ဘာသာတရား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၆ -
== ခြားနားချက် ==
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များအတွက် ဘာသာတရား၏ အဓိပ္ပာယ်ကို အလွန်ကျယ်ပြန့်စွာဖွင့်ဆိုနိုင်ရကား ဘာသာတရားဟူသည် စာရိတ္တကျင့်ဝတ်နှင့် တွေခေါ်မြော်မြင်မှုဆိုင်ရာ ဆုံးမဩဝါဒများ၏ သိုအောင်းခိုမှီးရာ ပဓာနကိုယ်ထည်ဖြစ်ပြီး၊ ထိုကဲ့သို့သော အဆုံးအမများကို ယုံကြည်မှုသဒ္ဓါတရားဖြင့် လိုက်နာကျင့်သုံးခြင်းဖြစ်ပေသည်။ ဤအဓိပ္ပာယ်ရှုထောင့်မှ ကြည့်လျှင် [[ဗုဒ္ဓ၏အဆုံးအမ]]ကို ဘာသာတရားဟု ခေါ်ဝေါ်သတ်မှတ်နိုင်ပေရာသည်။ သို့ရာတွင် [[ဗုဒ္ဓဘာသာ]]သည် ယခင်ပြဆိုခဲ့သော အထွေထွေယေဘုယျ ဖွင့်ဆိုချက်များနှင့်ကား တိတိပပ မကိုက်ညီလှချေ။ အကြောင်းမူကား ဗုဒ္ဓဘာသာသည် အခြားသော ဘာသာအယူဝါဒများနှင့် များစွာသော ခံယူချက်တို့တွင် တူညီမှု မရှိသောကြောင့်ဖြစ်သည်။ <ref>Buddhism As A Religion by K Sri Dhamananda</ref>
 
 
ထိုဘာသာအုပ်စု(၇)မျိုးတို့တွင်
 
(၁) ဟိန္ဒူဘာသာ၏ အယူဝါဒ
ဗြာဟ္မဏတို့ ဟောကြားထားအပ်သော “ဝေဒကျမ်းစာ”လာ အဆိုအမိန့်များကို လက်ခံလိုက်နာ ကျင့်သုံး၏။
သက်ရှိ၊ သက်မဲ့အရာအားလုံး ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် မဟာဗြဟ္မာ” ထာ၀ရ ဘုရားသခင်ကို ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။
 
(၂) ဗုဒ္ဓဘာသာ၏ အယူဝါဒများ
ဗုဒ္ဓနှင့် ဗုဒ္ဓသားတော်တို့ ဟောကြားအပ်သော “ပိဋကတ်ကျမ်းစာ”လာ အဆို အမိန့်များကို လိုက်နာ ကျင့်သုံး၏။
ဗုဒ္ဓ၊ ဓမ္မ၊ သံဃာရတနာသုံးပါးကို အသိအမှတ်ပြုဆည်းကပ်ကိုးကွယ်၏။
သို့ရာတွင် “မိမိသည်သာမိမိ၏ ဘုရားသခင်ဖန်ဆင်းရှင်” ဟု အလေးအနက်ယုံကြည်။
 
(၃) ခရစ်ယာန်ဘာသာ၏ အယူဝါဒမှာ
တမန်တော်ယေရှုခရစ်နှင့် ယင်း၏ သာဝကတို့ ဟောကြားထားအပ်သော “သမ္မာကျမ်းစာ” လာ အဆိုအမိန့်များကို လက်ခံ၊ လိုက်နာကျင့်သုံး၏။
သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် ယေဟိုးဝါး” ထာ၀ရ ဘုရားသခင်ကို ယုံကြည်သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။
 
(၄) အစ္စလာမ်ဘာသာ၏အယူဝါဒမှာ
တမန်တော်မိုဟာမက်နှင့် ယင်း၏သာ၀ကတို့ ဟောကြားထားအပ်သော “ကိုရ်အာန်ကျမ်းစာ” လာ အဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့်သုံး၏။
သက်ရှိ၊ သက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် အလ္လာ” ထာ၀ရ ဘုရားသခင်ကို ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။
 
ဘာသာကြီး(၄)မျိုးတွင် ဗုဒ္ဓဘာသာတစ်ခုသည်သာ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာ၀ရဘုရားမရှိ” ဟု အတိအလင်းငြင်းဆို၏။
ကြွင်းဘာသာကြီး(၃)မျိုးကား “အတ္တဝါဒ” များချည်းဖြစ်၍ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာ၀ရဘုရားသခင်ရှိ၏” ဟု လက်ခံ၏။
ဗုဒ္ဓဘာသာတစ်ခုတည်းကသာ တိရစ္ဆာန်လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ခြင်းကို “မကောင်းမှုအကုသိုလ်အလုပ်” ဟု အတိအလင်းရှုတ်ချ၏။
 
ခရစ်ယာန်ဘာသာကား ထိုကိစ္စကို ချီးလည်းမချီးမွမ်း၊ ရှုတ်လည်းမရှုတ်ချ၊ ရေငုံနှုတ်ပိတ်နေ၏။
ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာများက ထိုကိစ္စကို “ကောင်းမှုကုသိုလ်အလုပ်” ဟု ချီးမွမ်း၏။
 
(၅) ဘာသာငယ်လေးများတွင်
(က) ဂျိမ်းဘာသာ၏ အယူဝါဒမှာ မဟာဝီရနှင့် ယင်း၏သာ၀ကများ ဟောကြားထားအပ်သော “အဟိံသ” ကျမ်းစာလာ အဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့်သုံး၏။
ဂျိမ်းဘုရား မဟာဝီရကို သဗ္ဗညုဗုဒ္ဓ အဖြစ် ယုံကြည် သတ်မှတ် ဆည်းကပ်ကိုးကွယ်၏။
 
(ခ) ဆစ်ဘာသာ၏အယူဝါဒမှာ ဂုရုနာနတ်က ပြုပြင်ဟောကြားထားသော “ဝေဒကျမ်းစာ”လာ အဆိုအမိန့်များကို လက်ခံလိုက်နာ ကျင့်သုံး၏။ ဟိန္ဒူဘာသာခွဲ တစ်ခုဖြစ်၍ သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင်မဟာဗြဟ္မာ” ထာ၀ရ ဘုရားသခင်ကိုပင် ယုံကြည်သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။
အမှာ။ ။ အခြားဘာသာ ငယ်လေးများ၏ အကြောင်းကိုကား အသေးစိတ် မမှတ်မိတော့၍ မောင်အံ့(မဟာဝိဇ္ဇာ) ရေးသားသော ဗုဒ္ဓဘာသာ ရေးသားသော (၂၅၀၀) ခရီး စာအုပ်တွင် ဖတ်ရှုလေ့လာ မှတ်သားကြပါဟု အကြံပြုပါ ရစေ။
 
(၆) နတ်တင်၊ နတ်ပသ၏ အယူဝါဒမှာ
ပါးစပ်ရာဇ၀င်ဆရာတို့အစဉ်အဆက်ပြောကြားလေ့ရှိသော ဒဏ္ဏာရီပုံပြင်လာ နတ်သမိုင်း ဆိုင်ရာအဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့် သုံး၏။
နတ်ဒေဝတာ အမျိုးမျိုးကို အားကိုးရာ အစစ်ကယ်တင်ရှင်များအဖြစ် ယုံကြည် သတ်မှတ်ကိုးကွယ်၏၊။
 
(ရ) ဘာသာမဲ့ အယူဝါဒမှာ
အစဉ်အလာ ဘာသာရေး အဆောက်အအုံတွေ ကို စိတ်ကုန်လာလို့ ၊ ဘာသာစွဲကြီးတဲ့ ဘာသာရှိတွေ ကို အော့ နှလုံးနာလို့ ဒါမှမဟုတ် ဘာသာရေး အဆောက်အအုံတွေ နဲ့ ဝေးရာမှာနေပီး သဘာဝကပေးတဲ့ လူသားရဲ့ ဘ၀ ရသကို ကိုယ်ဘာသာကိုယ် အပြည့် အ၀ခံစားကြည့် ချင်လို့ ဖြစ်နိုင်ပါတယ်။
ဘာသာစွဲမရှိသူ တွေ ဟာ လွတ်လပ်စွာ စဉ်းစားဆင်ခြင်ဝေဖန်တွေးခေါ်ချင်သူတွေ သာဖြစ်တယ်။ လူ့ အသိဉာဏ် တိုးတက်ပွင့်လင်းမှု ကို ရှေးရှုလိုသူတွေ ဖြစ်တယ်။ လူ့ ဦးနှောက်နဲ့ နှလုံးသား ကို ဘာနဲ့ မှ ချုပ်နှောင်မထားလိုသူတွေ ဖြစ်တယ်။ ဘာသာမဲ့ ပေမယ့် ဉာဏ်ပညာ နဲ့ မေတ္တာတရား မမဲ့ ပါ။ ဘာသာစွဲမရှိသူ တွေ ဟာ လူ့ ဂုဏ်သိက္ခာ နဲ့ လူ့ လွတ်လပ်ခြင်းသဘောတွေ ကို တန်ဖိုးထား သူ တွေသာဖြစ်တယ်။ အစဉ်အလာ ဘာသာရေး အဆောက်အအုံတွေကို လူ့ အတိတ်သမိုင်းရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ အဖြစ် တန်ဖိုးထားပေမယ့် လူ လူချင်း စောင့် စည်းအပ်တဲ့ ကျင့်ဝတ်တွေထက် ပိုပြီး တန်းဖိုးရှိတယ် လို့ တော့ မရှုမြင်ပါ။ လက်တွေ့ အသုံးဝင်မှု အကျိုးရှိမှု နဲ့ အလျှော် ဖြစ်တယ့် လူ့ အသိဉာဏ် အကန့် အသတ်ရဲ့ ဘောင်ထဲမှာပဲ ရှိတဲ့ အယူအဆတွေ အမှန်တရားတွေကို လက်ခံကျင့် သုံးနေသူတွေ သာဖြစ်ပါတယ်။ [[ဘာသာမဲ့ အမျိုးအစားများ]] များစွာရှိသည်။ <ref>ဘာသာမဲ့ အယူဝါဒ...အောင်ကျော်မိုး ...(မြန်မာနိုင်ငံ ဘာသာမဲ့များအဖွဲ့ http://www.facebook.com/groups/irreligions.myanmar </ref>
 
== ရည်ညွှန်းကိုးကား ==