သနပ်ခါး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၉ -
[[သနပ်ခါးပင်]]ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသ တို့မှာ တွေ့ရှိရပါတယ်။မြန်မာ့သနပ်ခါးထဲမှာ လူကြိုက်အများဆုံးကတော့ ရှင်မတောင် သနပ်ခါးဖြစ်ပါတယ်။
 
ရှင်မတောင်သနပ်ခါးရဲ့ မွှေးရနံ့ကြောင့် မြန်မာလူမျိုးတိုင်း ရှင်မတောင် သနပ်ခါးကို နှစ်သက်ကြခြင်း ဖြစ်ပါတယ်။ ရှင်မတောင်သနပ်ခါးအပြင် ရွှေဘိုသနပ်ခါးကိုလည်း နှစ်သက်ကြပါသေးတယ်။ ရွှေဘိုသနပ်ခါးက ရှင်မတောင်သနပ်ခါးလို ထူးခြားစွာ အနံ့ မမွှေးပျံ့ ပေမယ့် ဝင်းဝါတဲ့ အဆင်းကိုပေးပြီး ညက်လှတဲ့အတွက် ရွှေဘိုသနပ်ခါးကိုလည်း ကျွန်မတို့ မြန်မာအမျိုးသမီးများက နှစ်သက်ကြပါတယ်။သနပ်ခါးပင်နဲ့ မျိုးစိတ်နာမည်တူပြီး သနပ်ခါးနဲ့ လို့လည်း ခေါ်ဆိုကြတဲ့ သီးပင် (Limonia acidissima)လည်းရှိပါသေးတယ်။ သီးပင်ကို wood apple လို့ အမည်ခေါ်ဆိုကြပါတယ်။ မြန်မာလူမျိုးများက သီးပင်ရဲ့အသီးကို ထန်းလျက်နဲ့ပေါက်ကာ ရောမွှေစားလေ့ရှိကြပါတယ်။ သီးပင်ရဲ့ အခေါက်ဖြစ်တဲ့ သီးခေါက်ကိုလည်း သနပ်ခါးအဖြစ် သွေးလိမ်းကြပါတယ်။ ရှင်မတောင်သနပ်ခါးလို့ အနံ့ မမွှေးပျံ့ သော်လည်းပဲ ကျောက်ပျဉ်မှာ ရေနဲ့ သွေးလိုက်တဲ့အခါမှာ စေးနေပြီးတော့ လိမ်းလိုက်ရင် အသားအရေ စိုပြေစိုပြည် ဝင်းပလာတာကြောင့် ကျွန်မတို့ မြန်မာအမျိုးသမီးများက သီးခေါက်ကိုလည်း နှစ်သက်ကြပါသေးတယ်။
 
သနပ်ခါးကို မြန်မာလူမျိုးများနှစ်သက်ကြတာဟာ သနပ်ခါးရဲ့ ဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိကြောင့်လည်းပဲ ဖြစ်ပါတယ်။နေလောင်ခြင်းဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ သနပ်ခါးကို ပူအိုက်စွတ်စိုတဲ့ ရာသီဥတုရှိတဲ့ မြန်မာနိုင်ငံမှာ အရေပြားထိန်းသိမ်းဖို့အတွက် အဓိကထားကြပါတယ်။အရေပြားယားယံခြင်း ၊ ဓာတ်မတည့်ခြင်းတို့အတွက် သနပ်ခါးကို ဆားနဲ့ရောသွေးကာ လိမ်းကျံကြပါတယ်။ မျက်နှာမှာ ဝက်ခြံကင်းပြီး အသားအရေ ချောမွေ့ဖို့အတွက် သနပ်ခါးက ဆေးဖက်ဝင်ပါတယ်။