ကလောင်အမည်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
{{Refimprove|date=December 2007}}
 
ကလောင်အမည်ဆိုသည်မှာ လူတစ်ယောက်အား ခေါ်တွင် စေလိုသည့် အမည်တစ်ခုဖြစ်သည်။ ကလောင်အမည်များကို စာပေရေးသားသည့် လုပ်ငန်းများတွင် အများဆုံး အသုံးပြုလေ့ရှိသည်။ စာရေးဆရာတစ်ယောက်တွင် ကလောင်အမည်တစ်ခုနှင့် အထက်ရှိတတ်ကြသည်။ ကလောင်အမည်ကို မိမိစိတ်ကြိုက်သော်လည်းကောင်း၊ မိဘနှင့် ဆွေမျိုးသားချင်းများမှ ငယ်ဘဝတွင် မှည့်ခေါ်ခဲ့သော နာမည်ကို လည်းကောင်း ပေးတတ်ကြသည်ကို တွေ့ရသည်။
ထို့အပြင် ကလောင်အမည်၏ နောက်ပိုင်းနှင့် ရှေ့ပိုင်းတို့တွင် အမည် နောက်ဆက်၊ ရှေ့ဆက် အနေဖြင့် နာမဝိသေသနများကို အသုံးပြု၍လည်း ကလောင်အမည် ပေးလေ့ရှိကြောင်း တွေ့ရသည်။ နမူနာအားဖြင့် တက္ကသိုလ်ဘုန်းနိုင်ကို ကြည့်နိုင်သည်။ တက္ကသိုလ် ဘုန်းနိုင် ဆိုသည့် ကလောင်အမည်တွင် တက္ကသိုလ် အား အမည်၏ ရှေ့ဆက်ဟု ဆိုနိုင်သည်။ မိုးမိုး(အင်းလျား)ဆိုသည့် ကလောင်အမည်တွင်လည်း အင်းလျား သည် အမည်၏ နောက်ဆက်ဖြစ်သည်။ အင်းလျားဆိုသည့် စကားစုကို လက်သည်းကွင်းအတွင်းထည့်ထားသော်လည်း ခေါ်ဆိုသူတို့သည် မိုးမိုး အင်လျား ဟုသာ ခေါ်ဆိုကြကြောင်းတွေ့ရသည်။