ပန်းချီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၂၁ -
ပုံရုပ်တုကို လေ့လာအဓိပ္ပာယ်ဖော်သောပညာရပ် (Iconography) အနေနှင့်လည်း ပန်းချီကားတွင် ပါဝင်သည်များကို လေ့လာကြပါသေးသည်။ အာဝင် ပါနော့ဖ်စကီ (Erwin Panofsky) နှင့် အခြားသော ပန်းချီသမိုင်းပညာရှင်များသည် ပထမအဆင့်တွင် ပန်းချီကား၌ ဖော်ပြလိုသော ပါဝင်ဖွဲ့စည်းမှု၊ ထို့နောက် ကြည့်ရှုခံစားသူ၏ နားလည်ခံယူမှုနှင့် ထိုသူတို့၏ ကျယ်ပြန့်သော ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှု အဓိပ္ပာယ်များကို သုံးသပ်စိစစ်ကြပါသည်။
 
၁၉၈၀ ပြည့်နှစ်တွင် ပါရီမြို့သား ပန်းချီဆရာ [[မောရိုက်စ် ဒင်းနစ်]] (Maurice Denis) [<ref>http://en.wikipedia.org/wiki/Maurice_Denis]</ref> က ထင်ရှားလှသော အဆိုပြုချက်တစ်ခုကို တင်ပြလာပါသည်။ “စစ်မြင်း၊ ကိုယ်လုံးတီးမိန်းမ၊ ဇာတ်ကွက်သရုပ်ဖော်၊ ဘာပုံတွေပဲဖြစ်ဖြစ် ပန်းချီကားဆိုတာ အဓိက,ကတော့ မျက်နှာပြင်ပြားပြားပေါ်မှာ အရောင်တွေကို စနစ်တကျစုစည်းထားတာပဲဖြစ်တယ် ဆိုတာ မမေ့ပါနဲ့” [<ref>http://uk.encarta.msn.com/encyclopedia_761563353/abstract_art.html]</ref> ဟုဆိုသည်။ ဤသို့ဖြင့် ကျူဗစ်ဆင်စသည့် ပန်းချီနိဿယများ ဖွံ့ဖြိုးလာခဲ့ပြီး ရှေးယခင်က အဓိကဖြစ်ခဲ့သည့် ပြင်ပကမ္ဘာနှင့် သဘာဝကို လိုက်လံ ထင်ဟပ်နေရသည်ဆိုခြင်းထက် ပန်းချီသည် ပန်းချီပဲဆိုသည့် အယူအဆဘက်သို့ ရွေ့လျောလာပါသည်။ မကြာသေးမီက ပန်းချီနှင့် ပတ်သက်သော အတွေးအခေါ်များကို ရေးခဲ့သူမှာ ပန်းချီဆရာ၊ စာရေးဆရာ [[ဂျူလီယန် ဘဲလ်]] (Julian Bell) ဖြစ်သည်။ “ပန်းချီဆိုတာ ဘာလဲ” (What is Painting?) ဆိုသည့် သူ၏ စာအုပ်ထဲတွင် ဘဲလ်က သမိုင်းတလျောက် ဖြစ်ပေါ်တိုးတက်မှုတွင် ပန်းချီသည် ခံစားချက်နှင့် ဒဿနကိုဖော်ပြသည်ဟု ခံယူထားပါသည်။ “In Mirror of the World” တွင် ဘဲလ်က “A work of art seeks to hold your attention and keep it fixed: a history of art urges it onwards, bulldozing a highway through the homes of the imagination.” ဟု ရေးခဲ့သည်။ “ပန်းချီလက်ရာဟာ အာရုံကိုဖမ်းစားဖို့နဲ့ နစ်မျောနေစေဖို့ပါ။ ပန်းချီသမိုင်းက ဒီလိုဆက်သွားဖို့ ညွှန်းနေပါတယ်။ မှန်းဆမြင်ယောင်ခြင်းဆိုတဲ့ နေရာအိမ်တွေအထိ အဝေးပြေးလမ်းမကြီး ဖောက်သွားဖို့ပါပဲ”ဟု။
 
=== ပန်းချီကြားခံသုံးပစ္စည်းများ ===
- *[[အခရစ်လစ်]](Acrylic) ခေါ် ဆီ၊ ရေ နှစ်မျိုးသုံးဆေး
 
- *ဖယောင်း (Encaustic - wax)
 
- *မှင် (Ink)
 
- *[[ဆီဆေး]] (Oil)
 
- *ရေနှင့် ရောသုံးနိုင်သော ဆီဆေး (Water miscible oil paints)
 
- *ဖယောင်ခြောက် (Dry Pastel)
 
- *ဖယောင်းစို (Oil Pastel)
 
- *မှုတ်ဆေး (Spray)
 
- *[[ရေဆေး]] (Water Color)
 
== မြန်မာပြည်တွင် ခေတ်စားသော ပန်းချီရေးနည်း နိဿယများ ==