ရတနာနတ်မယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၂ -
အီတလီ၏ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်သောFlorence မှာ နေထိုင်သည့် Ms June Rose Bellamy (ခေါ်) ရတနာနတ်မယ် သည် Associazione Culturale Arte e Gastronomia Orientale ဆိုင် ဖွင့်ထားပါသည်။
 
ဖလောရန့် မြို့မှာ Studio June Bellamy ဆိုသော Cooking School ဖွင့်ထားပါသည်။ သူမဟာလည်း ကျော်ကြားသည့် Chef တစ်ယောက် ဖြစ်နေပါပြီ။ သူမရဲ့ ဝဘ်ဆိုဒ်လေးမှာ မြန်မာအငွေ့အသက်လေးတွေ မြင်နိုင်ပါသေးသည်။ သူမရဲ့ ဒီအခန်းလေးထဲမှာ သူ့ဖခင် ဝါသနာပါတဲ့ မြင်းပုံတွေကို အမှတ်တရ ရေးဆွဲထားသလို သူ့အဘိုး လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ရဲ့ မင်္ဂလာပွဲခင်ခင်ကြီးတို့၏မင်္ဂလာပွဲ ပုံကိုလည်း ရေးဆွဲထားတယ်လို့ သိရသည်။
<ref>http://blog.nyilynnseck.com/2009/01/blog-post_12.html</ref>
 
စာကြောင်း ၂၀ -
မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန် အလည် ရောက်ခဲ့သေးတယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သိရသည်။
<ref>မိုးမခ ကွန်</ref>
တစ်ချိန်က ဟောလိဝုဒ်တွင် The Purple Plain (ခရမ်းရောင် လွင်ပြင်) ဆိုသည့် မြန်မာပြည်တွင်း ဒုတိယ ကမ္ဘာစစ် နောက်ခံ ရုပ်ရှင် ကားကြီး၌ ခေါင်းဆောင်မင်းသမီး လျှောက်ပြီးမှ ဇာတ်ကား၏ ရိုက်ကွင်းကို သီရိလင်္ကာမှာ ရိုက်မည်ဆို၍ ရေခံမြေခံ မမှန်တာကြောင့် မင်းသမီး ဝင်မလုပ်ခဲ့ပေ။ (သူ့နေရာတွင် ဝင်းမင်းသန်းက ဝင်ရိုက်ခဲ့ရာ အထူးပင် နာမည်ကျော်ကြား သွားသည်။)<ref>မျိုးညွှန့် ၊ရန်ကုန်တက္ကသိုလ် ရေး ရတနာနတ်မယ် ကောက်ကြောင်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်နဝါရီလ ၂၀၁၂)</ref>
 
== ကိုးကား ==
<references/>