အက်ဥပဒေနှင့် ဥပဒေ: တည်းဖြတ်မှု မူကွဲများ

"ဥပဒေတရပ်ကို ပါ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၄:၁၀၊ ၁၀ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ

ဥပဒေတရပ်ကို ပါလီမန်မှအတည်ပြုပြဌာန်းခြင်းဖြစ်ပါက အဆိုပါပြဌာန်းသည့်ဥပဒေကို အက်ဥပဒေဟုခေါ်ပြီး၊ ပါလီမန်စံနစ်ကို မကျင့်သုံးသော်လည်း၊ ပါလီမန်ကဲ့သို့အလားတူဖြစ်သည့် နိုင်ငံ၏အမြင့်ဆုံး ဥပဒေပြုအဖွဲ့က ပြဌာန်းသည့်ဥပဒေကို ဥပဒေဟုပင်ခေါ်ခြင်းဖြစ်ပေသည်၊ အက်ဥပဒေ နှင့်ဥပဒေတို့ကို ဥပဒြေုပပိုင်ခွင့်ရှိသည့် အမြင့်ဆုံးအဖွဲ့အစည်းမှ ပြဌာန်းခြင်းဖြစ်သည်။ အဆိုပါဥပဒေများသည် ပြဌာန်းဥပဒေများဖြစ်ကြပြီး၊ ၄င်းတို့ကို စတက်ကျူ့ (Statute) ဥပဒေ၊ ကိုဓဥပဒေ (Code) လည်းခေါ်ဆိုပေသည်။ ၁၉၄၇ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပုဒ်မ ၆၅ တွင် “ပြည်ထောင်စုနိုင်ငံ၏ ဥပဒေပြုမှုအာဏာသည် ပါလီမန်တွင်တည်ရှိရမည်။ ပါလီမန်တွင် နိုင်ငံတော်သမတ၊ ပြည်သူ့လွှတ်တော် Chamber of Deputies နှင့် လူမျိုးစုလွှတ်တော် Chamber of Nationalities တို့ပါဝင်ရမည်” ဟုဖေါ်ပြထား ချက်အရ အမြင့်ဆုံးဥပဒေပြုအာဏာမှာ ပါလီမန်တွင်ရှိကြောင်းမြင်တွေ့ရသည်။ ထို့အတူ ၁၉၇၄ခုနှစ် ပြည် ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄ တွင် “နိုင်ငံတော်၏ ဥပဒေပြုမှု အာဏာသည် ပြည်သူ့လွှတ်တော်၌သာတည်သည်” ဟုပြဌာန်းထားသည်ကိုတွေ့ရှိရမည်ဖြစ်ပေသည်။ အမြင့်ဆုံးဥပဒေပြုပိုင်ခွင့်ရှိသောအဖွဲ‹အစည်းကို နိုင်ငံအသီးသီး၌ ကွဲပြားခြားနားသော အမည်များဖြင့် ခေါ်ဝေါ် ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ကွန်ကရက် Congress ၊ ဂျပန် နိုင်ငံတွင် ဒိုင်ယက် (Diet)၊ အစ္စရေး နိုင်ငံတွင် နက်ဆက် (Knesset)၊ နော်ဝေးတွင် စတော့တင်း (Storting)၊ ဆိုဗီယက်တွင် (Supreme Soviet)၊ တရုတ်ပြည်သူ့သမတနိုင်ငံတွင် (National People's Assembly)၊ အင်္ဂလန်နိုင်ငံတွင် ပါလီမန် (Parliament) မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ပါလီမန်နှင့် ၁၉၇၄ခုနှစ်အခြေခံဥပဒေအရ ပြည်သူ့လွတ်တော် စသည်ဖြင့် အမျိုး အမည်များစွာဖြင့်မှဲ့ခေါ်တတ်ကြသည်။ မည်သို့ပင်ခေါ်ဝေါ်စေကာမူ ပြည်သူလူထုက ရွေးချယ် တင်မြောက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားပြီး ဥပဒေပြုအာဏာကိုကျင့်သုံးကြသော အာဏာ ပိုင်အဖွဲ့အစည်းမှန်သမျှသည် ပါလီမန်ပင် ဖြစ်သည်။ ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ် ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (၅) တွင်ဖေါ်ပြရာ၌ “ဥပဒေ”ဆို သောစကားရပ်တွင် ဤဥပဒေအာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီးနောက်ဖြစ်စေ၊ ဥပဒေပြုအာဏာပိုင် တစ်ရပ်ရပ်က ပြဌာန်းထားသည့်ဥပဒေ၊ အက်ဥပဒေ၊ တချက်လွှတ်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ အမိန့် အပြင် ဥပဒေကဲ့သို့အာဏာတည်သော ဓလေ့ထုံးတမ်းများလည်းပါဝင်သည်ဟု ဖွင့်ဆိုထားပါသည်။