ဖရန်ကလင် ဒီလာနို ရုစဗဲ့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၉ -
ရုဇဗဲ့သည် ကရိုင်းမီးယား ကျွန်းဆွယ်ရှိ ယော်လကာမြို့၌ ဝင်စတန်ချာချီ၊ စတာလင်တို့နှင့် တွေ့ဆုံပြန်၍ နောင်တွင် ကမ္ဘာ့ကုလသမဂ္ဂဟု အမည်ထင်ရှားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းတစ်ခု ဖွဲ့စည်းရေးအတွက် အစပျိုးခဲ့လေသည်။ ထိုအချိန်တွင် သမ္မတရုဇဗဲ့၊ ဗြိတိသျှဝန်ကြီးချုပ်ချာချီနှင့် ရုရှခေါင်းဆောင်ကြီး စတာလင်တို့ကို ''ကြီးသုံးကြီး''ဟူ၍ ခေါ်တွင်လျက်ရှိသည်။
 
သမ္မတရူးဇဗဲ့သည် မဟာမိတ်တပ်များ အောင်ပွဲခံရချိန်ကို မမြင်ရလိုက်ချေ။ ဂျောဂျီးယားပြည်နယ်၊[[ဂျော်ဂျီယာပြည်နယ်]]၊ ရေပူစမ်းတွင် ခေတ္တ အနားယူနေစဉ် ၁၉၄၅ ခုနှစ် ဧပြီလ ၁၂ ရက်နေ့၌ အနိစ္စ ရောက်လေသည်။ ဒုတိယသမ္မတ [[ဟယ်ရီ ထရူးမန်း]]က ထိုနေ့ ၌ပင် သမ္မတရာထူးကို ဆက်ခံသည်။ သမ္မတရုဇဗဲ့၏ ''လွတ်လပ်မှုလေးချက်''သည်၎င်း၊ ဗြိတိသျှဝန်ကြီးချုပ်နှင့် ပူးတွဲ ကျေညာခဲ့သော ''အတ္တလန္တိတ်ချာတာ''သည်၎င်း လွတ်လပ် သော နိုင်ငံတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ကြပေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>
 
{{အမေရိကန် သမ္မတများ}}