ဂဲရက် ဖို့ဒ်: တည်းဖြတ်မှု မူကွဲများ

၁၇ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (r2.7.1) (ရိုဘော့က ဖယ်ရှားနေသည် - als:Gerald Ford)
No edit summary
 
=ဂဲရက် ရုဒေါ့ဖ် ဖို့ဒ်(၁၉၁၃-၂၀၁၁)=
အမေရိကန်သမိုင်းတွင် ထူးခြားစွာဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရခြင်းမရှိဘဲ ဒုတိယသမ္မတရာထူး၊ ထိုမှ သမ္မတရာထူးရရှိခဲ့သူမှာ ဖို့ဒ်တစ်ဦးသာရှိသည်။ ၃၈ဦးမြောက်သမ္မတ ဖို့ဒ်အား နီဘရာစကားပြည်နယ်၊နီဘရားစကားပြည်နယ်၊ အိုဟားမားမြို့တွင် ၁၄၊ ဇူလိုင်၊ ၁၉၁၃ခုနှစ်က ဖွားမြင်သည်။ မိဘများမှာ လစ္စလီနှင့် ဒေါ်ရသီ ဂတ်နာကင်း တို့ဖြစ်ကြသည်။ အသက်၂နှစ်အရွယ်တွင် မိဘများအိမ်ထောင်ပြိုကွဲသဖြင့် မိခင်ဖြစ်သူနှင့် လိုက်ပါနေထိုင်ရင်းမှ မိခင်၏နောင်အိမ်ထောင်ဖြစ်သူ ဂဲရက် ရုဒေါ့ဖ်ဖို့ဒ်နှင့် ကြီးပြင်းခဲ့သည်။ ပထွေးဖြစ်သူမှာ ဖို့ဒ်အား သားအရင်းကဲ့သို့ချစ်ခင်စောင့်ရှောက်သလို အမည်နာမအား ၄င်းအမည်ဖြင့်ဆက်ခံစေသည်။ မီရှီဂန်ပြည်နယ်၊[[မီရှီဂန်ပြည်နယ်]]၊ ဂရင်းရပ်ပစ်မြို့တွင် အခြေချနေထိုင်ခဲ့သည်။ ၁၉၃၅ တွင် မီရှီဂန်တက္ကသိုလ်၊ ၁၉၄၁တွင် ယေးလ်တက္ကသိုလ်တို့မှ ဥပဒေဘွဲ့ရရှိခဲ့ပြီး ဂရင်းရပ်ပစ်တွင်ပင် ရှေ့နေအဖြစ် အသက်မွေးခဲ့သည်။
 
==စစ်မှုထမ်းနှင့် နိုင်ငံရေး==
၁၉၄၂ခုနှစ်တွင် အမေရိကန်ရေတပ်သို့ဝင်ရောက်အမှုထမ်းကာ ပိစိဖိတ်သမုဒ္ဒရာတွင်[[ပစိဖိတ်သမုဒ္ဒရာ]]တွင် တာဝန်ထမ်းခဲ့သည်။ ၁၉၄၆တွင် တပ်မှထွက်ခဲ့ပြီး ရီပါပလီကန်ပါတီဝင်အဖြစ် နိုင်ငံရေးလောကသို့ရောက်ခဲ့သည်။ ၁၉၄၉ခုနှစ်မှစကာ အောက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရပြီးနောက် ထိုရာထူးတွင် ၂၅နှစ်တိုင် ဆက်လက်ရွေးချယ်ခံရသည်။ ထိုနှစ်များအနက်မှ ၈နှစ်မှာ အောက်လွှတ်တော် ရီပါပလီကန်အမတ်များ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။
 
==သမ္မတအဖြစ်သို့==
၁၉၇၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၂ရက်တွင် ဒုတိယသမ္မတစပီရိုးအနျူးဒုတိယသမ္မတစပီရိုး အနျူး ရာထူးမှနုတ်ထွက်ရပြီးနောက်တွင် သမ္မတနစ်ကဆင်က ဖို့ဒ်အား ဒုသမ္မတရာထူးအတွက် ခေါ်ယူခန့်အပ်ခဲ့သည်။ ထိုသို့ခန့်အပ်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် အမှတ်၂၅ကို စတင်ကျင့်သုံခြင်းလည်းဖြစ်သည်။ ၁၉၇၄ခုနှစ်၊ သြဂုတ်လ၊ ၉ရက်တွင် သမ္မတနစ်ကဆင် [[ဝါးတားဂိတ် အရှုပ်တော်ပုံကြောင့်အရှုပ်တော်ပုံ]]ကြောင့် ရာထူးမှ နုတ်ထွက်ရပြီးနောက် ဖို့ဒ်သည် သမ္မတရာထူးကို ဆက်ခံရသည်။
 
သမ္မတရာထူးရလျှင် အစိုးရအနေဖြင့် ကျဆင်းခဲ့ရသော ဂုဏ်သိက္ခာအတွက် ပြန်လည်အဖတ်ဆယ်နိုင်ရန် ကြိုးစားခဲ့ရာ ထောက်ခံမှုများရသလို တဖက်မှလည်း နစ်ကဆင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သောကြောင့် ဝေဖန်မှုများကို ခံရသည်။ သမ္မတသက်တမ်း၏ ပထမ၂၁လအတွင်း ဥပဒေကြမ်း ၄၈ခုကို အတည်မပြုဘဲ ငွေကြေးဖောင်းပွမှုကို ကာကွယ်ရန်အတွက် ဗီတိုအာဏာဖြင့် ပယ်ချပစ်ခဲ့သည်။ အလုပ်လက်မဲ့နှုန်းကို လျော့ချရာ မဆိုစလောက်သာအောင်မြင်သော်လည်း နိုင်ငံခြားရေးတွင် သမ္မတနစ်ကဆင်လက်ထက် ရရှိထားသော အခြေခံများ မပျက်စေဘဲဆက်လက် ဆောင်ရွက်နိုင်ခဲ့သည်။
၁၉၇၆ရွေးကောက်ပွဲတွင်မူ ပြိုင်ဖက် [[ဂျင်မီ ကာတာအားကာတာ]]အား မဲနည်းငယ်ဖြင့် ကပ်၍ရှံးနှိမ့်ခဲ့ရသည်။ ၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၆ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ရန်ချို မီလားဂျ်ရှိ နေအိမ်တွင် ကွယ်လွန်သည်။
 
{{အမေရိကန် သမ္မတများ}}
၁၁၈၇

တည်းဖြတ်မှုများ