ဇော်ဝိတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
{{Infobox လူ
{{merge| အမည် = ဇော်ဝိတ်}}
| မွေးရက် = ၇ မတ် ၁၉၁၁
| ဌာနေ = ကော့မှူးမြို့နယ်၊ နတ်ဆင်ကုန်းကျေးရွာ
| ကွယ်လွန်ရက် = ၂၅ နိုဝင်ဘာ ၂၀၀၀
| နိုင်ငံသား = မြန်မာ
| လူမျိုး = [[ဗမာလူမျိုး|ဗမာ]]
| မိဘ = ဦးပေတေ၊ ဒေါ်လေးမေ
}}
:အသက်ရှည်ရှည် ကမ္ဘာတည်
:ဇာနည်ဇော်ဝိတ် ဖြစ်လတ္တံ့။
Line ၁၁ ⟶ ၁၉:
ဦးဇော်ဝိတ်ကို ၁၉၉၁ ခုမတ်လ ၇ ရက်နေ့တွင် ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့အပိုင် နတ်စင်ကုန်းကျေးရွာ၌ မွေးဖွားသည်။ မိဘနှစ်ပါးမှာ ကရင်လူမျိုးများ ဖြစ်ကြသည်။ အဖမှာ ဦးပေတေ၊ အမိမှာ ဒေါ်လေးမေ ဖြစ်၍ လယ်ပိုင်ရှင်များ ဖြစ်ကြသည်။ ဇော်ဝိတ်ဟူသော အမည်သည် ကြီးပြင်းသောအခါမှ ပြောင်းလဲမှည့်ခေါ်သည် မဟုတ်ချေ။ ငယ်စဉ်ကပင် မှည့်ခေါ်လာသော အမည်ဖြစ်သည်။ အဘိုးဖြစ်သူမှာ ပညာရှိတစ်ဦးဖြစ်၍ မြေးငယ်များကို အမည်ထူးထူးဆန်းဆန်း မှည့်ခေါ်သောကြောင့် ဖြစ်သည်။ ဦးဇော်ဝိတ်တွင် မွေးချင်း ၃ ယောက်ရှိရာ အစ်မနှစ်ယောက်မှာ ဒေါ်လှဗျော်နှင့် ဒေါ်ဇော်ရှိန်တို့ ဖြစ်ကြသည်။ အဘိုးဖြစ်သူသည် ဦးဇော်ဝိတ်တို့ကိုသာမက အခြားသော ဆွေမျိုးသားချင်းများကိုလည်း အံ့ချီး၊ တော်ဦး၊ သာတော်၊ ဝေဖြိုး စသည်ဖြင့် အမည်ထူး အမည်ဆန်းများ ပေးခဲ့သူဖြစ်သည်။
ဦးဇော်ဝိတ်သည် ကြီးပြင်းမှသာ လူသန်ကြီးဖြစ်သော်လည်း ငယ်စဉ်ကမူ အလွန် ချူချာခဲ့သည်။ ၄နှစ်သား အရွယ်ရောက်မှ မတ်တတ်သွားနိုင်သည်။
 
==ဇော်ဝိတ်၊​ ဦး​(၁၉၁၁ - ၂၀၀၀) ==
ကာယဗလ ဇော်ဝိတ် ဟု ထင်ရှားခဲ့သူဖြစ်သည်။ ၁၉၁၁ မတ်လ ရ ရက်နေ့တွင် ပဲခူးခရိုင် ဟံသာဝတီမြို့ ကော့မှုးရွာတွင် မွေးဖွားသည်။ ၁၉၃၅ ခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့၌ ကျင်းပသော အာရှ အလေးမ နှင့် ကာယဗလမောင်ပြိုင်ပွဲတွင် အလတ်တန်း အလေးမမောင် ပထမနှင့် အကြီးတန်း အလေးမမောင်ပါ ဆက်ပြိုင်ခွင့် ရခဲ့သည့် အတွက် အကြီးတန်း အလေးမ ပထမဆု ကိုလည်း ဆွတ်ခူးခဲ့သည့် အပြင် ဗြိတိသျှအင်ပါယာ စံချိန်ကိုလည်း တင်ခဲ့သည်။ ၁၉၃၆ခုနှစ် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ကျင်းပသော ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲသို့ သွားရောက်နိုင်ရန် အရှေ့တောင်အာရှ ကိုယ်စားပြု အားကစား သမားတစ် ဦးအဖြစ်လည်း ရွေးချယ် စေလွှတ်ခြင်း ခံခဲ့ရသည်။
 
= ငယ်စဉ်ဘဝ =
ငယ်စဉ်က ကျန်းမာရေးမကောင်းဘဲ ချူချာသည်။ အသက် ခုနစ်နှစ်အရွယ်ရောက်မှ နတ်စင်ကုန်းရွာလယ် ဦးချင်းယောက်ကျောင်းတွင် ပညာစတင်သင်ယူသည်။ စာကျက်ပျင်းသော်လည်း မှတ်ဉာဏ်ကောင်း၍ တစ်နှစ်တစ်တန်း မှန်မှန်အောင်သည်။ အလယ်တန်းပညာကို နေအိမ်ရှေ့ ကွက်လပ်တွင် ကျောင်းဆောက်လုပ်ဖွင့်လှစ်သော ဆရာတင် ခုနစ်တန်းကျောင်း၌ ခုနစ်တန်းအောင်သည်အထိ သင်ယူသည်။
ဦးဇော်ဝိတ်သည် ၁၉၂၇ ခုနှစ်တွင် ဦးလေးဖြစ်သူ၏ အကူအညီဖြင့် ဗိုလ်တစ်ထောင် စိန်ဗားနီဗတ်ဟိုက်စကူးကျောင်းသို့ တက်ရောက်သင်ယူခွင့်ရရှိသည်။ မြန်မာစာခုနစ်တန်းအောင်သော်လည်း အင်္ဂလိပ်စာ မတတ်သဖြင့် တတိယတန်းက စတင်သင်ယူရသည်။ ထိုစဉ် မိခင် ဒေါ်လေးမေမှာ ရုတ်တရက် မီးယပ်ရောဂါဖြင့် ကွယ်လွန်၍ ဇာတိရွာသို့ပြန်သည်။ ရွာသို့ရောက်သောအခါ ကျောင်းပြန်မတက်တော့ဘဲ လယ်ယာလုပ်ကိုင်သည်။
 
= ဇော်ဝိတ်အစ =
ဦးဇော်ဝိတ်သည် ၁၉၂၈ ခုနှစ်တွင် ရန်ကုန်ဘက်ပတစ် နော်မန် ဆရာအတတ်သင်ကျောင်း၌ အီးတီစီဆရာဖြစ်သင်တန်း တက်ရောက်ခွင့်ရရှိသည်။ ၁၉၂၉ ခုနှစ်တွင် ဆရာဖြစ်သင်တန်းအောင်မြင်ပြီး ကြည့်မြင်တိုင် ဦးဘွင်ယူ မူလတန်းကျောင်း၌ မူလတန်းပြ ဆရာအဖြစ်လုပ်ကိုင်သည်။ ကြည့်မြင်တိုင်သို့ကျောင်းတက်ရာ နံနက်ကျောင်းတက်လျှင် မင်္ဂလာတောင်ညွန့် ၁၀၃ လမ်းမှ ရန်ကုန်ဘူတာကြီးသို့ ခြေလျင်လျှောက်ပြီး ဘူတာကြီးမှ ဟုမ်းလမ်းသို့ ရထားစီးသည်။ ဟုမ်းလမ်းဘူတာမှ တောလမ်းရှိ ဦးဘွင်ယူမူလတန်းကျောင်းသို့ ခြေလျင်လျှောက်သည်။ အပြန်တွင်လည်း ထိုသို့ပင်ပြန်သည်။ ကျောင်းမှ အိမ်သို့ အပြန်နေ့စဉ်လိုလို ရန်ကုန်ဘူတာကြီးအနီး ဦးအုန်းခိုင်လမ်း မီးရထား အမှုထမ်းများနေသော အိမ်တစ်အိမ်ရှေ့တွင် လူငယ်တစ်စု အားကစား လေ့ကျင့်နေသည်ကို တွေ့မြင်ရပြီး ထိုအိမ်ရှေ့တွင် ကျန်းမာသန်စွမ်းရေးကလပ် Strength and Health Club ဆိုသော အမည်ဖြင့် အင်္ဂလိပ်လို ဆိုင်းဘုတ်ကလေး ချိတ်ထားသည်။ အချို့က အလေးပြားကြီးများ ပင့်ကြ၊ မကြ၊ အချို့က သံကွင်းဘား၊ အချို့က နှစ်တန်းဘား လေ့ကျင့်ကြသည်။ သူတို့၏ ကိုယ်လုံး ကိုယ်ထည်များမှာ ကြွက်သားကြီးများ အဖုအထစ်ဖြင့် အားကျစရာဖြစ်သည်။ ကာယဗလကို ဝါသနာထုံခဲ့သော ဦးဇော်ဝိတ်သည် မကြာမီ ကျန်းမာသန်စွမ်းရေးကလပ်သို့ ဝင်ရောက်လေ့ကျင့်သည်။
ဦးဇော်ဝိတ်သည် ၁၉၂၉ ခုနှစ်တွင် အလုံ ဧရာဝတီလမ်းရှိ အလေးမနည်းပြဆရာ ကာယဗလ ဦးရှိန်ထံ၌ အလေးမစတင်ကစားသည်။ ၁၉၃၀ ပြည့်နှစ်တွင် ကာယဗလ ဦးရှိန်၏ မြန်မာပြည် ကာယဗလအဖွဲ့ကကြီးမှူး၍ အာရှစံချိန်အလေးမပွဲကို ကျင်ပရာ ဦးဇော်ဝိတ်သည် ပရိသတ်ရှေ့တွင် ပထမဆုံးအစွမ်းပြသသည်။ ပေါင် ၂၈၀ဖြင့် အာရှစံချိန်ကို အောင်မြင်စွာမပြီး အားကစားလောကနှင့် ပြင်ပလောကတွင် ထင်ရှားကျော်ကြားသွားသည်။ ၁၉၃၁ ခုနှစ်တွင် ဇော်ဝိတ်တစ်ကိုယ်တော် အစွမ်းပြ အလေးမပွဲကို မြန်မာပြည် အလေးမအသင်းတိုက်၌ ကျင်းပရာ ပြိုင်ပွဲဝင် အိုလံပစ်နှစ်ဆင့် မနည်းဖြင့် အာရှတွင် မည်သူမျှ မ,မနိုင်သော ၂၄၄ ပေါင်ခွဲကို လွယ်လွယ်ကူကူမပြသည်။ မြန်မာပြည် လေးမအသင်းဥက္ကဌ ဝတ်လုံတော်ရ ဦးဘဒွန်းနှင့်အဖွဲ့ဝင်များက ဇော်ဝိတ်ကို မြန်မာပြည်တွင် အများဆုံးမနိုင်သော လူသန်ကြီးအဖြစ် အသိအမှတ်ပြုကြသည်။
ဦးဇော်ဝိတ်သည် ၁၉၂၃ ခုနှစ်တွင် မြန်မာပြည်အပျော်တမ်း အမျိုးသားရဲတပ်ကပွဲ၌ အလေးမပြသည်။ ကြွက်သားကြီးများ လှုပ်ပြသည်။ လူသုံးယောက်ကို လက်တစ်ဖက်တည်းဖြင့် မ၍ ဇာတ်ခုံတစ်ဖက်စွန်းသို့ လျှောက်ပြသည်။ ကိုးပေစင်မြင့်ပေါ်မှ အလေးမချိန်ပီယံ ကိုစံသင်က ဇော်ဝိတ်ကြီး၏ ဗိုက်ပေါ်သို့ခုန်ချရာ ဇော်ဝိတ်က ပြုံးရွှင်စွာထလာပြီး ပရိသတ်ကို လက်မြှောက်နှုတ်ဆက်ပြသည်။ ထို့ပြင် ဇော်ဝိတ်၏ လည်ပင်းကို တစ်ဖက်လျှင် လူ၁၀ယောက်စီ ကြိုးချည်ဆွဲကာ အစွမ်းပြသည်။
 
= ဗြိတိသျှစံချိန် =
ဦးဇော်ဝိတ်သည် ၁၉၃၃ ခုနှစ်တွင် ဗြိတိသျှစံချိန်ချိုးပွဲကို မြို့မအမျိုးသားကျောင်းရှေ့၌ ကျင်းပရာ ဗြိတိသျှစံချိန် ၁၇၅ ပေါင်ကို တစ်ကြိမ်တည်းပေါင် ၁၈၀မကာ စံချိန်ချိုးလိုက်သည်။ အမြန်မတွင်လည်း ဗြိတိသျှစံချိန်ပေါင် ၂၀၀ ကို ၂၀၅ ပေါင်မပြီး ထပ်မံစံချိန်ချိုးလိုက်ပြန်သည်။ ဗြိတိသျှအင်ပါယာ အမြင့်ဆုံးစံချိန် ၆၅၅ ပေါင်ကို ဦးဇော်ဝိတ်က စံချိန်သစ် ၆၆၁ ပေါင်ဖြင့် အစွမ်းပြသွားသည်။
ဦးဇော်ဝိတ်သည် ၁၉၃၄ ခုနှစ်တွင် ၆၉၅ ပေါင်အထိမ၍ ဗြိတိသျှစံချိန်ကို ထပ်မံချိုးလိုက်သည်။ ၁၉၃၄ ခုနှစ် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရဲတပ်ဖွဲ့ညီလာခံကို မြို့မအမျိုးသားကျောင်းတွင် ကျင်းပရာ ဦးဇော်ဝိတ်သည် ဆရာဖြစ်သူ ကာယဗလ ဦးရှိန်နှင့်အတူ ပါဝင်ဟောပြောသည်။ထို့ပြင် လူငယ်များကြီးပွားရေးအသင်းက ကျေးလက်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇာတိမာန်ကဗျာနှင့် ဇော်ဝိတ်ကြီး၏ ဓါတ်ပုံ၊ ကိုယ်လက်ကျန်းမာရေးစာတမ်းများ ဖြန့်ဝေသည်။ ဦးဇော်ဝိတ်ကိုယ်တိုင် ကျေးလက်သို့ သွားရောက်၍ ကာယဗလအကြောင်းဟောပြောသည်။ ထိုစဉ်က စိန်သရဖူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးစဉ် ဦးဇော်ဝိတ်၏ ကာယဗလပြခန်းပြကွက်များကို ထည့်သွင်းရိုက်ကူးသည်။ ကွမ်းခြံကုန်းမြို့နယ် ကိုးတောင်ရွာသို့ တူဖြစ်သူ၏ အသုဘကိစ္စ သွားရောက်စဉ် ကျေးလက်လူငယ်များ၏ တောင်းဆိုမှုကြောင့် အသုဘမဏ္ဍပ်အလယ်တွင် ကာယဗလပြပွဲ ဆင်နွှဲပြသရသည်။
 
= အိုလံပစ်ပြိုင်ပွဲ =
ဦးဇော်ဝိတ်သည် ၁၉၃၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ အလေးမပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်သည်။ ၁၂ စတုံတန်းတွင် အိန္ဒိယချိန်ပီယံဆု၊ ဟဲဗီးဝိတ်တန်းတွင် ပေါင် ၂၈၀ မ၍ အိန္ဒိယအင်ပါယာ ချန်ပီယံဆုများရရှိပြီး မနည်းသုံးနည်းဖြင့် ပေါင် ၆၈၀ မကာ အိန္ဒိယစံချိန်သစ်တင် ဗိုလ်စွဲသည်။ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကာယဗလအဖွဲ့က ဦးဇော်ဝိတ်ကို (၁၁)ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် အလေးမပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ရာ ၁၉၃၆ ခုနှစ်၊ ဩဂုတ်လ ၂ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ကျင်းပသော ကမ္ဘာ့အိုလံပစ်အလေးမပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်သည်။ ဦးဇော်ဝိတ်သည် အဆင့် ၁၄ သာ ရရှိခဲ့သော်လည်း အမြန်တွင်အကောင်းဆုံးမပြနိုင်သည်။ ကမ္ဘာ့အိုလံပစ် အလေးမပြိုင်ပွဲမှ ပြန်လာသော ဦးဇော်ဝိတ်ကို မြန်မာအားကစားပရိသတ်က ရန်ကုန်ဆိပ်ကမ်းတွင် ကမ်းလုံးညွှတ်မျှ ကြိုဆိုကြသည်။ ထို့ပြင်ရန်ကုန်မြို့တော်ဝန်က ကြီးမှူး၍ အိုလံပစ်ပြန်ဇော်ဝိတ်ကြီး ဟောပြောပွဲကျင်းပခဲ့ရာ မြို့တော်ခန်းမတစ်ခုလုံး ပရိသတ်ပြည့်လျှံသွားသည်။
 
 
 
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:အားကစား]]
[[Category:မြန်မာပြည်]]