ဂဲရက် ဖို့ဒ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာကြောင်း ၄၅ -
=ဂဲရက် ရုဒေါ့ဖ် ဖို့ဒ်(၁၉၁၃-၂၀၁၁)=
အမေရိကန်သမိုင်းတွင် ထူးခြားစွာဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရခြင်းမရှိဘဲ ဒုတိယသမ္မတရာထူး၊ ထိုမှ သမ္မတရာထူးရရှိခဲ့သူမှာ ဖို့ဒ်တစ်ဦးသာရှိသည်။ ၃၈ဦးမြောက်သမ္မတ ဖို့ဒ်အား နီဘရားစကားပြည်နယ်၊ အိုဟားမားမြို့တွင် ၁၄၊ ဇူလိုင်၊ ၁၉၁၃ခုနှစ်က ဖွားမြင်သည်။ မိဘများမှာ လစ္စလီနှင့် ဒေါ်ရသီ ဂတ်နာကင်း တို့ဖြစ်ကြသည်။ အသက်၂နှစ်အရွယ်တွင် မိဘများအိမ်ထောင်ပြိုကွဲသဖြင့် မိခင်ဖြစ်သူနှင့် လိုက်ပါနေထိုင်ရင်းမှ မိခင်၏နောင်အိမ်ထောင်ဖြစ်သူ ဂဲရက် ရုဒေါ့ဖ်ဖို့ဒ်နှင့် ကြီးပြင်းခဲ့သည်။ ပထွေးဖြစ်သူမှာ ဖို့ဒ်အား သားအရင်းကဲ့သို့ချစ်ခင်စောင့်ရှောက်သလို အမည်နာမအား ၄င်းအမည်ဖြင့်ဆက်ခံစေသည်။
==စစ်မှုထမ်းနှင့် နိုင်ငံရေး==
စာကြောင်း ၅၁ -
==သမ္မတအဖြစ်သို့==
၁၉၇၃ခုနှစ်၊ အောက်တိုဘာလ၊ ၁၂ရက်တွင် ဒုတိယသမ္မတစပီရိုး
သမ္မတရာထူးရလျှင် အစိုးရအနေဖြင့် ကျဆင်းခဲ့ရသော ဂုဏ်သိက္ခာအတွက် ပြန်လည်အဖတ်ဆယ်နိုင်ရန် ကြိုးစားခဲ့ရာ ထောက်ခံမှုများရသလို တဖက်မှလည်း နစ်ကဆင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သောကြောင့် ဝေဖန်မှုများကို ခံရသည်။ သမ္မတသက်တမ်း၏ ပထမ၂၁လအတွင်း ဥပဒေကြမ်း ၄၈ခုကို အတည်မပြုဘဲ ငွေကြေးဖောင်းပွမှုကို ကာကွယ်ရန်အတွက် ဗီတိုအာဏာဖြင့် ပယ်ချပစ်ခဲ့သည်။ အလုပ်လက်မဲ့နှုန်းကို လျော့ချရာ မဆိုစလောက်သာအောင်မြင်သော်လည်း နိုင်ငံခြားရေးတွင် သမ္မတနစ်ကဆင်လက်ထက် ရရှိထားသော အခြေခံများ မပျက်စေဘဲဆက်လက် ဆောင်ရွက်နိုင်ခဲ့သည်။
|