"မှူးအောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)" ၏ တည်းဖြတ်မှု မူကွဲများ

တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
ဂျပန်ကိုမတော်လှန်မီ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တော်လှန်ရေးတိုင်းအသီးသီးကို ကြည့်ရှုစစ်ဆေးပြီးနောက် ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်ရုံးကို ဗိုလ်မှူးအောင်၏ တိုင်းတွင်ထားရှိရန်ဆုံးဖြတ်ခဲ့သည်။ ဗိုလ်မှူးအောင်၏ တော်လှန်ရေးတိုင်း (၇) ဌာနချုပ်သည် မြေလတ်ဒေသ သရက်ခရိုင်တွင်ထားရှိခဲ့သည်။
 
တော်လှန်ရေးပြီးသောအခါ တပ်ထဲမှထွက်ကာ ယောင်ချာချာဖြစ်နေသောရဲဘော်ကလေးများကို လမ်းမှားရောက်မသွားစေရန် ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ပေးချက်အရ ပြည်သူ့ရဲဘော်အဖွဲ့ကို တာဝန်ယူစည်းရုံးဖွဲ့စည်းခဲ့သည်။တာဝန်ယူစည်းရုံးဖွဲ့စည်းခဲ့သည်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်မှူးအောင်သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆာမောင်ကြီး ၊ မြို့မ-ဦးသန်းကြွယ် ၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ပါဝင် ခဲ့သည်။
 
အသက်ပေး၍ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်များအချင်းချင်း အဖြူ၊ အဝါ၊အနီ စသဖြင့် ကွဲကြခြင်းနှင့်ပတ်သက်၍ ဗိုလ်မှူးအောင်က `ကိုယ်တို့တစ်တွေ လွတ်လပ်ရေးရကာမှ၊ အောင်ပွဲဆင်ပြီးကာမှ ကိုယ်တို့ရဲဘော်တွေဟာ သူတို့ပါတီတွေအပေါ်မှာ ထားတဲ့သံယောဇဉ်က တိုင်းပြည်အပေါ်မှာ ရှိတဲ့သစ္စာထက် ကြီးမားလို့ ပါတီခေါ်ရာနောက်ကို တကောက်ကောက် လိုက်သွားကြလေရဲ့။ ပါတီမှိုင်းမိပြီး အားလုံးဖရိုဖရဲ ဖြစ်ကုန်ကြတာအင်မတန်ကြေကွဲစရာကောင်းတယ်´ ဟုပြောခဲ့လေသည်။
အမည်မသိ အသုံးပြုသူ