ဥရုဂွေးနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က တည်းဖြတ်နေသည် - sq:Uruguaji
No edit summary
စာကြောင်း ၄၅ -
| calling_code = +၅၉၈
}}
==ဥရုဂွေးနိုင်ငံ==
ဥရုဂွေးနိုင်ငံသည် တောင်အမေရိကတိုက်
တွင် အငယ်ဆုံးသမ္မတနိုင်ငံဖြစ်သည်။ မြောက်ဘက်တွင်
ဘရာဇီးနိုင်ငံ၊ အနောက်ဘက်တွင် အာဂျင်တီးနားနိုင်ငံ၊ တောင်
ဘက်နှင့် အရှေ့ဘက်တို့တွင် အတ္တလန္တိတ်သမုဒ္ဒရာ တည်ရှိ
သည်။ ဥရုဂွေးမြစ်သည် အာဂျင်တီးနားနိုင်ငံနှင့် ဥရုဂွေးနိုင်ငံတို့
စပ်ကြား နယ်နိမိတ်အဖြစ်စီးဆင်းသည်။ အာဂျင်တီးနားနိုင်ငံမှ
စီးဆင်းလာသော ပါရနာမြစ်သည် မြစ်ဝတွင် ဥရုဂွေးမြစ်နှင့်
ပေါင်း၍ လာပလာတာမြစ်အဖြစ် အတ္တလန္တိတ်သမုဒ္ဒရာထဲသို့
စီးဝင်သည်။ မြောက်ဘက်၌ ဘရာဇီးနိုင်ငံနှင့် စပ်လျက်ရှိသော
နယ်နိမိတ်သည် မိုင် ၄၅ဝ ရှည်လျားသည်။ ဥရုဂွေးနိုင်ငံသည်
၇၂ယ၁၇၂ စတုရန်းမိုင် ကျယ်ဝန်း၍ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေ
အရ လူဦးရေ ၂ယ၉၆ဝယဝဝဝ ယောက် ရှိသည်။
 
ဥရုဂွေးနိုင်ငံ မြေမျက်နှာပြင်သည် များသောအားဖြင့်
ပျံ့ပျူးသည်။ မြောက်ပိုင်းတွင် တောင်တန်းများ ရှိသော်လည်း
ပေ ၂ယဝဝဝ ထက်မြင့်သောတောင် မရှိချေ။ ထိုတောင်တန်းများ
၏ အနောက်ဘက်တွင် မြေပြင်သည် ဥရုဂွေးမြစ်ကြောင်းသို့
တဖြည်းဖြည်းပြေ၍ နိမ့်ဆင်းသွားသည်။ ထိုလွင်ပြင်ပိုင်းသည်
ရှုခင်းသာယာ၏။ ဥရုဂွေးနိုင်ငံတွင် သဲကန္တာရများ၊ တောနက်
ကြီးများ မရှိချေ။
 
ဥရုဂွေးနိုင်ငံသည် ရာသီဥတုသင့်တင့်ညီညွတ်သည်။
ပင်လယ်ဘက်မှ လေပြေလေညင်းတိုက်ခတ်သဖြင့် နွေရာသီ၌
အေး၍ ဆောင်းရာသီ၌နွေးသည်။ အပူဆုံးလဖြစ်သော ဇန်နဝါရီ
တွင် ပျမ်းမျှအပူချိန်မှာ ဖာရင်ဟိုက် ၇၄ ံဖြစ်၍၊ အအေးဆုံးလ
ဖြစ်သော ဇွန်လတွင် ပျမ်းမျှအပူချိန်မှာ ဖာရင်ဟိုက်၅ဝ ံဖြစ်
သည်။ တစ်နှစ်အတွက် ပျမ်းမျှမိုးရေချိန်မှာ ၄၃ လက်မဖြစ်
သည်။ ဧပြီလနှင့် မေလတွင် မိုးအများဆုံး ရွာသွန်းသည်။
သို့ရာတွင် တစ်ခါတစ်ရံ မိုးခေါင်လေ့ရှိသည်။ ထို့ကြောင့်
ဥရုဂွေးနိုင်ငံတွင် ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းထက် တိရစ္ဆာန်
မွေးမြူခြင်းကို ပို၍အားစိုက်လုပ်ကိုင်သည်။
 
မြောက်ပိုင်း တောင်ကုန်းဒေသတွင် ရွှေကိုတူးဖော်ရရှိ
သည်။ ငွေ၊ ကြေးနီ၊ သံနှင့် မန်ဂနိစသော တွင်းထွက်ပစ္စည်း
များကိုလည်း အနည်းငယ်ရရှိသည်။ ကျောက်မီးသွေးမထွက်
သောကြောင့် စက်မှုလုပ်ငန်းအတွက် လျှပ်စစ်အင်အားကို အသုံး
ပြုရသည်။ ထို့ကြောင့် ဥရုဂွေးမြစ်၏ မြစ်လက်တက်ဖြစ်သော
ရီအိုနီဂရိုးမြစ်တွင် ရေကာတာဆောက်လုပ်၍ လျှပ်စစ်အင်အား
ကို ထုတ်ယူသုံးစွဲကြရသည်။
 
ဥရုဂွေးနိုင်ငံတွင် သိုး၊ နွားမွေးမြူခြင်းသည် အဓိက
လုပ်ငန်းဖြစ်၍ နိုင်ငံမှထွက်ကုန် ၈၅ ရာခိုင်နှုန်းသည် ထို
လုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော ကုန်ပစ္စည်းများဖြစ်သည်။
မြေယာငါးပုံလေးပုံကို တိရစ္ဆာန်စားကျက်အဖြစ် အသုံးချကြ
သည်။ အယ်ဖာဖာ (လူဆန်ပဲပင်) ကို တိရစ္ဆာန်အစာအတွက်
စိုက်ပျိုးသည်။ အခြားစိုက်ပျိုးသောသီးနှံပင်များမှာ ဂျုံ၊ ပြောင်း၊
မြင်းစားဂျုံ၊ မုယောနှင့်ဘီသွာလျှော်တို့ဖြစ်သည်။ တောင်စောင်း
များတွင် စပျစ်ခြံများ စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဥရုဂွေးနိုင်ငံမှ
ထင်ရှားသော ထုတ်ကုန်များမှာ သိုးမွေး၊ အမဲသား၊ ဆီသွတ်
အသား၊ သားရေနှင့် ဘီသွာစေ့တို့ဖြစ်သည်။
 
ယခုအခါ ဥရုဂွေးနိုင်ငံတွင် မီးရထားလမ်း မိုင်ပေါင်း
၁ယ၈၇ဝ ခန့် ဖောက်လုပ်ပြီးဖြစ်သည်။ ပြည်တွင်းသွားလာရေး
အတွက် မော်တော်ကားလမ်း၊ ရေကြောင်းခရီးလမ်းတို့ကိုလည်း
အသုံးပြုသည်။ တောင်အမေရိကတိုက်ရှိ မြို့ကြီးများနှင့်သင်္ဘော
လမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်
လျက်ရှိသည်။
 
ဥရုဂွေးနိုင်ငံတွင် နေထိုင်သူတို့သည် များသောအားဖြင့်
စပိန်လူမျိုးနှင့် အီတာလျံလူမျိုးတို့၏ အဆက်အနွယ်များဖြစ်ကြ
သည်။ စပိန်ဘာသာစကားကိုပြောဆိုကြ၍ စပိန်လူမျိုးတို့၏
ဓလေ့ထုံးစံများကို လိုက်နာကျင့်သုံးလေ့ ရှိလေသည်။ လူတိုင်း
လွတ်လပ်စွာကိုးကွယ်နိုင်၏။ ဗရင်ဂျီဝါဒသည်ကား လူများစု
ကိုးကွယ်သည့် အယူဝါဒဖြစ်သည်။ အစိုးရက အခမဲ့ပညာရေး
စနစ်ကိုပြဌာန်း၍ မူလတန်းပညာကို မသင်မနေရအဖြစ် သတ်
မှတ်ထားသည်။ အထက်တန်းပညာ သင်ကြားနိုင်ရေးအတွက်
မွန်တီဗစ်ဒီအို မြို့တော်ရှိ တက္ကသိုလ်ကျောင်းကို ၁၈၄၉ ခုနှစ်
တွင် တည်ထောင်ခဲ့သည်။
( မွန်တီဗစ်ဒီအိုမြှိုု့။)
 
၁၅၁၆ ခုနှစ်တွင် စပိန်သင်္ဘောသားတစ်စုတို့က
ဥရုဂွေးကမ်းခြေပေါ်သို့ ဦးစွာရောက်ရှိခဲ့သော်လည်း အခြေစိုက်မိ
သူတို့မှာ ပေါ်တူဂီလူမျိုးများဖြစ်သည်။ ၁၆၈ဝ ပြည့်နှစ်တွင်
ပေါ်တူဂီတို့သည် ဥရုဂွေးကမ်းပေါ်၌ ခံတပ်တစ်ခုကို တည်
ဆောက်ကြသည်။ သို့ရာတွင် အာဂျင်တီးနားမှ စပိန်တပ်များက
ပေါ်တူဂီတို့ကို တိုက်ထုတ်၍ ထိုနယ်တွင်အခြေစိုက်ကြသည်။
တဖန် ဘရာဇီးနိုင်ငံမှ ပေါ်တူဂီတို့က ဥရုဂွေးကို စပိန်တို့၏
လက်မှ သိမ်းယူကြပြန်သည်။ ဥရုဂွေး တိုင်းရင်းသားတို့သည်
စပိန်တို့၏ ကြီးစိုးမှုကိုလည်းကောင်း၊ ပေါ်တူဂီတို့၏ကြီးစိုးမှုကို
လည်းကောင်း တွန်းလှန်ပြီးလျှင် ၁၈၃ဝ ပြည့်နှစ်တွင် လွတ်
လပ်သော သမ္မတနိုင်ငံ တည်ထောင်ကြသည်။ သို့ရာတွင်
ပြည်တွင်း၌ နိုင်ငံခေါင်းဆောင်အချင်းချင်း အာဏာလုမှုကြောင့်
အာဂျင်တီးနားနိုင်ငံမှလည်းကောင်း၊ဘရာဇီးနိုင်ငံမှလည်းကောင်း
ကျူးကျော်တိုက်ခိုက်ခြင်းကို ခံခဲ့ရလေသည်။
 
ထို့ကြောင့် ၁၉၃၄ ခုနှစ်တွင် သမ္မတ၏အာဏာကို
ကန့်သတ်ပေးသော အုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုခဲ့
သည်။ တစ်ဖန် ၁၉၅၁ ခုနှစ်တွင် ထိုအခြေခံဥပဒေကို ပြင်၍
အုပ်ချုပ်မှုအာဏာကို အမျိုးသားကောင်စီအဖွဲ့ဝင်ကိုးဦးလက်ဝယ်
အပ်နှင်းကြသည်။ ထိုကောင်စီတွင် ပါလီမန်ရှိ လူများစုအဖွဲ့
က ခြောက်ဦးနှင့် လူနည်းစုအဖွဲ့က သုံးဦးပါဝင်၍သက်တမ်းမှာ
သုံးနှစ်ဖြစ်လေသည်။ သို့သော် ၁၉၆၆ ခုနှစ်တွင် အထွေထွေ
ရွေးကောက်ပွဲကြီးနှင့်အတူ ပူးတွဲကျင်းပခဲ့သော ပြည့်သူ့ဆန္ဒခံယူ
ပွဲကြီးအရ ဥရုဂွေးနိုင်ငံတွင် သမ္မတအုပ်ချုပ်မှုစနစ်ကို ပြန်လည်
ကျင့်သုံးခဲ့လေသည်။ သမ္မတသည် အဖွဲ့ဝင် ၁၁ ဦးပါဝင်သော
ဝန်ကြီးအဖွဲ့ကို ခန့်ထားသည်။
 
ပါလီမန်တွင် ဆီးနိတ်လွှတ်တော်နှင့် ပြည့်သူ့လွှတ်
တော်ဟူ၍ လွှတ်တော်နှစ်ရပ်ရှိရာ လွှတ်တော် ကိုယ်စားလှယ်
များကို ပြည်သူတို့က ငါးနှစ်တစ်ကြိမ် ရွေးကောက်တင်မြေ|ာက်
ရသည်။ ဆီးနိတ်လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ ၃၁ ဦး
ရှိ၍ ပြည့်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ ၉၉ ဦး
ရှိသည်။
 
မွန်တီဗစ်ဒီအိုမြို့သည် ဥရုဂွေးနိုင်ငံ၏ မြို့တော်ဖြစ်၍
အကြီးဆုံး ဆိပ်ကမ်းမြို့လည်းဖြစ်သည်။ အခြား ထင်ရှားသော
မြို့များမှာ မာဆေးဒိမြို့၊ ပိုင်ဆန်ဒူးမြို့နှင့် ဆားလတိုမြို့များဖြစ်
ကြသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>
 
==ကိုးကား==