ဦးခန္တီ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၃ -
| ကွန်ယက် =
}}
[[File:U KhanNd.jpg|thumb|ရသေ့ကြီး ဦးခန္တီ]]
==ရသေ့ကြီး ဦးခန္တီ (မြန်မာ ၁၂၂၉-၁၃၁၂)==
ဗုဒ္ဓဘာသာ သာသနာရေးနှင့် ဘာသာရေး ဆိုင်ရာ အဆောက်အအုံ များကို မြန်မာပြည် အနှံ့ အများအပြား ပြုပြင် မွမ်းမံ တည်ဆောက် ခဲ့သော ရသေ့ကြီး ဦးခန္တီကား မြန်မာ သက္ကရာဇ် ၁၂၂၉ ခု၊ ဝါခေါင် လပြည့်ကျော် ၅ ရက်၊ တနင်္လာနေ့တွင် ရမည်းသင်း အနောက်တောင် ရွာသာရွာဂုံး၌ ဖွားမြင်၏။ အဘကား ဦးရွှေလှ၊ အမိကား ဒေါ်ခိုဥတို့ ဖြစ်၏။ (အချို့ကား အမိ၏ အမည်ကို ဒေါ်ကန်ဟု အမှတ်အသား ပြု၏။) ဦးခန္တီ၏ ငယ်နာမည်မှာ မောင်ဖိုးမောင် ဖြစ်သည်။ မောင်ဖိုးမောင်ကို ပဋိသနေ္ဓစွဲငြိစဉ်ကာလမှာပင် မယ် တော်ကြီး ဒေါ်ခိုဥတွင် ထူးခြားသော နိမိတ်အိပ်မက်ထူးများ၊ မကြာခဏ မက်ခဲ့သည်ဆို၏။ မွေးဖွားစဉ်ကာလမှာလည်း ဆရာများမှ ဇာတာကိုတွက်စစ်ကာ 'ဘုန်းတော်ကြီးသော်လည်း ကောင်း၊ မင်းသော်လည်းကောင်း'ဖြစ်မည်ဟု အတပ်ဟောခဲ့ကြ သည်ဆို၏။