ကြသည်။ အရှေ့မျက်နှာ၌
စံပယ်သော ဆင်းတုတော်ကား မလ္လာယုကျွန်းမှရအပ်သော
သရက္ခာန်နံ့သာနှစ်ဖြင့် ထုလုပ်အပ်သည့် ကောဏာဂမန
မြတ်စွာဘုရားတည်း။ အနောက်မျက်နှာမှ ရှင်တော် ဘုရားကား
ပဉ္စလောဟာဖြင့်ပြီးသော ဂေါတမမြတ်စွာဘုရား၊ တောင်မျက်နှာ
မှ ဘုရားရှင်ကား ဟိမဝန္တာမှ ရအပ်သော ထင်းရှူးသားဖြင့်
ထုလုပ်ထားသည့် ကဿပမြတ်စွာဘုရား၊ မြောက်မျက်နှာမှ
ရုပ်ထုတော်ကား ဥဿပဲခူးပြည်မှ ဆက်သအပ်သော စံကားသား
ဖြင့် ထုလုပ်ထားသည့် ကကုသန္ဓမြတ်စွာဘုရားတည်း။
ထိုဆင်းတုတော် အသီးအသီး၏ မျက်နှာတော် တူရူအမိုးတွင်
မုခ်ပြတင်းငယ်များ ရှိသည်ဖြစ်ရာ ဘုရားရှင် အသီး အသီးတို့
၏ ကိုယ်တော်အထက်ပိုင်းပေါ်သို့ အလင်းရောင်ကျရောက်၍
လင်းလင်းချင်းချင်းရှိအောင် ဖန်တီးစီရင်ထားလေသည်။
ထိုရုပ်ပွားတော်များအနက် မြောက်မျက်နှာနှင့်
တောင်မျက်နှာမှ ရုပ်ပွားတော်များသာလျှင် မူလများဖြစ်ကြ
သည်။ အရှေ့နှင့် အနောက်အရပ်မှ ရုပ်ပွားတော်များသည်ကား
မူလရုပ်ပွားတော်များ ယိုယွင်းပျက်စီးခဲ့ သဖြင့် အသစ်တစ်ဖန်
ပြန်လည်မွမ်းမံထားခြင်းများ ဖြစ်လေသည်။ သက္ကရာဇ် ၁၂၁၈
ခုနှစ်က အရှေ့မျက်နှာမှ သရက္ခာန်ရုပ်ပွားတော်ကြီးကို တေဇော
ဓာတ် သင့်သဖြင့် မင်းတုန်းမင်း တရားကြီးက စံကားသားဖြင့်
အထက်တည်ရင်းစနစ်အတိုင်း ထုလုပ်ပူဇော်ခဲ့ပေသည်။
သက္ကရာဇ် ၁၁ဝ၇ ခုနှစ် ဟံသာဝတီ ရောက်မင်း လက်ထက်
တွင် တစ်ကြိမ်၊ သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် တစ်ကြိမ်၊
အနောက်မျက်နှာမှ ပဉ္စလောဟာ ရပ်တော်မူကိုယ်တော်ကြီးသည်
ရန်သူဘေးကြောင့် ပျက်စီးချို့ယွင်းခဲ့ပြန်သည်။ ထိုပျက်စီးမှု
များကို ပြည်ပိုင်အစိုးရက ကမကတပြု၍ ပြည်သူလူထု၏
စေတနာသဒ္ဓါတရား အကူအညီဖြင့် မူလကဲ့သို့ ပဉ္စလောဟာ
မဟုတ်သော်လည်း ကျွန်းသစ်ဖြင့် ရှေးမူလတည်လုပ်ခဲ့သော
စနစ်အတိုင်း ပြုပြင်မွမ်းမံ ပူဇော်ခဲ့ ကြလေသည်။
စင်္ကြံများရှိ လိုဏ်ကြီးလိုဏ်ငယ်များ၌ ဆင်းတုတော်ငယ်
အမြောက်အမြားကိုလည်း ပူဇော်ထားရာ ထိုဆင်းတူတော်များကို
လိုဏ်နံရံရှိ မုခ်တုရင်ကွက်များတွင်း ထည့်ထားသည်။ ပထမ
စင်္ကြံ၏ လိုဏ်နံရံတွင် ဗုဒ္ဓဝင်အခန်းပေါင်း၈ဝ ကိုပန်းတမော့
ပညာဖြင့် နဂါးရစ် ကျောက်ရုပ်တုတို့ကို အဆန်းတကြယ် စီရင်
ထားသည်။ မုခ်ဦးအထွက် လေးဘက်လေးမျက်နှာတို့၌ ဘုရား
အလောင်း ပဋိသန္ဓေ နေတော်မူဟန်၊ ဖွားမြင် တော်မူဟန်၊
ပရိနိဗ္ဗာန်ပြုတော်မူဟန်စသော ဗုဒ္ဓဝင်လာ အခန်းခန်းတို့ကို
ကျောက်ရုပ်တု ၆၄ ဆူဖြင့် သရုပ် ဖော်ထားပေသည်။ နံရံ
မုခ်အထွတ်အထက် အမိုးနှင့် အခြားအခြားသော လိုဏ်မုခ်တို့၌
သွန်းထားအပ်သော ရုပ်တုတော်များကား ဂေါတမဘုရားရှင်
သည် ၄၅ ဝါ ပတ်လုံး လူနတ်ဗြဟ္မာ အပေါင်းအား တရား
ရေအေး တိုက်ကျွေးဟန်ကို ရုပ်လုံးဖော်ထားရာ ရုပ်တုပေါင်း
၁Ý၃ဝ၄ ဆူ ရှိလေသည်။
အနောက်မျက်နှာ ဂန္ဓကုဋိတိုက်အတွင်းရှိ ရပ်တော်မူရုပ်ပွား
တော်၏ ဝဲယာရုပ်တုတို့တွင် မြောက်ဘက် ရုပ်တုကား
ရှင်အရဟံ၊ တောင်ဘက်ရုပ်တုကား ကျန်စစ်မင်းကြီး၏ ရုပ်တု
ဟုဆိုကြသည်။ အနောက်မုခ် အလယ်၌ တစ်ရာ့ရှစ်ကွက်
စက်လက္ခဏာတို့ဖြင့် ပြည့်စုံသော စက်တော်ရာနှစ်ဆူရှိသည်။
ထိုစက်တော်ရာ တို့ကို အချို့က ကျန်စစ်မင်းကြီး၏ကောင်းမှု၊
အချို့က နှောင်းကုသိုလ်ရှင်တို့၏ ကောင်းမှုဟု ဆိုကြသည်။
မုခ်လေးမုခ်လုံး၌ နှစ်ရုပ်စီထားသော မဇ္ဈိမပုရိသ အရုပ်ကြီးရှစ်
ရုပ်တို့လည်း ရှိပေသေးသည်။
အာနန္ဒာဘုရား၏ အောက်ခြေအပြင်ဘက် ဖိနပ်ခုံပစ္စယာက
မ္ပတ်၊ သို့မဟုတ် ခါးပန်းတစ်လျှောက်တွင် စဉ့်ကွင်းများရှိသည်။
ထိုစဉ့်ကွင်းများသည် တောင်ဘက်မုခ်ဖိနပ်ခုံမှ လက်ယာရစ်
လှည့်၍ အနောက်ဘက်မုခ် အထိ ရုပ်သွင်သဏ္ဌာန် အမျိုးမျိုး
လက်နက်အမျိုးမျိုးတို့ဖြင့် မာရ်နတ်စစ်သည်တို့က ဂေါတမ
ဘုရားရှင်အား စစ်ထိုးလာဟန် စဉ့်ကွင်းရေ ၂၇၇ ခု၊
တောင်ဘက်မုခ်မှ လက်ဝဲလှည့် အရှေ့မုခ်အထိ၊ မြတ်စွာ
ဘုရားအား သိကြား၊ ဗြဟ္မာ၊ နတ်၊ ဘီလူး၊ နဂါး၊ ဂဠုန်
စသည်တို့က သောင်းသောင်းဖြဖြ ပူဇော်ကြဟန်ကို ပြသော
စဉ့်ကွင်း ၂၇၆ ခုတို့ ရှိလေသည်။
အောက်ခြေမုခ်ထွတ်၊ အထက်မုခ်ခင်း၊ မကာရ်းပစ္စယာ
တို့၌လည်း ခုန်ပေါက်မည့်အလား လည်ဆံဖားဖားဖြင့်ကြီးမား
သော မနုဿီဟအရုပ် ၁၄၈၊ နတ်ရုပ် ၂၈၊ စေတီ ၂၄၊
အထက်ကွန်းတောင်ငူ၌ ရုပ်တုတော် ၂ဝ ရှိသည်။ ထိုပြင်
စေတီတော်ကြီး၏ အနောက်တောင်ဘက်မှစ၍ ဧကနိပါတ်
အပဏ္ဏကဇာတ်ဖြင့် အစပြု ပြီးလျှင် ဒုတိယပစ္စယာမြောက်
မုခ်အထိ အသီတိနိပါတ်၊ မဟာသုတသောမဇာတ်တိုင်အောင်
စဉ့်ကွင်း ၅၃၇ ခုနှစ်လည်းကောင်း၊ ထိုမှ အရှေ့သို့ပတ်၍
မဟာနိပါတ် မုဃပက္ခဇာတ်တော်မှစပြီးလျှင် ဇာတ်တော်ကြီး
ဆယ်ဘွဲ့မှ အခန်းခန်းတို့ကို အဆင့်ဆင့်သော ပစ္စယာတို့၌
စဉ့်ကွင်းရေ ၃၇ဝ ဖြင့်လည်းကောင်း၊ ရှုမငြီး ဖွယ်ရာ တန်ဆာ
ဆင်ယင် ဖန်တီးစီရင်ထားလေသည်။ အဆိုပါ စဉ့်ကွင်းများ၏
အောက်ခြေတို့တွင် မွန်ဘာသာဖြင့်လည်းကောင်း၊ ပါဠိဘာသာ
ဖြင့် လည်းကောင်း ကမ္ပည်းထိုးထားသည်။ ထိုကမ္ပည်းစာ
များသည် ရဟန္တာအရှင်မြတ်တို့၏ မျက်မှောက်၌ ရေးထုအပ်
သည် ဖြစ်၍ ထိုကမ္ပည်းစာများ တင်ပြီးသည်မှ အစပြုပြီးလျှင်
ဘိုးတော်မင်းတရားလက်ထက်တိုင်အောင် ပုဒပ်ပါဌ် အက္ခရာ
သံသယရှိသော ပုဂ္ဂိုလ်တို့သည် ထိုစဉ့်ကွင်းကမ္ပည်းအက္ခရာ
များနှင့် တိုက်ဆိုင်ကြည့်ရှု အတည်ပြုကြောင်း အချို့ ဆိုကြလေ
သည်။
အာနန္ဒာဘုရား၏ မုခ်နုရင်းများတွင် အဆော်များသည်
ခြင်္သေ့ရုပ်များဖြစ်သည်။ တုရင်အထွတ်ရှိ အဆင် တန်ဆာတို့
သည် ရွဲပုလဲနှင့်ကြာဖတ်တို့ဖြင့် ဆင်ယင်ထားသည်။ အခြားမုခ်
အငယ်စားများနှင့် ပြတင်းများ၌လည်း အထွတ်များတွင်
ထိုနည်းအတိုင်းပင် ဖြစ်လေသည်။
ရှေးသမိုင်းျေဟာင်းများ၏ အဆိုအရ အာနန္ဒာဘုရား၏
အတိုင်းအတာတို့ကား စေတီကုလားကျောင်း အရှေ့မျက်နှာ၊
တောင်မြောက် အဝန်းအဝိုင်း အချင့်သည် ၁၁၅ တောင်၊
အရုဏ်ခံ မုခ်နှစ်ဖက် ၃၃ တောင် လေးသစ်စီရှိပေရာ၊
လေးမျက်နှာပတ်လည် အဝန်းအဝိုင်းအချင့်ကား ၇၂၅ တောင်
တမိုက်ရှိသတည်း။ အရပ်တော် ပမာဏမှာ အောက်ခြေဖိနပ်
တော်မှသည် ထီးတော်ဖျားအထိ ၁၂၅ တောင်နှစ်မိုက် လေးသစ်
ရှိသည် ဟုဆိုလေသည်။
ကျောက်စာရုံးက ထုတ်ပြန်သော အတိုင်းအတာကား
အောက်ပါအတိုင်း ဖြစ်ပေသည်။
အရှေ့၊ အနောက်
အလယ်မဏ္ဍိုင်ကြီး ၈၈ ပေစီ၊
တောင်၊ မြောက်
ပထမအတွင်းလမ်းအနံ၊ ခြောက်ပေ ခြောက်လက်မစီ
အရှေ့၊ အနောက်
ပထမအတွင်းလမ်းအလျား ပေ ၁ဝဝ စီ
တောင်၊ မြောက်
ဒုတိယအတွင်းလမ်းအနံ ရှစ်ပေစီ
အရှေ့၊ အနောက်
ဒုတိယအတွင်းအလျား ၁၄၇ပေ
တောင်၊ မြောက် ၆လက်မစီ
အရှေ့၊ အနောက်
စေတီကုလားကျောင်း ၁၇၅ ပေစီ
တောင်၊ မြောက်
မုခ်တစ်ဖက်တစ်ဖက်လျှင် အလျား ၇၅ ပေစီ
လည်းကောင်း အနံ၈၈ ပေ ၊ ခြောက်လက်မစီ
မုခ်အဝင်လမ်းအကျယ် ဆယ်ပေစီ ဖြစ်ပေသည်။
ကျန်စစ်သားမင်းတရာကြီးသည် အာနန္ဒာစေတီတော်မြတ်
တည်ဆောက်ပြီးမြောက်လျှင် မီးတား မဟာရံနှင့် တကွ
ဝတ္ထုကံမြေ အရာမ်စောင့် ကျွန်သီးတော်တို့ကိုပါ လှူဒါန်း၍
ရွှေကရားဖြင့် ရေစက်သွန်းချလေသည်။
အာနန္ဒာစေတီတော်ကြီးသည် တည်ထားလုပ်ကိုင်ပုံ အလွန်
သပ်ရပ်၍ ဆန်းကြယ် ခန့်ညား တင့်တယ်လှပ ပေသည်။ ထို
ကြောင့် အာနန္ဒာဘုရား တည်ဆောက်ရာ၌ မြန်မာဗိသုကာလက်
ရာ အထွက်အထိပ် ရောက် သည်ဟု ဆိုကြသည်။ ထိုဘုရား
ကြီးကား နိုင်ငံခြား သုတေစ်ဦးများအား ဂုဏ်ယူဝင့်ကြွားစွာ
ညွှန်ပြနိုင်သော မြန်မာ့ဗိသုကာလက်ရာမွန်တစ်ရပ်လည်းဖြစ်ပေ
သည်။
ထိုဘုရားကြီး၏ ပွဲတော်ကို နှစ်စဉ် ပြာသိုလ၌ သိုက်မြိုက်
ခမ်းနားစွာ ကျင်းပသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
== ကိုးကား ==
<references/>
၂၅၈၂၅

တည်းဖြတ်မှုများ