ဆင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၂၈၀ -
 
=== ဆင်အမျိုးအစားများ ===
 
အစွယ်အမျိုးအစားပေါ် မူတည်၍ ဆင်ထီးများကို လေးမျိုးလေးစားခွဲခြားနိုင်သည်။ အစွယ်နှစ်ဖက်ပါရှိသော ဆင်ကို စွယ်စုံဆင်ဟု ခေါ်သည်။ အစွယ်တစ်ဖက်သာပါရှိသောဆင်ကို တေဆင်(တယ်လူး)ဟုခေါ်ပြီး အစွယ်လုံးဝ မပါရှိသောဆင်ကို ဟိုင်းဆင်ဟု ခေါ်ဝေါ်ကြသည်။ အစွယ်အနည်းငယ်(တစ်မိုက်ခန့်)ရှိသော ဆင်ကို ဟန်ဆင်(ဟန်ကုပ်) ဟုခေါ်ပါသည်။
ဆင်မများတွင် အစွယ်ရှိသော်လည်း စွယ်ဖုံးအပြင်သို့ မထွက်သောကြောင့် မမြင်ရချေ။
 
===ဆင် ( ၁၀ ) မျိုး===
မုံရွေးဇေတ၀န် ဆရာတော်ကြီး၏ ဥတိန္နပျို့ ပုဒ်ရေ (၃၂) တွင် ဆင်များ ကို အချုပ်အားဖြင့် (၁၀) မျိုး ပြသထားသည်။
 
# ကာဠာ၀ကဆင် = ဆင်မည်း၊ ညင်းညင်းသာသာ မြည်တက်သော အသံရှိသည့်ဆင်။ ယောင်္ကျား (၁၀) ဦး၏ အားအစွမ်းနှင့် ညီမျှသော အားရှိသည်။
#ဂင်္ဂေယျဆင် = ဂင်္ဂါမြစ်အနီး၌ ပေါက်ဖွားသောဆင်။ယင်းဆင်သည် သရက်ရွက်နုုအဆင်းရှိသည်။ အပေါင်းအသင်းတို့နှင့်မွေ့လျှော်တက်သောကြောင့်လည်းကောင်း ၊ဥဒေါင်းမြီးစည်းနှင့်တူသော တင့်တယ်သော အမြီးရှိသောကြောင့် ကာလာပ ဟုခေါ်တွင်းသေး၏။ ကာဠာ၀ကဆင် (၁၀) အားနှင့် ညီမျှသော အားရှိသည်။
#ပဏ္ဍရဆင်= သစ်ရွက်ရော်အဆင်းရှိ၏ (၀ါဖန့်ဖန့် အရောင်အဆင်းရှိသည်)ဂင်္ဂ ါယျဆင် (၁၀)အားနှင့် ညီမျှသောအားရှိသည်။
#တမ္ပဆင်=ကြေးနီရောင် အသွင်နီကြင်ကြင် အဆင်းရှိသည်။ပဏ္ဍရဆင် (၁၀)အားနှင့် ညီမျှသောအားရှိသည်။
#ပိင်္ဂလဆင်=ဖြူနီရောင် စသည်တို့နှင့် ရောပြွန်းကြောင်ကြားနေသော အဆင်းရှိသည်။တမ္ပဆင်(၁၀)အားနှင့် ညီမျှသောအားရှိသည်။
#ဂန္ဓဆင်=မွေးကြိုင်သင်းပျံ့ ကောင်းသောရနံ့ရှိသောရှိသောဆင်၊ အရောင်သည် အပြာရောင်၊ အဖြူရောင်ရောသော နှမ်းဆွတ်ဆုပ် အဆင်းနှင့် တူသော အဆင်းရှိသည်ဟု လောကီကျမ်းအချို့၌ အဆိုရှိသည်။ပိင်္ဂလဆင်(၁၀)စီးအားနှင့် ညီမျှသော အားရှိသည်။
#မင်္ဂလဆင်=တင့်တင့်တယ်တယ် ဖွယ်ဖွယ်ရာရာ သွားလာတက်သော ဆင်၊ နက်မှောင်သော အဆင်းရှိလျှက် ကြန်အင်လက္ခဏာနှင့် ပြည့်စုံသည်ဟု လောကီကျမ်းတို့၌ အဆိုရှိသည်။ဂန္ဓဆင်(၁၀)စီးအားနှင့် ညီမျှသော အားရှိသည်။
#ဟေမဆင်=ရွှေအဆင်းကဲ့သို့ ဝါ၀င်းသော အဆင်းရှိသည်။မင်္ဂလဆင်(၁၀)စီးအားနှင့် ညီမျှသောအားရှိသည်။
#ဥပေါသထဆင်=ဥပေါသထဆင်မျိုး၌ ဖြစ်သောကြောင့်လည်းကောင်း ဆန့်ကျင်ဘက် ရန်သူတို့ကို နိုင်စေတက်သည်။လျှောက်ပတ်သောအရပ်၌ ချဉ်းကပ်နေထိုင်တက်သောကြောင့်လည်းကောင်း ဥပေါသထဆင်ဟုခေါ်သည်။ရှည်သွယ်ညီညွတ်သော အစွယ်လဲရှိသည်.ဟေမဆင်(၁၀)စီးအားနှင့် ညီမျှသော အားရှိသည်။
#ဆဒ္ဒန်ဆင်=အစွယ်၌ အရောင် ၆ မျိုးရှိသည်။(အစွယ်မှ အရောင်ခြောက်မျိုးထွက်သည်)ဥပေါသထဆင်နှင့် ဆဒ္ဒန်ဆင်တို့၏
အရောင်သည် ဘော်သားအတူ ဖြူဖြူဖွေးကြသည်။ဥပေါသထဆင် (၁၀)စီးအားနှင့် ညီမျှသည်။
 
==ကိုးကား==
<references/>
"https://my.wikipedia.org/wiki/ဆင်" မှ ရယူရန်