ကာ၊ ဦး (ပါမောက္ခချုပ်): တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၂ -
==အစ္စလာမ်ဘာသာရေးအဖွဲ့များတွင် ပါ၀င်ဆောင်ရွက်ခဲ့ပုံ==
 
၁၉၅၄-ခု နို၀င်ဘာ ၂ ရက်နေ့က ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)အဖွဲ့ ဖျက်သိမ်းပြီး အစ္စလာမ်သာသနာရေးရာကောင်စီကို ဖွဲ့စည်း ရန် ဗမကအဖွဲ့ရုံး၌ ညှိနှိုင်းဖွဲ့စည်းေ၀းစဉ်ညှိနှိုင်းဖွဲ့စည်းဝေးစဉ် ဆရာကြီးဦးကာအားဘဏ္ဍာရေးမှူးအဖြစ် အများက လျာထားသည်။ ၁၉၅၄-ခု ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကနေဒီလမ်း၊ ဇိနတ် အစ္စလာမ်ယောကျာ်းလေးများဂေဟာ၌ အစ္စလာမ်ကောင်စီစတင် ဖွဲ့စည်း သည့် အစည်းအေ၀းသို့ ဆရာကြီး တက်ရောက်သည်။ ထိုအစည်းအေ၀းမှဆရာကြီးသည်ထိုအစည်းအဝေးမှဆရာကြီးသည် စည်းမျဉ်းရေးဆွဲရေး ကော်မတီ၀င်အဖြစ်လည်းကောင်း၊ စာရင်းစစ်အဖြစ် လည်းကောင်း ရွေးချယ်တင်မြှောက်ခံရသည်။ စတင်ဖွဲ့စည်းသည့် ထိုကာလမှစ၍ ဆရာကြီးသည် အစ္စလာမ်သာသနာရေးရာ ကောင်စီတွင် တောက်လျှောက်ပါ၀င်ခဲ့သည်။
 
၁၉၅၈ ခု၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ၀န်ကြီးချူပ်၏ပြည်ထောင်စု စီမံကိန်းကောင်စီဌာနချူပ်၌ ကျင်းပသော အသင်းအဖွဲ့ပေါင်းစုံမှ ကိုယ်စား လှယ်များ၏ပဏမ ဆွေးနွေးပွဲသို့ ရန်ကုန်တက္ကသိုလ်မှ ဆရာကြီး ဦးကာတက်ရောက်ပါ၀င်ဆွေးနွေးခဲ့သည်။ အစည်းအေ၀းတွင်ဆေးသိပ္ပံအစည်းအဝေးတွင်ဆေးသိပ္ပံ ကျောင်းသားများအသင်း ကိုယ်စားလှယ်က မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအတွက်သီးခြားထမင်းစားရုံနှင့် သီးခြားကျောင်းဆောင်များရရှိရေး အကြံပေးသည်။ ဆရာကြီးဦးကာက အတွေ့အကြုံရင့်ကျက်သူပီပီ သီးခြားကျောင်းဆောင် တောင်းခံလျှင်မသင့်။ ယခင်သီးခြားထမင်းစားရုံနှင ့်သီးခြားထမင်းချက်ယခင်သီးခြားထမင်းစားရုံနှင့်သီးခြားထမင်းချက် ထားရှိပေးရေးဆိုလျှင် ဖြစ်နိုင်စရာရှိကြောင်း စစ်ကြိုနှင့် စစ်ပြီးခေတ်အတွေ့အကြုံများကို သာဓက ဆောင်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။ ၁-၈-၅၈နေ့ မွတ်စလင်ကုန်သည်ကြီးများအသင်း၌ကျင်းပသော အစည်းအေ၀းတွင်အစည်းအဝေးတွင် ဆရာကြီး၏ အကြံပြုချက်အတိုင်း အောင်မြင်မှုရရှိပြီးဖြစ်ကြောင်းဇူလိုင် ၂၉ ရက်နေ့စွဲ ပါ ကျောင်းဆောင်စားသောက်ရေးကော်မတီ၏ ပြန်စာအမှတ် ၁၅၉၃ အိပ်ချ်အက်ဖ် ၂၂ ကို ရှင်းလင်းပြသည်။ ပါမောက္ခချူပ်ဆရာကြီး ဦးကာသည် နိုင်ငံတော်တွင် အဆင့်မြင့်ရာထူးကြီးများကို တာ၀န်ယူ ထမ်းဆောင်သကဲ့သို့တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကိုယ်စားပြုသော ဘာသာရေးအသင်း အဖွဲ့များနှင့်လည်း မကင်းကွာဘဲစိတ်၀င်တစားပါ၀င်ကြောင်း၊ကူညီကြောင်း သိရှိရပါသည်။
 
 
သာယာသော လောကကြီးကို အစ္စလာမ်တရားတော်နှင့် ဖန်တီးနိုင်ကြောင်းမျှော်လင့်ယုံကြည်သည်။ ယုံကြည်ချက်ကို-' အချူပ်အားဖြင့် ဤစာအုပ်တွင် အလွန်နက်နဲ ကျယ်၀န်းလှသည့် အစ္စလာမ်တရားတော်ကြီး၏ ကောက်နုတ်ချက်များဖြစ်သော အလွန်သေးငယ်သည့် အစိတ်အပိုင်းကလေးမျှကိုသာထည့်သွင်း ဖော်ပြထားသော်လည်း ဖတ်ရှုသူများသည် ကိုယ်ကျင့်၀တ်ကို ကောင်းစွာသိရှိ ထိန်းသိမ်းတတ်၍၊ပေါင်းသင်းဆက်ဆံမှု အဆင်ပြေ၍ ကောင်းလာပြီးလျှင်ယခုထက်များစွာ သာယာသောလောကကြီးကို ကူညီဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်'ဟု အတွင်း၀န်သီရိပျံချီ ဦးဘစိန် (M.S.c, B.S.c) စီရင်ရေးသားသည့်'အစ္စလာမ်ဘာလဲ' ကျမ်းအတွက် နိဒါန်းအမှာစာပေးပို့ရာတွင် ဆရာကြီးက ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
 
==ကိုးကား==