သိန်းစိန်၊ ဦး (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၄၈ -
စစ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရပြီးနောက် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းဆင်းပြီး ချိန်တွင် ရှမ်းသေနတ်ကိုင်တပ်ရင်း အမှတ် ၁ မှာ ဒုဗိုလ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ခြင်းခံရပြီး ရွှေတြိဂံ စစ်ဒေသ တိုင်းမှူးအဖြစ် ၁၉၉၇ ခုနှစ်တွင် ခန့်အပ်ခြင်းခံရသည်။ ရွှေတြိဂံ စစ်တိုင်းတွင် တာဝန်ယူစဉ် ဘိန်းဘုရင်များနှင့် တဖက်နိုင်ငံမှ ထိုင်းလူမျိုးများနှင့် ဆက်စပ်သည့် ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းခဲ့ရသည်။
 
နယ်စပ်ဒေသတွင် လှုပ်ရှားလျက်ရှိသော လူမျိုးစု လက်နက်ကိုင်အဖွဲ့ အချို့ကို အပစ်အခတ်ရပ်စဲရန် ကြိုးစားခဲ့သည်။ နောက်ပိုင်းတွင် အမှတ် ၂ ဒေသ မဟာဗျူဟာမှူး (အရှေ့ပိုင်း စစ်ဒေသ) အဖြစ် ခန့်အပ်ခြင်း ခံရပြီး ၁၉၉၂ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်၌ အထွေထွေ ဦးစီးအရာရှိ အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် နအဖနိုင်ငံတော်အေးချမ်းသာယာရေးနှင့် အစိုးရအဖွဲ့ဝင်ဖွံ့ဖြိုးရေးကောင်စီ အစိုးရ ၏ အဖွဲ့ဝင် တစ်ဦးဖြစ်လာခဲ့သည်။
 
၂၀၀၁ ခုနှစ်နှောင်းပိုင်းတွင် ရန်ကုန်စစ်ရုံးချုပ်၌ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး စစ်ရေးချုပ်အဖြစ်ပါ ခန့်အပ်ခြင်း ခံရသည်။ နောက် တစ်နှစ် အကြာ၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ပေးခြင်းခံခဲ့ရသည်။