ဆင်ဖြူမရှင်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
==ဆင်ဖြူမရှင်မိဖုရား​ကြီး​ (မြန်မာ ၁၁၈၃ - ၁၂၆၂)==
ဆင်ဖြူမရှင်သည် [[မင်းတုန်းမင်း]]တရားကြီး၏ မိဘုရားခေါင်ကြီး ဖြစ်ပြီး [[စုဖုရားလတ်]]၏ မယ်တော်ဖြစ်သည်။ [[ဘကြီးတော်မင်း]]နှင့် [[နန်းမတော်မယ်နု]]တို့၏ သမီးဖြစ်သည်။ နန်းမတော်မယ်နုကို [[သာယာဝတီမင်း]]က ကွပ်မျက်ရာတွင် [[စကြာဒေဝီမင်းသမီး]]က အသက်ကိုအသနားခံကာ မိမိအိမ်သို့ခေါ်ပြီး စောင့်ရှောက်ထားခဲ့သည်။ သို့ဖြင့် မင်းတုန်းမင်းနန်းတက်ရာ ကျေးဇူးရှင် စကြာဒေဝီမင်းသမီးကြီးကို မထီမဲ့မြင်ပြုပြီး နန်းပလင်ပေါ်သို့ အတင်းတက်သဖြင့် နာမည်ဆိုးဖြင့် စတင်ကျော်ကြားသည်။ စကြာဒေဝီမိဖုရားကြီး နှင့် [[ကနောင်မင်းသား]]တို့ မရှိတော့သည့်နောက် နန်းတွင်းအရေးအားလုံးကို ကြီးစိုးချယ်လှယ်လေသည်။ မင်းတုန်းမင်း၏ နောက်ဆုံးအချိန်များတွင်လည်း ကင်းဝန်မင်းကြီးဦးကောင်းနှင့် ပူးပေါင်းကာ အစွမ်းအစရှိသော၊ ထက်မြက်သော နန်းလျာမင်းသားများကို ဖမ်းဆီးသုတ်သင်ပြီး သူမဩဇာသက်ရောက်နိုင်မည် ထင်သည့် [[လောင်းရှည်မိဖုရား]]၏သား [[သီပေါမင်း]]သားကို သမီးတော်ကြီး [[စုဖုရားကြီးစုဖုရား​ကြီး​]]နှင့် လက်ဆက်ပြီး နန်းတင်လေသည်။ သို့သော် သီပေါမင်းသားသည် သမီးတော်လတ် [[စုဖုရားလတ်]]နှင့် ရည်ငံပြီး ဖြစ်သဖြင့် နန်းတက်ပွဲတွင် စုဖုရားလတ်က သီပေါမင်းနှင့် စုဖုရားကြီးတို့၏ အလယ်မှ ဝင်ထိုင်သဖြင့် မိဖုရား နှစ်ပါးနှင့် တစ်ပြိုင်နက်တည်း နန်းတက်ပွဲ ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် စုဖုရားလတ်ကသာ သီပေါမင်းကို ချယ်လှယ်တော့သည်။ <ref> စာဆိုတော်၊ ဒဂုန်ခင်ခင်လေး</ref> [[၁၉၀၀]]-ပြည့်နှစ်၊ [[ဖေဖော်ဝါရီ]]([[၂၆]])ရက်နေ့တွင် [[ရန်ကုန်မြို့]]၊ [[စမ်းချောင်းမြို့နယ်]]၊ [[ဝင်ဆာလမ်း]](ယခု[[ရှင်စောပု]]လမ်း) ၌ နတ်ရွာစံတော်မူသည်။