ကော်ဖီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့က ဖယ်ရှားနေသည် - ksh:Kaffe (deleted)
စာကြောင်း ၃၀ -
 
[[File:Coffee_2.jpg|thumb|လှော်ထားသော ကော်ဖီစေ့]]
အေဒီ (၁၃)ရာစူတွင် အီသီယိုးပီးယားနိုင်ငဲမှဆိတ်ကျောင်းသားကယ်(လ်)ဒီမှစတင်တွေရှိခဲ့ ပါသာ်။ဆိတ်ကျောင်းရင်း ဆိတ်များအသိးတစ်မျိုးကိုစားမိပြီးမြူးထူးခုံပေါက်နေသည်ကို သတိထားမိပြီး မိမိကိုယ်တိုင်မြည်းစမ်းကြည့်ရာမှကော်ဖီကိုစတင်သတိပြုသောက်သုံးခဲ့ ပါသည်။
(၁၇) ရာစုသို့ ရောက်သောအခါ ဥရောပသို့ ကော်ဖီသောက်ခြင်း ဓလေ့ ကူးစက်လာ၍ ကော်ဖီဆိုင်များ အနှံ့အပြား ပေါ်ပေါက်လာ၏။ အင်္ဂလန်ပြည်တွင် ကော်ဖီဆိုင်များကို ၁၆၅၂ ခုနှစ်မှ စ၍ တည်ထောင်ခဲ့ကြောင်း သိရသည်။ ထိုခေတ်လောက်တွင် ကော်ဖီဆိုင်များ မည်မျှ ခေတ်စားသနည်း ဟူမူ ကော်ဖီ ဆိုင်များသည် ကဗျာဆရာ၊ စာရေးဆရာနှင့် နိုင်ငံရေးသမားတို့ မကြာခဏ တွေ့ဆုံရာဌာနများ ဖြစ်လာကြရုံမျှမက နိုင်ငံခြားမှ နောက်ဆုံးသတင်းထူးများကိုလည်း ထိုကော်ဖီဆိုင်များမှပင် ကြားကြရလေသည်။ ထိုကြောင့် ပြည်ပိုင် ဘုရင်များပင် ထိုခေတ်ကော်ဖီဆိုင်များ၏ အပြုအမူကို မျက်ခြည် မပြတ် ထောက်လှမ်းစုံစမ်းခဲ့ ကြရလေသည်။ (၁၇) ရာစု အကုန်တိုင်အောင် ဥရောပတိုက်ရှိ လူများသည် အနံ့အရသာနှင့် ပြည့်စုံသော မိုးကားခေါ် အာရေဗျကော်ဖီကိုသာ သောက်သုံးခဲ့ကြသည်။ မိုးကားဟု တွင်ရ ခြင်းမှာ မိုးကားမြို့မှ လာသောကြောင့် ဖြစ်၏။ ထိုနောက်
ကာဖီကို ဂျားဗားကျွန်းနှင့် သီဟိုဠ်ကျွန်းများတွင် စတင်စိုက်ပျိုး လာကြ၍ ထိုမှတစ်ဆင့် အပူပိုင်းဒေသများသို့လည်း တစ်စ တစ်စ ပြန့်ပွားသွားလေသည်။ ယခုအခါ ကမ္ဘာတွင် ကော်ဖီ အများဆုံး စိုက်ပျိုးလျက်ရှိသည့် ဒေသကား တောင်အမေရိက တိုက်ရှိ [[ဘရာဇီးနိုင်ငံ]] ဖြစ်၏။
 
== ကော်ဖီပင် ပေါက်ရောက်ရာ ဒေသများ ==