ဆင်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
No edit summary |
||
စာကြောင်း ၁ -
{{
=='''
=='''ဆင်နှင့် မြန်မာ့သမိုင်း'''==
ဆင်သည် မြန်မာ့သမိုင်းတွင် အရေးပါသော သတ္တဝါ ဖြစ်သည်။ ရှေးခေတ်က မြန်မာဘုရင်များ စစ်မက်ဖက်ပြိုင်ရာတွင် ဆင်ကို စစ်အင်အားတစ်ခုအနေဖြင့် အသုံးပြုကြသည်။ ထိုမျှသာမက မြန်မာဘုရင်များသည် မိမိတို့ ပိုင်ဆိုင်သော ဆင်ဖြုအရေအတွက်ကို ဂုဏ်ယူဖွယ်တစ်ရပ်အနေဖြင့် ဘွဲ့အမည်တွင် ထည့်သွင်းမှည့်ခေါ်ကြသည်။ ဘုရင့်ကျော်ထင်နော်ရထာ၊ [[မြေဒူးမင်း]] စသူတို့သည် ဆင်ဖြူရှင် ဘွဲ့အမည်နှင့် ထင်ရှားကျော်ကြားသည်။
=='''ဆင်နှင့်သစ်ထုတ်လုပ်ငန်း'''==
ဆင်သည် မြန်မာ့သစ်ထုတ်လုပ်ရေးတွင် အရေးပါသော သတ္တဝါတစ်ကောင် ဖြစ်သည်။ စက်ယန္တရားများ မဝင်ရောက်နိုင်သော ဒေသများတွင် ဆင်ကို အသုံးပြု၍ သယ်ယူပို့ဆောင်မှု ပြုကြသည်။ ယနေ့ထက်တိုင် ဆင်များကို သစ်လုပ်ငန်းများတွင် အသုံးပြုဆဲ ဖြစ်သည်။
=='''ဆင်အမျိုးအစားများ'''==
အစွယ်အမျိုးအစားပေါ် မူတည်၍ ဆင်ကို သုံးမျိုးသုံးစား ခွဲခြားနိုင်သည်။ အစွယ်နှစ်ဖက်ပါရှိသော ဆင်ကို စွယ်စုံဆင်ဟု ခေါ်သည်။ အစွယ်တစ်ဖက်သာပါရှိသောဆင်ကို တေဆင်ဟုခေါ်ပြီး အစွယ်လုံးဝ မပါရှိသောဆင်ကို ဟိုင်းဆင်ဟု ခေါ်ဝေါ်ကြသည်။
|