မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၁ -
 
=== မင်းသားညီနောင် ဆိုးသွမ်းပုံ ===
* မင်းတုန်းမင်းတရားသည် သားတော်ကြီးများ စုံညီစွာခစားမိလျှင် ပြုံးတော်မူလျှက် `ကိုင်း ငါ့သားများ ခမည်းတော်ဘုရားကို ပွဲတော်ဟင်းများ ကိုယ်ချက်တတ်ရာ သား၊ ငါးများကို ကိုယ်တိုင်ချက်၍ ဆက်ကြစမ်းပါ။ မြိန်ရှက်စွာ ပွဲတော်တည်လိုတယ်´ ဟု စင်စစ်အားဖြင့် ဆန္ဒမရှိသော်လည်း ကျွမ်းဝင်ချစ်ခင်သည်ဟူသော ပရိယာယ်ဖြင့် မိန့်တော်မူလျှင် အချို့သော သားတော်များမှာ ဝမ်းမြောက်စွာဖြင့် မည်သည့်ဟင်းချက်တတ်ကြောင်း၊ ကိုယ်တိုင်ချက်၍ ဆက်သကြသည်။ မြင်ကွန်းမင်းသားအလှည့်တွင် `မှန်လှပါ။ ဘုရားသားတော် အမဲသားဟင်း ချက်တတ်ကြောင်းပါဘုရား´ဟု လျှောက်ထားလိုက်သည်။ မင်းတုန်းမင်းသည် အမဲသားဟင်းကို ကိုယ်တိုင်လည်း ပွဲတော်မတည်၊ တိုင်းသူပြည်သား၊ ရဟန်းရှင်လူအားလုံး မစားသောက်ရန် တင်းကျပ်စွာ တားမြစ်ထားရာ ရုတ်တရက် မြင်ကွန်းမင်းသား လျောက်တင်ချက်ကို ကြားသောအခါ `ဟင်´ဟု သာ တစ်လုံးတည်း နှုတ်မှထွက်ကာ မျက်နှာတော်ညို၍ အတွင်းတော်သို့ ဝင်တော်မူသည်။ ထိုအကြောင်းကို ကြားသိရသော ငယ်ကျွန်များက `အရှင်က ဒါတော့ လွန်လွန်းထင်ပါ့ဘုရား´ ပြောရာ မြင်ကွန်းမင်းသားက `မဟုတ်တရုတ် နေရာရှာလို့၊ ငါတို့ကို ဟင်းချက်ခိုင်းနေရသေးတယ်၊ လခပေးထားတဲ့ စားတော်ကဲတွေ အရှိသားနဲ့၊ ဒါနဲ့ ငါကလည်း သူတားမြစ်ထားတဲ့ နွား အမဲသားချက်တတ်ကြောင်း အရွဲ့တိုက်ပြီး သံတော်ဦးတင်လိုက်တာပဲဟေ့သံတော်ဦး တင်လိုက်တာပဲဟေ့´ဟု မိန့်တော်မူသည်။ မြင်ကွန်းမင်းသားသည် တမင်အရွဲ့တိုက်လျက် တင်ခြင်း ဖြစ်သည်။
 
 
စာကြောင်း ၂၇ -
 
 
* တစ်နေ့၌ မြင်ကွန်းမင်းသားညီနောင်တို့သည် ငယ်ကျွန်များနှင့်တကွ ဥယျာဉ်တော်ထဲတွင် ကစားနေကြသည်။ အကစားလွန်ပြီး မိုးချုပ်သွားသောအခါ အိမ်တော်၌လည်း အစောင့်မကျန်ရစ်ခဲ့သဖြင့် ထမင်းဟင်းချက်ပြုတ်ထားမည့်သူ မရှိဘဲ ဖြစ်နေလေသည်။ ထိုအခါ မြင်ကွန်းမင်းသားညီနောင် နှစ်ပါးသည် လေးသိန်းတံခါး အထွက် ကျုံးတော်အနီး၌ မြက်စားနေကြသော ဘုရင်၏ မင်္ဂလာနွားဖြူ တစ်ရှဉ်းလုံးကို ဖမ်း၍သတ်ကာ ချက်ပြတ်၊ ကြော်လှော်ပြီး စားသောက်လိုက်ကြသည်။
 
 
* မြင်ကွန်းမင်းသားညီနောင်ပုန်ကန်ရန် ဆုံးဖြတ်ချက်ချသည်ကို အိမ်ရှေ့စံ ကနောင်မင်းသား၏ သမီးတော်၊ မြင်ကွန်းမင်းသား၏ မိဖုရားက သိရှိလေသောကြောင့် လျှို့ဝှက်စွာ ခမည်းတော်အား သံတော်ဦးတင်၏။ ထိုအကြောင်းကို မြင်ကွန်းမင်းသား သိသောအခါ `သယ်..သင့်အဖေ ရှင်ဘုရင်ဖြစ်တော့ သင့်ကို မိဖုရားမြှောက်မတဲ့လား၊ ငါရှင်ဘုရင်ဖြစ်မှ သင်းမိဖုရားဖြစ်မှာတော့ သူမကြည့်ဘူး၊ ဒါလောက် အဖေကို လင်ထက်ပိုချစ်လှတဲ့ သတ္တဝါမ၊ သွားမြဲလမ်းကိုသာ သွားတော့´ဟု ပြောဆိုကြိမ်းဝါးပြီး အင်္ဂတေထောင်းသော မောင်းဆုံထဲသို့ အရှင်လတ်လတ်တုတ်နှောင်ကာ ထည့်ထောင်း၍ ရက်ရက်စက်စက် သတ်ပစ်လိုက်လေသည်။ (သမီးတော်ကို မြင်ကွန်းမင်းသား သတ်ပစ်ကြောင်း ကနောင်မင်းသား သိသော်လည်း အရေးမယူပဲ `သားသမီးပဲ နောင်များစွာရနိုင်သေးသည်´ဟု ဆိုကာ အေးအေးနေခဲ့လေသည်။)
 
* ညီတော် မြင်းခုန်တိုင်မင်းသားကလည်း သက်တော် ၁၆နှစ်၊ ၁၇နှစ်တိုင်အောင် တောင်ဥယျာဉ်တော်အတွင်းရှိ ရေကန်တွင် ငှက်ပျောတုံးကို ဖောင်ဖွဲ့၍ တက်စီးပြီး ရှေ့ကကြိုးတတ်လျက် လူနှစ်ယောက်က ဆွဲရလေသည်။ နေ့စဉ် ပြုလုပ်ရသောကြောင့် မှူးမတ်ကြီးများမှစ၍ အရာရှိများက ကွယ်ရာတွင် မြင်းခုန်တိုင်ဟု မခေါ်ဘဲ '''လူတေလေး'''ဟု ခေါ်လေသည်။ <ref>ဒဂုန်ခင်ခင်လေး၏ မြင်ကွန်းညီအစ်ကိုနှင့် ပတိမ်းမင်းသားပုံကန်မှု (အဋ္ဌာရသ မဂ္ဂဇင်း၊ အမှတ်တစ်)</ref>
</ref>
 
== ကြံစည်ကြပုံ ==