တရုတ်နှစ်သစ်ကူး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Seattle - Chinese New Year 2011 - 71.jpg|thumb|250px|]]
'''တရုတ်နှစ်သစ်ကူး'''သည် တရုတ်လူမျိုးများအဖို့ တစ်နှစ်အတွင်း အရေးပါသည့် ရိုးရာပွဲတော်တစ်ရပ်ဖြစ်သည်။ တရုတ်ပြက္ခဒိန်မှာ နွေဦးရာသီဖြင့် စတင်သောကြောင့် နှစ်ကူးပွဲ၏ တရုတ်ဘာသာမှာ 春節 (ချွန်းဂျယ်) ဖြစ်ပြီး တိုက်ရိုက် ဘာသာပြန်လျင် ‘နွေဦးရာသီပွဲတော်’ ဟု ခေါ်သည်။ နှစ်ကူးပွဲတော်မှာ တရုတ်ပြက္ခဒိန် နှစ်ဆန်း ၁ ရက်နေ့မှ စတင်ပြီး ၁၅ ရက်နေ့ [[တရုတ်မီးပုံးပွဲတော်|မီးပုံးပွဲတော်]]ဖြင့် အဆုံးသတ်သည်။ ထို့ကြောင့် နှစ်ကူးပွဲသည် တရုတ်ရိုးရာ ပွဲတော်များတွင် ကာလအရှည်ကြာဆုံးပွဲတော် ဖြစ်သည်။
 
တရုတ်နှစ်ကူးပွဲကို [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ|တရုတ်]]၊ [[ထိုင်ဝမ်]]၊ [[ဟောင်ကောင်]]၊ [[မကာအို]]နှင့် အခြားနိုင်ငံများရှိ တရုတ်အသိုင်းအဝိုင်းတွင် ကျင်းပဆင်နွဲလေ့ရှိသည်။ နှစ်ဆန်း ၁ ရက်နေ့မတိုင်မီ တစ်နှစ်အတွင်း မကောင်းသည့်အရာများ အညစ်အကြေးများကို ဆေးကြောရှင်းလင်းကာ အိမ်တံခါး တစ်ဖက်တစ်ချက်နှင့် အပေါ်တွင် လာဘ်လာဘကောင်းစေသော စာများပါသည့် စက္ကူနီများကပ်ကာ တန်ဆာဆင်ကြသည်။ ထိုစက္ကူများကို ‘ချွန်းလျန်’ (春聯) ဟု ခေါ်သည်။