ဝီလျံ ဟောင်းဝဒ် တာ့ဖ်: တည်းဖြတ်မှု မူကွဲများ

"{| border="0" cellpadding="2" style="margi..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
စာကြောင်း ၅၆ -
သမ္မတဖြစ်လျှင် ရုစဗဲ့လမ်းစဉ်အတိုင်း အထက်လွှတ်တော်အမတ်များကို တိုက်ရိုက် ရွေးကောက်တင်မြှောက်နိုင်စေခြင်း၊ အလုပ်သမားဝန်ကြီးဌာန တည်ထောင်ခြင်းနှင့် ဝင်ငွေခွန်ဆိုင်ရာပြုပြင်ရေးများကို လုပ်ဆောင်နိုင်ခဲ့သော်လည်း သွင်းကုန်ခွန်မူဝါဒနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများတွင်မူ ရုစဗဲ့၏ အမြင်များနှင့်ခြားနားခဲ့သဖြင့် ၁၉၁၂ခုနှစ်ရွေးကောက်ပွဲတွင် ပါတီတွင်းမှ ရုစဗဲ့ဦးဆောင်မှုဖြင့် ဆန့်ကျင်မှုများခံခဲ့ရသည်။ တာ့ဖ်၏ ရီပါပလီကန်ပါတီနှင့် ရုစဗဲ့၏ ပရိုဂရက်ဆစ်ပါတီတို့အားပြိုင်မှုများကြောင့် မဲကွဲပြီး ဒီမိုကရက်တစ်ပါတီမှ [[ဝုဒ်ရိုး ဝီလ်ဆင်]]အနိုင်ရသွားခဲ့သည်။
 
ထိုစဉ်ကဖွဲ့စည်းခဲ့သည့် နိုင်ငံပေါင်းချုပ်အသင်းကြီးအား သံသယစိုးရိမ်စိတ်များဖြင့် ထောက်ခံခဲ့သည်။

==တရားသူကြီးချုပ်သက်တမ်းနှင့် ဘဝနိဂုံး==
သမ္မတရာထူးမှထွက်လျှင် ယေးတက်ကသိုလ်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ ပါမောက္ခအဖြစ် ၁၉၁၃-၁၉၂၁အတွင်း တာဝန်ယူခဲ့သည်။ ၁၉၂၁ခုနှစ်မှ ၁၉၃၀ခုနှစ်အတွင်း [[အမေရိကန်ပြည်ထောင်စု တရားသူကြီးချုပ်]]အဖြစ် တာဝန်ယူခဲ့သေးသဖြင့် လူတစ်ဦးထဲအနေဖြင့် အမေရိကန်သမ္မတအဖြစ်လည်းကောင်း၊ တရားသူကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည့် တစ်ဦးတည်းသော သမိုင်းဝင် ထူးခြားသူ အနေဖြင့် မှတ်တမ်းဝင်ခဲ့လေသည်။ မတ်လ၊ ၈ရက်၊ ၁၉၃၀ခုနှစ်တွင် ဝါရှင်တန် ဒီစီမြို့တော်၌ တာ့ဖ်ကွယ်လွန်ခဲ့သည်။