နိုင်ငံရေးဘောဂဗေဒ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၅ -
မြန်မာနိုင်ငံတွင်လည်း ပါလီမန်ဒီမိုကရေစီခေတ်က လူအများ ဖြစ်နိုင်ဖွယ် မရှိဟုဆိုကာ လှောင်ပြောင်ခဲ့ကြသည့် လူတကိုယ်၊ တစ်တိုက်လုံး ကားတစ်စီး ပိုင်ဆိုင်ရမည်ဟူသော ပြည်တော်သာ စီမံကိန်းကဲ့သို့သော မူဝါဒမျိုးကို ကျင့်သုံးအကောင်အထည်ဖော်ခဲ့ကြဖူးလေသည်။ အရှင်းရှင်စနစ်တွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းကြီးများက ဈေးကွက်ကို အဓိက လွှမ်းမိုး ခြယ်လှယ်မှုများ (monopoly) ရှိခြင်းကြောင့် ဆင်းရဲချမ်းသာ လူတန်းစားကွာဟ မှုပို၍ ဖြစ်ပေါ်စေပါသည်။ ယခုကဲ့သို့ Globalization ခေတ်ကြီးတွင် အရင်းရှင်စနစ်၏ သဘောတရားမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စနစ်ကြီးအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်မှုကို ရောက်သွားမည်လော သို့မဟုတ် ဆင်းရဲချမ်းသာကွာဟ မှုကြီး ထွားလာလေမည်လောဟု မေးစရာများပင်ရှိလာပါသည်။ ဆင်းရဲချမ်းသာကွာဟမှု အမှန်ပင်ကြီးထွား လာသော်လည်း ယင်း Globalization ကို အသုံးပြုပြီး ဖွံ့ဖြိုးဆဲနိုင်ငံ (တတိယကမ္ဘာနိုင်ငံ) မှ ဖွံ့ဖြိုးပြီး ပထမနိုင်ငံသို့တက်လှမ်းသွားသည့် နိုင်ငံများလည်းရှိလေသည်။ ယင်းနိုင်ငံများမှာ အရှေ့အာရှဒေသမှ အာရှကျားများပင်ဖြစ်လေသည်။
==အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများနှင့်အာရှကျားများ==
 
 
တတိယကမ္ဘာနိုင်ငံမှ အချို့သောနိုင်ငံများသည် အရင်းအနှီးစုဆောင်းမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း ကြောင့် အဆိုပါနိုင်ငံများကို အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများဟု ဝိဂြိုလ်ပြုကြလေသည်။ ယင်းနိုင်ငံများသည် ၁၉၈၀နှင့် ၁၉၉၀ အစောပိုင်း ကာလများတွင် ပို့ကုန်အဓိက မူဝါဒကို ချမှတ်ကာ ကုန်စည်အများအပြားကို ကမ္ဘာ့ဈေးကွက်သို့ ထုတ်လုပ်တင်ပို့နိုင်ခြင်းကြောင့် ခိုင်မာသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်ခဲ့လေသည်။
အအောင်မြင်ဆုံးသော နိုင်ငံများမှာ အရှေ့အာရှမှ ကျားလေးကောင်ဖြစ်သော တောင်ကိုရီယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် စင်ကာပူတို့ ဖြစ်ကြလေသသည်။ တစ်နိုင်ငံချင်းစီသည် ယင်းတို့အားသန်ရာ၊ အရင်းအမြစ်ကောင်းရှိရာ လုပ်ငန်းစုများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း ကမ္ဘာ့ဈေးကွက်တွင် အခြားဖွံ့ဖြိုးပြီးနိုင်ငံများကို ယှဉ်ပြိုင်နိုင်သည်အထိ အောင်မြင်မှုရရှိခဲ့လေသည်။
ဥပမာ သံနှင့်ကျောက်မီးသွေး အရင်းအမြစ်များ ကြွယ်ဝသော တောင်ကိုရီးယားဆိုလျှင် စတီးနှင့် မော်တော်ကားလုပ်ငန်းစုများကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် ကုန်သွယ်မှု အမြတ်ထွက်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။
အမှန်စင်စစ် အဆိုပါ အာရှကျားများသည် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတိုင်း လိုက်ပါသွားကြသည့် နိုင်ငံများ ဖြစ်လေသည်။ ယင်းကို ပညာရှင်များက ဗျိုင်းအုပ်ပုံစံ ဖွံ့ဖြိုးရေးလမ်းကြောင်းဟု ခေါ်ဝေါ်သတ် မှတ်ကြလေသည်။ အာရှကျားလေးကောင်နောက်တွင် နောက်ထပ် ကျားပေါက်များ ဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ဆက်လက်လိုက် ပါသွားကြပြီး၊ ယင်းနောက်တွင်မူ ဗီယက်နမ်၊ ကမ္ဘာဒီးယား၊ လာအို၊ မြန်မာတို့ လိုက်ပါလာကြ လေသည်။
 
စက်မှုဖွံ့ဖြိုးရေး အရယူနိုင်ခဲ့သည့်အတွက် အာရှကျားများဟု တင်စားခေါ်ဝေါ်ခဲ့ကြသော အဆိုပါ နိုင်ငံများ၏ ဖွံ့ဖြိုးရေး ဖြစ်စဉ်ကြီးကို လေ့လာ သုံးသပ်ကြည့်ပါက ခေါင်းဆောင်မှု အခန်းကဏ္ဍ၏ အရေးပါပုံကို ထင်ထင်ရှားရှားကြီး တွေ့ရှိရမည်ဖြစ်သည်။ ကိုလိုနီစနစ်အောက်မှ လွတ်လပ်ရေး ရပြီးခါစ နိုင်ငံများတွင် နိုင်ငံ၏ စီးပွားရေးမူဝါဒကို ဦးဆောင်ခဲ့သူများမှာ စစ်နှင့်တော်လှန်ရေးကို ဖြတ်သန်းခဲ့သည့် နိုင်ငံရေး အစွဲသန်သည့် ပထမမျိုးဆက် ခေါင်းဆောင်များ ဖြစ်ခဲ့သည်။ ယင်း ပထမ မျိုးဆက်ခေါင်းဆောင်များမှာ စီးပွားရေးတိုးတက်ဖို့ စိတ်အခံထက် နိုင်ငံရေး ကစားကွက်များတွင် အာရုံရခဲ့သည့် ဖွံ့ဖြိုးမှုကို ယင်းတို့မျိုးဆက်အတွင်း အရယူပေးနိုင်ခဲ့ခြင်း မရှိပါ။ ဖွံ့ဖြိုးမှုနည်းသော စီးပွားရေးများတွင်ကား တက္ခနိုခရက်များ ခေါင်းဆောင်မှုနေရာကို ရရှိခဲ့ခြင်းမရှိပါ။ အဆိုပါ တက္ခနိုခရက်များမှာ စီးပွားရေးဖွံ့ဖြိုးမှု ဆောင်ကြဉ်းပေးနိုင်ခဲ့ သည့် ဒုတိယမျိုးဆက် ခေါင်းဆောင်များ ဖြစ်လာခဲ့လေသည်။
မြင့်မြင့်မားမား စွမ်းဆောင်ရည်ရှိသည့် စီးပွားရေးတွင် အဆိုပါ ဒုတိယမျိုးဆက်ခေါင်းဆောင် တက္ခနိုခရက်များကို မူဝါဒချမှတ်ရေးနယ်ပယ်တွင် လုပ်ပိုင်ခွင့် ပိုမိုပေးအပ်စေခဲ့ပါသည်။ အာရှကျားလေးကောင် နိုင်ငံ၏ အရေးကြီးသော မဟာဗျူဟာမြောက် စီးပွားရေး မူဝါဒချမှတ်ရေးဖြစ်စဉ်များတွင် တက္ခနိုခရက်များမှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်စမြဲဖြစ်ကြောင်း တွေ့မြင်ရလေသည်။ အချို့သော နိုင်ငံရေး ဘောဂဗေ ဒပညာရှင်များက နောက်ပေါက် အာရှကျားများအတွက် စီးပွားရေး မူဝါဒများ၊ သီအိုရီပိုင်း၊ လက်တွေ့နည်း စနစ်ပိုင်းနားလည်သည့် တက္ခနိုခရက်များလောက်ဖြင့် မလုံ လောက်တော့ပါ။ ယင်းတက္ခနိုခရက်များ၏ အရည်အချင်းများအပြင် နိုင်ငံရေးအရပါ ဆွဲဆောင်စည်းရုံးနိုင်သော တက္ခနိုပိုလီ(technopoly) အရည်အချင်း များပါ လိုအပ်သည်ဟု သုံးသပ်ပြောကြားသွားလေရာ အာရှနောက်ပေါက် ကျားအဖြစ် အားယူမည့် မြန်မာနိုင်ငံအဖို့ အထူးအလေးထား ဆင်ခြင်စရာပင် ဖြစ်လေသည်။
 
==အာရှအံ့ဘနန်း၏ နိုင်ငံရေးဘောဂဗေဒ(Political Economy of Asia Miracle)==
 
ယင်းနိုင်ငံများ၏ ဖွံ့ဖြိုးရေးနိုင်ငံရေးဘောဂဗေဒကို လေ့လာကြည့်ပါက လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း သိရလေသည်။ အစိုးရက နောက်ကွယ်မှ ထောက်ပံ့ထားသော စီးပွားရေးလုပ်ငန်းစုကြီးများ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုတွင် မိမိငွေကြေးကို တည်ငြိမ်နေအောင် ထိန်းသိမ်း ထားနိုင်မှုကြောင့် ကုန်သွယ်မှု ပိုငွေရရှိမှုများ၊ ပြည်ပရင်းနှီးမြုပ်နှံမှုများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးအလွယ်တကူ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ရန် ဥပဒေ၊ နည်းဥပေဒ၊ လုပ်ထုံးလုပ်နည်းများ စနစ်တကျ ပြဋ္ဌာန်းထားမှုများ၊ ဥပဒေမှ အပြည့်အဝ ကာကွယ် ပေးထားမှုများဖြင့် အရှေ့အာရှ နိုင်ငံများသည် ဖွံ့ဖြိုးရေးပန်းတိုင်များသို့ ပန်းဝင်ခဲ့ကြလေသည်။
 
ယင်းတို့အနက် စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ပေးသည့်အပိုင်းသည် နိုင်ငံတော်အတွက်ရော၊ လူ့အဖွဲ့အစည်းအပိုင်းအတွက်ပါ လွန်စွာ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာနည်းသည့် ကိုယ်ကျိုးစီးပွား အတွက်သာ ကြည့်သော၊ သို့မဟုတ် စီးပွားရေး မလုပ်တတ်သည့် လုပ်ငန်းရှင်များကိုသာ စီးပွားရေးလုပ်ပိုင်ခွင့်ပေးခဲ့လျှင် နိုင်ငံ၏ကုန်ထုတ်လုပ်မှု စွမ်းအားများ တိုးတက်မှု နည်းမည်သာ ဖြစ်လေသည်။ နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်တွင် ယင်းကို Rent seeking ဟု ခေါ်လေသည်။ စီးပွားရေး လုပ်ချင်သည့် နိုင်ငံသားတိုင်းကို လုပ်ပိုင်ခွင့် (သို့) တစ်နည်း တန်းတူညီတူ ယှဉ်ပြိုင်နိုင်ခွင့် ပေးရမည်ဖြစ်သော်လည်း (Level Playing Field) ဈေးကွက်ကို လက်ဝါးကြီးအုပ်သွားနိုင်သည့် အရင်းကြီးကြီးမားမားရှိသည့် စီးပွားရေးလုပ်ငန်းရှင်များလည်း ရှိသောကြောင့် Rent Free ထားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပါ။ ထိုအတွက်ကြောင့် စက်မှုဖွံ့ဖြိုး တိုးတက်သည့် OECD နိုင်ငံများတွင်သာ Rent Free ထားရှိသော်လည်း ယခုမှ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ရောက်ရှိလာသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် Rent Free ထားရှိဖို့မှာ မဖြစ်နိုင်ပေ။ အာရှကျားများကို ကြည့်ပြန်လျှင်လည်း အာရှကျား ျားသည် မိမိနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းစေချင်သည့် စေတနာရှိသော စီးပွားရေးစွန့်ဦးတီတွင် လုပ်ကိုင် တတ်သော စီးပွားရေးသမားများကို လုပ်ကိုင်စေခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရှိလာခြင်းဖြစ်လေသည်။
==အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေး (Government and Business relation)==
မြန်မာနိုင်ငံ၏ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေး (Government and Business relation) မှာ လာဘ်ပေးလာဘ်ယူပေါများခြင်း၊ မလိုလားအပ်သည့် အဆင့်ပိုများရှိနေခြင်း၊ အရှင်မွေး သူကောင်းပြုမှုများကြောင့် စီးပွားရေးဖွံ့ဖြိုးရေးအတွက် စွမ်းဆောင်ရည်နိမ့်ပါးသည့် ဆက်ဆံရေးမျိုး ဖြစ်နေပါသည်။ အထူးသဖြင့် ခေတ်နှင့်မလျှော်ညီတော့သော စီးပွားရေးလုပ်ငန်းများ၏ ယဉ်ကျေးမှုကို (Business Culture) ကို ပြင်ဆင်ရမည် ဖြစ်လေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် မိသားစုပိုင် စီးပွားရေးလုပ်ငန်းများသာများပြီး အများပိုင် စီးပွားရေး လုပ်ငန်းများအဖြစ် အသွင် မပြောင်းသေးပါ။ ထိုအတွက်ကြောင့် နိုင်ငံတော်အစိုးရမှ နိုင်ငံတော်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ ရှယ်ယာများကို အရင်းအနှီးဈေးကွက် (Capital market) တစ်ခု တည်ထောင်၍ ပြည်သူများထံ ၂၀၁၂ မတိုင်ခင် ရောင်းချသွားနိုင်ရန် ကြိုးစားလျက် ရှိလေသည်။ သို့မှသာ တရားဝင်စီးပွားရေးလုပ်ငန်းများလည်း မိမိ စီးပွားရေးလုပ်ငန်း၏ အရင်းအနှီးဈေးကွက်တွင် ရှယ်ယာရောင်းစေခြင်းဖြင့် လုပ်ငန်းတိုးချဲ့နိုင်မှာ ဖြစ်သလို တရားမဝင် စီးပွားရေးလုပ်ငန်းများလည်း ချေးငွေအပါအဝင်၊ အရင်းအနှီးရရှိရန် တရားဝင် စီးပွားရေးလုပ်ငန်းများအဖြစ်သို့ အသွင် ကူးပြောင်းလာမည် ဖြစ်သည်။ သို့မှသာ နိုင်ငံ၏ အရင်းအနှီးကို စုဆောင်းမှုကို တိုးတက်စေနိုင်ရုံမျှမက အမျိုးသား စုစုပေါင်း ကုန်ထုတ်လုပ်မှုလည်း တိုးတက်လာမှာဖြစ်ပြီး ကောင်းမွန်သည့် အခွန်စနစ်ကို ကျင့်သုံး အကောင်အထည် ဖော်စေခြင်းဖြင့် အစိုးရ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုလည်း ပိုလာစေမှာဖြစ်ပါသည်။
အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများနှင့်အာရှကျားများ