ဥပဒေ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[File:JMR-Memphis1.jpg|thumb|right|တရားတစ်ဘက် ဓားတစ်လက်နှင့် တရားမျှတမှု နတ်မိမယ် ရုပ်တု]]
 
'''ဥပဒေ'''ဟူသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေပြု၍ ရေးဆွဲထားသော စည်းမျဉ်းစနစ်ကို ဆိုလိုသည်။ တရားဥပဒေ စိုးမိုးရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေး တို့ကိုလည်း နည်းအမျိုးမျိုးဖြင့် ဖော်ဆောင်သည်။ လူအချင်းချင်းဆက်ဆံရေးအတွက်လည်း ကြားခံညှိနှိုင်းရေး စနစ်တစ်ရပ်အဖြစ် ဆောင်ရွက်သည်။
 
 
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ပြဋ္ဌာန်း၊ ရုပ်သိမ်း၊ တည်ဆဲဥပဒေများ စာရင်းချုပ်အရ ခေတ်ကာလအလိုက် မူရင်း ဥပဒေ ၅၆၆ ခုရှိပြီး မူရင်းဥပဒေများအနက် ဆက်လက်ကျင့်သုံးရန် မလိုသောတည်ဆဲဥပဒေ ၁၇၆ ခုရှိကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများက စီမံ ခန့်ခွဲဆောင်ရွက်ရမည့် ဥပဒေများမှာ ၃၉၀ ရှိကြောင်း သိရသည်။
 
ခေတ်ကာလအလိုက် မူရင်းဥပဒေများမှာ-
*လွတ်လပ်ရေး မရမီကာလနှင့် ပါလီမန်ကာလ ၁၉၅၄ ခုနှစ်အထိ (မြန်မာနိုင်ငံဥပဒေ အတွဲ ၁ မှ ၁၃ အထိ) (၂၁၄) ခု၊
*ပါလီမန် ကာလ (၁၉၅၅ ခုနှစ်မှ ၁၉၆၂ ခု နှစ် မတ်လအထိ) (၅၆) ခု၊
*တော်လှန်ရေး ကောင်စီကာလ (၁၉၆၂ ခုနှစ် မတ်လမှ ၁၉၇၄ ခုနှစ် မတ် လအထိ) (၇၈) ခု၊
*ပြည်သူ့လွှတ်တော်ကာလ (၁၉၇၄ ခုနှစ် မတ်လ မှ ၁၇-၉-၁၉၈၈ အထိ) (၆၀) ခု၊
*နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကာလ (၁၈-၉-၁၉၈၈ ခုနှစ်မှ ၁၄-၁၁-၁၉၉၇ ခု နှစ်အထိ) (၈၄) ခု၊
*နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (၁၅-၁၁-၁၉၉၇ မှ ၁၄-၁၂-၂၀၁၀ အထိ) (၇၄) ခုတို့ ဖြစ်သည်။
 
 
 
 
[[Category:ဥပဒေ]]
[[af:Reg]]
"https://my.wikipedia.org/wiki/ဥပဒေ" မှ ရယူရန်