တစ်စီးရှင် သီဟသူ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
[[ပုဂံ]]ကို မွန်ဂိုတို့တိုက်ခိုက်ဖျက်စီးကာ အပြန်တွင် ကျော်စွာအား ပုဂံမင်းအဖြစ်နန်းတင်ခဲ့ကြသည်။ သို့သော် အမှန်တကယ်အင်အားကြီးနေခဲ့ကြသူများမှာ ကျောက်ဆည် နှင့် လယ်တွင်းနယ်များကို အုပ်စီးမိနေသည့် အသင်္ခယာ၊[[အသင်္ခယာ]]၊ [[ရာဇသင်္ကြန်]] နှင့် သီဟသူ တို့ [[ရှမ်းညီနောင်သုံးဦး]]ဖြစ်သည်။ ပုဂံမင်းကျော်စွာအား နန်းချကာ မိမိတို့ ဩဇာခံဖြစ်သည့် စောနစ်ကို နန်းတင်သည်။ ထိုနောက် မက္ခရာ ၊ မြင်စိုင်း နှင့် ပင်လယ်တို့တွင် အသီးသီး မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ အဆုံးတွင် အငယ်ဆုံးဖြစ်သည့် ပင်လယ်မင်း သီဟသူက နောင်တော်များကို လုပ်ကြံကာ ၁၃၁၂၁၃၁၃ ခုနှစ် တွင် ပင်းယနန်းတည်၍ မင်းပြုအုပ်ချုပ်သည်။ ဆင်ဖြူအသေတစ်စီးမျောလာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့ခံသဖြင့် သမိုင်းတွင် [[တစ်စီးရှင်သီဟသူ]] အဖြစ်လည်းကောင်း၊ ပင်းယမြို့တည်သီဟသူ အဖြစ်လည်းကောင်း ကျော်ကြားပေသည်။ ရံဖန်ရံခါ '''သီဟသူရ''' ဟူသောဘွဲ့ဖြင့်လည်း တွေ့ရတတ်ပါသည်။
 
[[ပင်းယ]]တွင် မြို့မတည်မှီ [[အင်းဝ]]နေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ပင်းယတည်ပြီးနောက် သုံးနှစ်အကြာတွင် သားတော်တစ်ပါးဖြစ်သည့် [[အသင်္ခယာ စောယွန်း]]ကို [[စစ်ကိုင်းမြို့]]တည်ပေးပြီး မင်းအဖြစ်အုပ်ချုပ်စေသည်။ သီဟသူလွန်လျှင် သားဖြစ်သူ [[ဥဇနာ (ပင်းယ)|ဥဇနာ]]က ပင်းယနန်းကို ဆက်ခံသည်။