ပျဉ်းမနားမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၉ -
ပျဉ်းမနားမြို့၏တောင်ဖျား၌ [[ပဉ္စမသင်္ဂါယနာ]]တင် [[မင်းတုန်းမင်း]]တရားကြီး တည်ထားတော်မူခဲ့သော [[လောကမာရဇိန်ဘုရား]]ကြီး(မြန်မာသက္ကရာဇ် ၁၂၃၄) ရှိသည်။ ယင်းဘုရားကြီးအနီးတွင် လက်ဝဲဝင်းတော်မှူး၊ မြင်စုကြီးဝန် နှင့် မြို့နယ်လူထုတို့က မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်၌ [[လောကရန်နှိမ်ဘုရား]]ကြီးကို တည်ကြလေသည်။ ယင်းဘုရားကြီး၏ ခြေတော်ရင်းတွင် ၁၂၉၆ ခုနှစ်က ဆောက်လုပ်ခဲ့သော ကိုးခန်းဇရပ်ကြီး တစ်ဆောင်ရှိသည်။
 
ရှေးက ရှမ်းလူမျိုးများ နေထိုင်ခဲ့ဖူး၍ ယခု ရှမ်းကျောက်တောင် ဟုခေါ်သော တောငိကိုတောင်ကို အမှီပြုပြီးလျှင် ချိုင့်ဝှမ်းနေရာတွင် ကန်တစ်ခု ရှိရာ ရှမ်းကန် ဟုခေါ်သည်။ မြို့၏ ကျက်သရေဆောင် တစ်ခု ဖြစ်သည်။ ပျဉ်းမနားမြို့၏ ထူးခြားချက်တစ်ခုမှာ မြို့၏ အရှေ့ဘက်ပိုင်း၌ [[ရေငန်]]သာရသည်။ သောက်ရန်[[ရေချို]]ကို မြို့၏ အနောက်ဘက်ပိုင်း ကျောက်တောင်အရပ်မှ ရသည်။
 
ပျဉ်းမနားမြို့တွင် နိုင်ငံတော် အထက်တန်းကျောင်း နှစ်ကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်း၊ မူလတန်းကျောင်း ခုနစ်ကျောင်း ရှိသည်။ [[ဒုတိယကမ္ဘာစစ်]]ကြီး မတိုင်မီက [[အမေရိကန်]]သာသနာပြုဆရာကြီး ဗီ၊ စီ၊ ကေ့ အုပ်ချုပ်သော စိုက်ပျိုးရေးကျောင်းကြီးကို ၁၉၅၄ ခုနှစ်တွင် နိုင်င့တော် အစိုးရက [[စိုက်ပျိုးရေးသိပ္ပံ]]အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ပျဉ်းမနားမြို့၏အနောက်ဘက် နှစ်မိုင်အကွာရှိ သပြေလှ ရွာအနီးတွင် အစိုးရ [[ဗဟိုစိုက်ပျိုးရေးဥယျာဉ်]] ရှိလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)၊ စာမျက်နှာ (၉၉)</ref>